@the.wahab.familyy:

ivy🎬🎀
ivy🎬🎀
Open In TikTok:
Region: US
Tuesday 03 November 2026 20:28:39 GMT
86923
5541
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @the.wahab.familyy, please go to the Tikwm homepage.

Other Videos

ထည့်ထည့်မကြည့်နဲ့ တည့်တည့်သိ ******************************** တခါတုန်းက ရဟန်းတစ်ပါးနဲ့အတူနေတဲ့ ကပ္ပိယတစ်ယောက်ဟာ သူ့ဆရာကို ရဟန္တာမှန်း မသိတော့
ထည့်ထည့်မကြည့်နဲ့ တည့်တည့်သိ ******************************** တခါတုန်းက ရဟန်းတစ်ပါးနဲ့အတူနေတဲ့ ကပ္ပိယတစ်ယောက်ဟာ သူ့ဆရာကို ရဟန္တာမှန်း မသိတော့"ရဟန္တာများရှိရင် ဖူးချင်လိုက်တာ”လို့ ညည်းသတဲ့ ။ ကပ္ပိယညည်းတာကို ရဟန်းကြားတော့ “ရဟန္တာ တကယ်ဖူးချင်သလား"လို့မေးတယ်.. "ဖူးချင်ပါတယ်ဘုရား"လို့လျှောက်တော့ “ဖူးချင်ရင် ငါ့နောက်လိုက်ခဲ့”ဆိုပြီး တောထဲခေါ်သွားတယ်။တောထဲရောက်တော့ ဝါးပင်တွေကို လက်ညှိုးထိုးပြပြီး “ဒီဝါးပင်က ရှည်သကွဲ့…ဒီဝါးပင်က တိုသကွဲ့..ဒီဝါးပင်က ကောက်သကွဲ့… ဒီဝါးပင်ကဖြောင့်သကွဲ့..”လို့ ပြောပြီး ကျောင်းပြန်လာခဲ့တယ်။ ရဟန္တာဖူးချင်ပါတယ်ဆိုမှ ရဟန္တာမပြဘဲ ဝါးပင်တွေ လက်ညှိုးထိုးပြရမလား ဆိုပြီးကပ္ပိယက စိတ်ဆိုးတယ်။ကျောင်းပြန်ရောက်တော့ “ရဟန္တာဖူးတတ်ပြီလား”လို့ ကပ္ပိယကိုမေးတယ်..ကပ္ပိယက “ရဟန္တာဖူးချင်ပါတယ်ဆိုမှ အရှင်ဘုရားက ဝါးပင်တွေပဲ လက်ညှိုးထိုးပြနေတာကို”လို့လျှောက်တော့ ..”ရဟန္တာဆိုတာ တခြားမဟုတ်ဘူး..ရှည်တဲ့ဝါးပင်ကို ရှည်တယ်လို့ တည့်တည့်လေးသိတာ... တိုတဲ့ဝါးပင်ကို တိုတယ်လို့ တည့်တည့်လေးသိတာ… ကောက်တဲ့ဝါးပင်ကို ကောက်တယ်လို့တည့်တည့်လေးသိတာ.. ဖြောင့်တဲ့ဝါးပင်ကို ဖြောင့်တယ်လို့ တည့်တည့်လေးသိတာ။ ဒီလိုသိရုံမှတပါး ဒီဝါးပင်က ကောက်တယ်..ဖြောင့်ရင်ကောင်းမှာပဲ.. ဒီဝါးပင်က တိုတယ် .ရှည်ရင်ကောင်းမှာပဲဆိုတဲ့ ကိုယ့်ရဲ့အလို ၊ကိုယ့်ရဲ့ အကြိုက်တွေကို ထည့်မကြည့်ဘဲ တည့်တည့်လေးသိတာကို ရဟန္တာလို့ခေါ်တာ။ ပုထုဇဉ်များကျတော့ ဒီလိုမဟုတ်ဘူး၊ဒီဝါးပင်က ကောက်နေလို့သာပေါ့ကွာ... ဖြောင့်ရင် ဘယ်လောက်ကောင်းလိုက်မလဲ..ဒီဝါးပင်က တိုနေလို့သာပေါ့ကွာ .. ရှည်ရင်ဘယ်လောက်ကောင်းလိုက်မလဲ..ဘယ်နေရာမှာ ဘယ်လိုအသုံးချလိုက်ရင် ကောင်းမှာပဲနဲ့ ကိုယ့်အလို ကိုယ့်အကြိုက်တွေကိုထည့်ထည့်ကြည့်တတ်ကြတယ်။ အဲဒီလိုထည့်ကြည့်လိုက်တော့ ကိုယ့်အလိုနဲ့ ကိုက်တဲ့အခါကျရင် ကျေနပ်တဲ့ လောဘစိတ် ဖြစ်လာတယ်၊ ကိုယ့်အလိုနဲ့မကိုက်တဲ့အခါကျတော့ မကျေနပ်တဲ့ဒေါသ ဖြစ်လာတယ်။ လောဘ ဒေါသစတဲ့ ကိလေသာက နဂိုရ်ကမရှိဘူး၊ ကိုယ့်အလို ကိုယ့်အကြိုက်တွေကို ထည့်ကြည့်လို့သာ လောဘ ဒေါသစတဲ့ကိလေသာဖြစ်လာပြီး စိတ်မှာပူလောင်တဲ့ဒုက္ခဖြစ်ရတာ။ ရဟန္တာများကျတော့မြင်-မြင်ကာမတ္တ။ကြား-ကြားကာမတ္တပဲ။ မြင်ရင်သိတယ်၊ ကြားရင်သိတယ်၊ နံရင်သိတယ်၊ စားရင်သိတယ်၊ ထိရင်သိတယ်၊ သိရုံသာသိပြီး မြင်တဲ့အပေါ်၊ကြားတဲ့အပေါ် ၊နံတဲ့အပေါ်၊စားတဲ့အပေါ်မှာ မိမိရဲ့အလို၊မိမိရဲ့အကြိုက်တွေကို ထည့်မကြည့်တော့ လောဘ ဒေါသစတဲ့ ကိလေသာဖြစ်မလာလို့ ကိလေသာကြောင့်ဖြစ်တဲ့ စိဒုက္ခချုပ်ငြိမ်းနေတာကို ရဟန္တာလို့ ခေါ်တာလို့ ရှင်းပြတော့မှ “ရဟန္တာဖူးတတ်ပါပြီဘုရား"လို့လျှောက်သတဲ့။ ရဟန္တာများ ဒုက္ခချုပ်တယ်ဆိုတာ ဒုက္ခဖြစ််အကြောင်းသမုဒယကို ပြုမပေးတဲ့အကျင့် ကျင့်ကြလို့ ဒုက္ခချုပ်ငြိမ်းနေတာ။ ဒုက္ခဖြစ်တယ်ဆိုတာ အလိုလိုဖြစ်တာမဟုတ်ဘူး။မြင် ကြား နံ စား ထိ သိဆိုတဲ့ ဝိညာဏ်စိတ်တွေဖြစ်တဲ့အပေါ်မှာ ဒီလိုမဖြစ်ချင်ဘူး ဟိုလိုဖြစ်ချင်တယ်၊ ဒါမကြိုက်ဘူး၊ ဟိဟာကြိုက်တယ်ဆိုတဲ့ မိမိရဲ့အလို မိမိရဲ့အကြိုက်တွေကို ထည့်ကြည့်တော့ လောဘဒေါသစတဲ့ ကိ​လေသာဖြစ်လာပြီး စိတ်ဒုက္ခဖြစ်ရတာ။အလို သမုဒယကြောင့် စိတ်ဒုက္ခဖြစ်ရတာပါလားလို့ သမုဒယကြောင့်ဖြစ်တဲ့ဒုက္ခကို သိထားတော့ သမုဒယပယ်တဲ့ အကျင့် ကျင့်တာ။ သမုဒယပယ်တဲ့ အကျင့်ဆိုတာ “ထည့်မကြည့်ဘဲ တည့်တည့်လေး သိတဲ့အကျင့် “ ကျင့်တာဟာ သမုဒယပယ်တဲ့အကျင့်ပါ။ သမုဒယပယ်လိုက်တော့ ဒုက္ခဖြစ်မလာတော့ဘဲ ဒုက္ခချုပ်နေတာ။ ဒါကြောင့် အဲဒီအကျင့်ကို #ဒုက္ခနိရောဓဂါမိနိပဋိပဒါ ဒုက္ခချုပ်ကြောင်း အကျင့်လို့ ခေါ်တယ် ဒုက္ခချုပ်ကြောင်း အကျင့်ဆိုတာ သမုဒယနဲ့ ပြုမပေးတဲ့အကျင့်ကျင့်တာ။ လူတွေက လုပ်တာကို ‘အကျင့်’လို့ သိကြပေမဲ့ “မလုပ်တဲ့အကျင့်”ကို အကျင့်ရယ်လို့ မသိကြတာ။ အကျင့်ဆိုတာ အရက်သောက်တော့ သောက်တဲ့အကျင့်ရှိသလို အရက်မသောက်တော့ မသောက်တဲ့အကျင့်ရှိပါတယ်။ ခိုးတော့ ခိုးတဲ့အကျင့်ရှိသလို မခိုးတော့ မခိုးတဲ့အကျင့်ရှိတယ်။ လိမ်တော့ လိမ်တဲ့အကျင့်ရှိသလို မလိမ်တော့ မလိမ်တဲ့အကျင့်ရှိတယ်၊ ဆဲတော့ ဆဲတဲ့အကျင့်ရှိသလို မဆဲတော့ မဆဲတဲ့ အကျင့် ရှိတယ်။ မခိုး၊မသတ်၊မလိမ်၊မသောက်၊ မစော်ကားတဲ့အကျင့်က ဘာအကျင့်လဲဆိုတော့ #သီလအကျင့် ပါ။ သီလအကျင့်ကျင့်တယ်ဆိုတာ လုပ်တဲ့အကျင့် ကျင့်တာမဟုတ်ဘူး။မလုပ်တဲ့အကျင့်ကျင့်တာ။ ဒီမှာလည်း ဒုက္ခချုပ်ကြောင်း အကျင့် ကျင့်တယ်ဆိုတာ မိမိရဲ့အလို မိမိရဲ့အကြိုက်တွေကို ထည့်မကြည့်တဲ့ အကျင့်ကျင့်တာ။ မြင် ကြား နံ စား ထိ သိစိတ်တွေ ဖြစ်တဲ့အပေါ်မှာ မိမိအလို မိမိအကြိုက်တွေကို ထည့်မကြည့်ဘဲ တည့်တည့်လေးသိလိုက်တော့ လောဘ ဒေါသစတဲ့ ကိလေသာဖြစ်မလာလို့ ကိလေသာကြောင့် ဖြစ်တဲ့ ဒုက္ခချုပ်ငြိမ်းနေပါတယ်။ အကျင့်တကာ့ အကျင့်ထဲမှာ မိမိအလို မိမိအကြိုက်တွေကို ထည့်မကြည့်ဘဲ တည့်တည့်လေး သိတဲ့အကျင့်ဟာ အခက်ဆုံးပါ။

About