@dr.phyo6: 1 ရာသီထိန်သွားတာ ရာသီလာရမယ့်ရက်မှာလည်းမလာ၊ တစ်ပတ်ကျော်လည်းမလာ ဖြစ်နေရင်တော့ ဆီးစစ်တံနဲ့ ကိုယ်ဝန်ရှိမရှိ စစ်ကြည့်သင့်ပါပြီ။ 2 ရင်သားမှာပြောင်းလဲလာတာ ရင်သားတွေက ပုံမှန်ထက်ကြီးလာပြီး နာလာတာမျိုးရှိလာရင်၊ နို့သီးခေါင်းမှာ နဂိုထက် သိသိသာသာအရောင်ရင့်လာတာမျိုးရှိလာရင် ကိုယ်ဝန်စရှိပြီလားဆိုတာ သတိထားသင့်ပါတယ်။ 3 နုံးပြီး အားမရှိဖြစ်နေတာ ကိုယ်ဝန်အစောပိုင်းတွေမှာ ဟော်မုန်းအပြောင်းအလဲတွေ၊ သွေးအားနည်းတာတွေကြောင့် နုံးပြီး အားမရှိသလိုဖြစ်တတ်ကြပါတယ်။ ကိုယ်ဝန်အစောပိုင်း ၁၂ ပတ်အတွင်းမှာ အဖြစ်များတတ်ပါတယ်။ ဒါကြောင့် ဖောလစ်အက်ဆစ်၊ သံဓာတ်အားဖြည့်ဆေးတွေ မှန်မှန်သောက်ပေးနော် 4 ဖျားတာ၊ ပျို့အန်တာ ကိုယ်ဝန်အစောပိုင်း ၄ ပတ်ကနေ ၆ ပတ်ကြားမှာ ဖျားတာ၊ ပျို့အန်တာမျိုးတွေရှိတတ်ကြပါတယ်။ ပျို့အန်တာက တောက်လျှောက် ခဏခဏဖြစ်နေရင်တော့ ဆရာ၀န်နဲ့သေချာပြသသင့်ပါတယ်။ 5 ဆီး၊ဝမ်းအပြောင်းအလဲရှိလာတာ အရင်ကထက် ဆီးသွားတာပိုများလာတာ၊ ဝမ်းချုပ်လာတာ စတာတွေဟာ ကိုယ်ဝန်ရှိလာရင် ဖြစ်တတ်တဲ့အပြောင်းအလဲတွေထဲမှာ ပါတတ်ပါတယ်။ 6 အဖြူဆင်းများလာတာ မိန်းမကိုယ်ကနေ အဖြူဆင်းတာများလာတဲ့အခါ ရောဂါကြောင့်ဆင်းတာများလားထင်တတ်ကြပါတယ်။ ဒါမျိုးက ကိုယ်ဝန်ရှိရင်လည်း ဆင်းတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ရှိလို့အဖြူဆင်းတာကတော့ ယားတာ၊ နံတာမရှိတတ်ပါဘူး။ 7 ချဉ်ခြင်းတက်လာတာ ကိုယ်၀န်ရှိလာတဲ့အခါ အရင်က ကိုယ်ကြိုက်ခဲ့တဲ့အစားအစာတွေကို သိပ်မစားချင်တော့ပဲ ထူးထူးဆန်းဆန်းအစားအစာတွေကို စားချင်တဲ့ ချဉ်ခြင်းတက်လာတာမျိုးတွေရှိတတ်ပါတယ်။ #ကျန်းမာရေးဗဟုသုတ #တွေးပြီးမှတင်ပါ #အမျိုးသမီးကျန်းမာရေး #ကိုယ်ဝန်စရှိခြင်း
ဒေါက်တာဖြိုး🩺ကို်ဝန်ဖြေရှင်ရာ
Region: MM
Tuesday 03 November 2026 14:22:51 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @dr.phyo6, please go to the Tikwm
homepage.