@redredredredbullbull: .အကူညီတောင်းခံလာလို့ပါနော်🙏 ခုထိရှာမတွေ့သေးလို့ပါနော်🙏🙏😪 ဘယ်ရှာရမှန်းမသိလို့ပါ🙏 ကျန်းမာရေးမကောင်းဘဲ နေအိမ်မှထွက်သွားရာမှ ပျောက်ဆုံးနေသည့် မခိုင်နွယ်ဦး (ခ) ခက်ခက် အား ကူညီရှာဖွေပေးကြပါ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဇလွန်လမ်းနေ မခိုင်နွယ်ဦး (ခ) ခက်ခက် သည် ပြီးခဲ့သည့် အောက်တိုဘာလ (၃) ရက်နေ့၊ ညနေ (၃) နာရီခန့်က နေအိမ်မှထွက်သွားရာမှ ယခုအချိန်အထိ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးနေသဖြင့် မိသားစုဝင်များက အထူးစိုးရိမ်ပူပန်လျက်ရှိပြီး ကူညီရှာဖွေပေးကြရန် အကူအညီတောင်းခံထားပါသည်။ 📌 ပျောက်ဆုံးသူ၏ အချက်အလက်နှင့် ကျန်းမာရေးအခြေအနေ ▪️ အမည် - မခိုင်နွယ်ဦး (ခ) ခက်ခက် ▪️ အသွင်အပြင် - ဆံပင်တိုကပ် (ဆံပင်ဖြူကြားများ ပါရှိပါသည်) ▪️ ကျန်းမာရေးအခြေအနေ - စိတ်ပိုင်းဆိုင်ရာ ပြဿနာအနည်းငယ်ရှိပြီး ငူငူငိုင်ငိုင်နေတတ်ပါသည်။ ကျန်းမာရေးလည်း သိပ်မကောင်းဘဲ အမောလွယ်၊ မောနေတတ်ပါသည်။ ▪️ နေရပ်လိပ်စာ - အမှတ် (၇၀)၊ ဇလွန်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ 📌 နောက်ဆုံးကြားသိရသည့် သတင်းအစအနများ လှည်းကူးတာဆုံနားနှင့် ငါးထပ်ကြီးဘုရားနားတွင် ထိုင်နေသည်ကို တွေ့ရှိရကြောင်း၊ အောက်တိုဘာလ (၂၁) ရက်နေ့ နေ့လယ်ပိုင်းက လှည်းကူးဆေးရုံရှေ့တွင် ထိုင်နေသည်ကို တွေ့ရှိခဲ့ကြောင်း၊ ရဲစခန်းနောက်ကျောဘက် ရန်ကင်းလမ်းဘက်တွင် တွေ့လိုက်ရကြောင်းနှင့် ငါးထပ်ကြီးဘုရားရှေ့ ကင်းတဲတွင် အိပ်သွားသည်ဟု ကြားသိရသော်လည်း လက်ရှိအချိန်တွင် သတင်းအစအနများ ထပ်မံမရရှိတော့ဘဲ ဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ မခိုင်နွယ်ဦး (ခ) ခက်ခက် အား တစ်နေရာရာတွင် တွေ့ရှိပါကဖြစ်စေ၊ သတင်းအစအန တစ်စုံတစ်ရာ သိရှိပါကဖြစ်စေ အောက်ပါ မိသားစုဝင်များ၏ ဖုန်းနံပါတ်များသို့ ကျေးဇူးပြု၍ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်။ ☎️ ဆက်သွယ်ရန် ဖုန်းနံပါတ်များ ▪️ 09 774 970 854 ▪️ 09 250 225 141 ▪️ 09 430 871 26 (ကျန်းမာရေးမကောင်းသည့် မိသားစုဝင်တစ်ဦးဖြစ်သဖြင့် အမြန်ဆုံး ဘေးကင်းလုံခြုံစွာ ပြန်လည်တွေ့ဆုံနိုင်ရန် ပြည်သူလူထုမှ ကျေးဇူးပြု၍ ဝိုင်းဝန်း ကူညီ မျှဝေပေးကြပါနော်😭🙏 #လူပျောက်ကြော်ငြာ #စမ်းချောင်းမြို့နယ် #လှည်းကူး #ငါးထပ်ကြီးဘုရား #MissingPerson
ထွေထွေထွာထွာ
Region: NL
Tuesday 03 November 2026 15:30:54 GMT
Music
Download
Comments
ဦးမျိုး :
အမြန်ဆုံးပြန်တွေပါစေ
2026-11-03 15:47:58
0
MeeO :
အမြန်ဆုံးပြန်တွေ့ပါစေ
2026-11-03 16:04:01
0
zar5v3 :
အမြန်ပြန်တွေ့ပါစေ🥺
2026-11-03 23:21:23
0
Yoon Ma💦 :
မဂ်လာဈေးက အမလား
2026-11-03 16:06:05
0
MyintMyint :
လှုိင်သာယာတတားဖြူဘက်နားလာရှာပါ
2026-11-03 16:11:01
0
Nu Nu Lwin :
အမြန်ပြန်တွေ့ပါစေ
2026-11-03 16:41:33
0
U Aung :
အမြန်တွေပါစေ
2026-11-03 15:58:11
0
နွယ်ပိုး :
🥰🥰🥰
2026-11-03 16:43:14
0
Lin Tun Lin7 :
👍👍👍
2026-11-03 16:32:44
0
Ko Thu :
😳😳😳
2026-11-03 16:24:45
0
Win Kyi :
😁😁😁
2026-11-03 16:24:02
0
T.G :
😳😳😳
2026-11-03 16:49:13
0
Cherrymee :
😳😳😳
2026-11-03 15:42:04
0
Thandar :
🥰🥰🥰
2026-11-03 16:54:23
0
To see more videos from user @redredredredbullbull, please go to the Tikwm
homepage.