@lestone80: #localai

Stone
Stone
Open In TikTok:
Region: FR
Tuesday 03 November 2026 15:11:42 GMT
524
14
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @lestone80, please go to the Tikwm homepage.

Other Videos

#တန်ဖိုးထားသင့်သူကို တန်ဖိုးထားဖို့ မမေ့ပါနဲ့ တခါတလေမှာ ကျွန်တော်တို့ဟာ  ကိုယ့်မျက်စိရှေ့မှာတင် အမြဲရှိနေပေးတဲ့ ကိုယ့်အပေါ် အမြဲနားလည် ခွင့်လွှတ်ပေးတဲ့သူတွေကို
#တန်ဖိုးထားသင့်သူကို တန်ဖိုးထားဖို့ မမေ့ပါနဲ့ တခါတလေမှာ ကျွန်တော်တို့ဟာ ကိုယ့်မျက်စိရှေ့မှာတင် အမြဲရှိနေပေးတဲ့ ကိုယ့်အပေါ် အမြဲနားလည် ခွင့်လွှတ်ပေးတဲ့သူတွေကို "ရှိနေကျပဲ" ဆိုပြီး အမှတ်တမဲ့ သဘောထားတတ်ကြတယ်။ ပြီးတော့မှ ထိုသူတွေ အဝေးကို ထွက်ခွာသွားတဲ့အခါ ဒါမှမဟုတ် ဆုံးရှုံးလိုက်ရတဲ့အခါကျမှ တန်ဖိုးကို သိပြီး နောင်တရတတ်ကြတာ အချို့သောလူတွေရဲ့ အကျင့်ဆိုးတစ်ခုပေါ့။ ​နေ့စဉ်ဘဝရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကြားမှာ ကျွန်တော်တို့တွေဟာ ကိုယ့်အပေါ် တကယ်စေတနာ ရှိသူတွေကို မျက်ကွယ်ပြုမိနေတတ်ပါတယ်။ သင်အနေနဲ့ တန်ဖိုးထား အသိအမှတ်ပြုဖို့ မမေ့သင့်သူတွေရှိပါတယ်။ သင်က ဘာမှ မဟုတ်သေးတဲ့အချိန် (ဒါမှမဟုတ်) စိတ်ဓာတ်ကျစရာ အခက်အခဲတွေ ကြုံနေရချိန်မှာ သင့်လက်ကို တွဲထားပေးတဲ့သူတွေပါ။ မိဘ၊ မိသားစု (သို့မဟုတ်) ကိုယ့်အပေါ် တကယ်စစ်မှန်တဲ့ လက်တွဲဖော်နဲ့ သူငယ်ချင်းကောင်းတွေဟာ သင့်ဆီက ဘာအကျိုးအမြတ်မှ မလိုချင်ပဲ သင့်ကို ပျော်ရွှင်စေချင်ကြသူတွေ ဖြစ်ပါတယ်။ အချို့သူတွေက မျက်နှာလိုမျက်နှာရ အကောင်းပြောနေချိန်မှာ သင့်ကို စေတနာအမှန်နဲ့ လမ်းမှားမရောက်အောင် သတိပေးဝေဖန်ရဲသူဟာ တကယ့်ကို တန်ဖိုးထားရမယ့်သူပါ။ ​"လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူရှိနေချိန်မှာထက် သူ မရှိတော့တဲ့အချိန်ကျမှ ပိုပြီး သိသာထင်ရှားလာတတ်တယ်။" ​လူတော်တော်များများဟာ အရာရာကို အမြဲထာဝရ ရှိနေမယ်လို့ အပိုင်တွက်တတ်ကြပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ချစ်ချစ် ဘယ်လောက်ပဲ အလိုလိုက်လိုက် အမြဲတမ်း လျစ်လျူရှုခံနေရရင် အဲဒီလူလည်း စိတ်ကုန်ပြီး လှည့်ထွက်သွားတတ်ပါတယ်။ ​အချိန်က နောက်ပြန်မလှည့်ဘူးဆိုတာ အလေးအနက် နားလည်ဖို့ လိုပါမယ်။ "နောက်မှ ကောင်းလိုက်မယ်" "နောက်မှ အချိန်ပေးလိုက်မယ်" ဆိုတဲ့ နောက်မှတွေဟာ တစ်ခါတလေ ဘယ်တော့မှ ရောက်မလာတော့ပဲ နောင်တတွေပဲ ကျန်ခဲ့တတ်ပါတယ်။ ​တန်ဖိုးထားတယ်ဆိုတာ စကားလုံးသက်သက်ထက် လက်တွေ့လုပ်ရပ်က ပိုစကားပြောပါတယ်။ ငွေအမြောက်အမြား ကုန်ကျဖို့ မလိုပါဘူး။ အလုပ်တွေ ဘယ်လောက်ပဲ ရှုပ်နေပါစေ တစ်နေ့ကို မိနစ်အနည်းငယ်လောက်ပဲဖြစ်ဖြစ် ထိုသူအတွက် သီးသန့်အချိန်ပေးပြီး စကားပြောပါ ဖုန်းဆက်ပါ။ "မင်း ရှိနေပေးလို့ ကျေးဇူးတင်ပါတယ်" "အမြဲတမ်း ကူညီပေးလို့ ကျေးဇူးပဲ" ဆိုတဲ့ စကားလေးတစ်ခွန်းက တစ်ဖက်လူရဲ့ မောပန်းမှုတွေကို ကြက်ပျောက်ငှက်ပျောက် ပျောက်စေပါတယ်။ ကိုယ်ပြောချင်တာချည်းပဲ ပြောမယ့်အစား တစ်ဖက်လူ ဘာတွေ ကြုံတွေ့နေရလဲ ဘာတွေ ခံစားနေရလဲဆိုတာကို ကိုယ်ချင်းစာစိတ်နဲ့ နားထောင်ပေးပါ။ သင့်ဘဝထဲကို လူပေါင်းများစွာ ဝင်ထွက်သွားလာနေကြပါလိမ့်မယ်။ အားလုံးကို လိုက်ပြီး အလိုကျအောင် လုပ်ပေးဖို့ မလိုသလို အားလုံးကိုလည်း ဆွဲထားလို့ မရပါဘူး။ ဒါပေမယ့် သင့်အပေါ် တကယ်စေတနာရှိပြီး တန်ဖိုးထားသင့်တဲ့သူကိုတော့ ရှိနေတုန်းမှာ အကောင်းဆုံး တန်ဖိုးထားပါ၊ ဂရုစိုက်ပါ။ ​သူတို့ ထွက်ခွာသွားပြီးမှ တမ်းတနေရတဲ့ နောင်တမျိုးဟာ ဘဝမှာ အခါးသီးဆုံးမို့လို့ တန်ဖိုးထားသင့်သူကို တန်ဖိုးထားဖို့ လိုအပ်တယ်ဆိုတာကို ဒီစာလေးနဲ့ အကြံပြုလိုက်ပါရစေ။ #crdစာသား #copy #ချစ်တဲ့စိတ်လေးနဲ့ကြည့်ပေးပါနော်😘

About