@lmms077: Believe, Trust နဲ့ Faith “ယုံကြည်ခြင်း” ၁. Believe (Verb) အချက်အလက်တစ်ခု၊ စကားတစ်ခွန်း သို့မဟုတ် အဖြစ်အပျက်တစ်ခုကို "အမှန်ဖြစ်တယ်လို့ လက်ခံခြင်း" (သို့) တွေးဆယူဆခြင်းကို ဆိုလိုပါတယ်။ ဦးနှောက်နဲ့ ဆင်ခြင်ပြီး အမှန်အဖြစ် သတ်မှတ်တဲ့ ယုံကြည်မှုဖြစ်ပြီး စိတ်ခံစားချက် သိပ်မပါဝင်ပါဘူး။ Believe someone / something: (တစ်စုံတစ်ယောက်ရဲ့ စကားကို အမှန်လို့ လက်ခံသည်) I believe what you said. (မင်းပြောတာကို ငါယုံတယ်/အမှန်လို့ လက်ခံတယ်) ၂. Trust (Verb / Noun) လူတစ်ဦးတစ်ယောက်ရဲ့ "စိတ်သဘောထား၊ ရိုးသားမှု၊ သစ္စာရှိမှုနဲ့ စိတ်ချရမှု" အပေါ် နှစ်ရှည်လများ တည်ဆောက်ထားတဲ့ ခိုင်မာတဲ့ ယုံကြည်မှုမျိုး ဖြစ်ပါတယ်။ Believe ထက် ပိုမိုနက်ရှိုင်းပြီး ရင်းနှီးမှု၊ စိတ်ချလက်ချ အားကိုးနိုင်မှုတို့ ပါဝင်ပါတယ်။ Verb ➡️ I trust him with my money. (သူ့ကို ငွေရေးကြေးရေး စိတ်ချလက်ချ အပ်နိုင်လောက်အောင် ယုံတယ်) Trust me! (ငါ့ကို စိတ်ချပါ/ယုံလိုက်ပါ — "ငါ မင်းကို မညာဘူး၊ ဒုက္ခမပေးဘူး" ဆိုတဲ့ သဘော) Noun ➡️ Trust takes years to build and seconds to break. (ယုံကြည်မှုဆိုတာ တည်ဆောက်ဖို့ နှစ်နဲ့ချီ ကြာပေမဲ့ ပျက်စီးဖို့ စက္ကန့်ပိုင်းပဲ လိုတယ်) ၃. Faith (Noun) မျက်မြင်သက်သေ သို့မဟုတ် အထောက်အထား မရှိဘဲ "စိတ်နှလုံးထဲကနေ မျက်စိမှိတ် အကြွင်းမဲ့ ယုံကြည်ကိုးစားခြင်း" ဖြစ်ပါတယ်။ ဘာသာရေး၊ တရားသဘော၊ ကံကြမ္မာ သို့မဟုတ် မျှော်လင့်ချက်တွေနဲ့ တွဲသုံးလေ့ရှိပါတယ်။ Faith ဟာ Noun ဖြစ်တာကြောင့် verb အနေနဲ့ သုံးချင်ရင် "have faith" လို့ တွဲသုံးရပါတယ်။ Have faith in someone / something: Have faith in God. (ဘုရားသခင်ကို အကြွင်းမဲ့ သက်ဝင်ယုံကြည်ပါ) Keep the faith; everything will be fine. (ယုံကြည်ချက်ကို လက်မလျှော့ပါနဲ့၊ အားလုံး အဆင်ပြေသွားမှာပါ) I have faith that good things will happen. (ကောင်းတာတွေ ဖြစ်လာမယ်လို့ အကြွင်းမဲ့ ယုံကြည်တယ်)
Teacher Lynn
Region: US
Tuesday 03 November 2026 20:17:10 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @lmms077, please go to the Tikwm
homepage.