@hazr.modt: #Football # အန်ဒိုရာနဲ့ တနဲရိဖ် ပွဲစဉ်မှာ ဂျေးဇု ဒီမီဂေးလ် သေဆုံးခဲ့ရတဲ့ အိုဝိုနိုရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး ဇလာတန် အီဗရာဟီမိုဗစ်ချ်ရဲ့ ပြောကြားချက်🗣 "ကျနော် ဒီဖြစ်စဉ်ကို တစ်ကြိမ်ထက်မက ပြန်ကြည့်ခဲ့ပြီးပြီ။ အမှန်အတိုင်း ပြောရရင် စိတ်ထဲကနေ ရေတွက်လို့ မရနိုင်အောင်ကို အကြိမ်ကြိမ် အော်ဟစ်လိုက်ရတယ်။ ကျနော့်ရဲ့ ပထမဆုံး တုံ့ပြန်မှုကတော့ ဒီဂိုးသမား ဘာလုပ်နေတာလဲ။ အဲဒီလောက် ပြင်းထန်တဲ့ အရှိန်နဲ့ ဝင်ဖျက်ဖို့ သူ ဘာတွေ စဉ်းစားနေခဲ့တာလဲ ဆိုတာပါပဲ။ ဘောလုံးကို ဖျက်ထုတ်ဖို့ ထွက်လာတာကို မှားတယ်လို့ ကျနော် မပြောပါဘူး။ ကျနော် ပြောနေတာက သုံးလိုက်တဲ့ အရှိန်၊ ခြေထောက်၊ ဒူးနဲ့ တိုက်မိပုံကို ပြောနေတာပါ။ သေချာတာကတော့ အဲဒီအချိန်မှာ သူ့ခေါင်းထဲ ဘာတွေ ဝင်နေခဲ့တာလဲ။ လူတစ်ယောက်ရဲ့ အသက်ကို ဘာမှ ထည့်မတွက်ခဲ့ဘူး၊ ရှေ့မှာရှိတဲ့ ကစားသမားအတွက် နည်းနည်းမှ မငဲ့ကွက်ခဲ့ဘူး။ ဒါဟာ ဘောလုံးလောကမှာ ကျနော် ကြည့်ဖူးသမျှ အဆိုးရွားဆုံး ဖြစ်စဉ်တွေထဲက တစ်ခုလို့ပဲ မြင်ပါတယ်။ ဟီဂူအင်တုန်းက နူအာနဲ့ တိုက်မိတာကို လွတ်မြောက်ခဲ့ပေမဲ့ အတိုက်အခိုက် တိုင်းကိုတော့ တူတယ်လို့ သွားဟန်ဆောင်လို့ မရပါဘူး။ အခု ဖြစ်သွားတာရဲ့ အရှိန်နဲ့ ပြင်းအားက ဘယ်သူ့ကိုမဆို အတော်လေး စိုးရိမ်သွားစေဖို့ လုံလောက်ပါတယ်။ အသက် ၃၀ အရွယ် စပိန်တိုက်စစ်မှူး ဂျေးဇု ဒီမီဂေးလ်ဟာ အရန်ခုံမှာ ထိုင်ရင်း လာမယ့်ပွဲအကြောင်း တွေးနေခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒီကွင်းထဲ ခြေလှမ်းလိုက်တာဟာ အခုလို ဝမ်းနည်းစရာ သေပွဲနဲ့ ပြီးဆုံးသွားမယ်လို့ သူ ဘယ်တုန်းကမှ ထင်မှတ်ထားခဲ့မှာ မဟုတ်ပါဘူး။ ပွဲအပြီးမှာ လင်ယောက်ျားဖြစ်သူ၊ ဖခင်ဖြစ်သူကို ကြိုဆိုဖို့ သူ့ရဲ့ ဇနီး၊ မိသားစုနဲ့ ကလေးတွေက မျှော်လင့်နေခဲ့ကြတာပါ။ ဒါပေမဲ့ အဲဒီအခွင့်အရေးမျိုး ဘယ်တော့မှ ထပ်မရတော့ဘူးဆိုတာကို သူတို့ မသိခဲ့ကြပါဘူး။ ဒါဟာ လူတွေ နားလည်ထားဖို့လိုတဲ့ အပိုင်းပါပဲ။ ဘောလုံးဆိုတာ အားကစားတစ်ခု ဖြစ်ပေမဲ့ မင်းဆီ ပြေးဝင်လာတဲ့သူဟာ တစ်စုံတစ်ယောက်ရဲ့ လင်ယောက်ျား၊ တစ်စုံတစ်ယောက်ရဲ့ ဖခင်၊ တစ်စုံတစ်ယောက်ရဲ့ သား ဖြစ်နေပါတယ်။ ကျနော်ကတော့ အဲဒီလောက် ပြင်းထန်တဲ့ အရှိန်နဲ့ ဝင်ခဲ့တဲ့ ဂိုးသမားဘက်က ရပ်တည်ပြီး ကာကွယ်ပေးမှာ မဟုတ်ပါဘူး။ အခုလိုမျိုး ဖြစ်လာခဲ့ရင် တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုတာ ရှိရပါမယ်။ စပိန်ဥပဒေအရဆိုရင် မတော်တဆ လူသတ်မှု အပါအဝင် ပြစ်မှုဆိုင်ရာ တာဝန်ရှိမှုတွေကို မေးခွန်းထုတ်စရာတွေ ရှိလာနိုင်ပါတယ်။ ဒီဖြစ်စဉ်ဟာ လေးလေးနက်နက် စုံစမ်းစစ်ဆေးခံရဖို့ ထိုက်တန်သလို အိုဝိုနိုအနေနဲ့လည်း ဖြစ်ပျက်ခဲ့သမျှအတွက် တာဝန်ခံ ဖြေရှင်းရပါမယ်။ ကျနော့်တစ်ဦးတည်း သဘောထားအရဆိုရင် စုံစမ်းစစ်ဆေးမှုတွေအရ သေဆုံးမှုအတွက် သူ့မှာ တာဝန်ရှိတယ်လို့ သက်သေပြနိုင်ရင် သင့်တော်တဲ့ ပြစ်ဒဏ် ရရှိသင့်ပြီး ကြေးစားဘောလုံးလောကကနေ တစ်သက်တာ ပွဲပယ်ခံရသင့်ပါတယ်။ အခြားကစားသမားတစ်ယောက်ရဲ့ အသက်ကို သေဆုံးစေခဲ့ပြီး ပုံမှန်အလုပ်ဆင်းရတဲ့ နေ့တစ်နေ့လိုမျိုး နောက်ပွဲတွေမှာ ဖိနပ်စီးပြီး ပြန်ကစားလို့ မရပါဘူး။ ငါ့မိတ်ဆွေ၊ လူတစ်ယောက်ရဲ့ အသက် ပျောက်ကွယ်သွားခဲ့တာပါ။ တစ်စုံတစ်ယောက်ရဲ့ လင်ယောက်ျား၊ ဖခင်တစ်ယောက် အိမ်ပြန်မလာနိုင်တော့တာပါ။ ဘာတာဝန်ခံမှုမှ မရှိဘဲ ဒီအတိုင်းတော့ ထွက်သွားလို့ မရပါဘူး။ ဒါဟာ ဂိုးသမား အင်္ကျီဝတ်ထားလို့ ကစားသမားတစ်ယောက်ကို ကာကွယ်ပေးတာမျိုး မဟုတ်ပါဘူး။ အခြားသူတစ်ယောက်ရဲ့ အသက်ကို အန္တရာယ်ဖြစ်စေတဲ့အခါ နောက်ဆက်တွဲ ပြစ်ဒဏ်တွေ ရှိလာမယ်ဆိုတာ ကစားသမားတိုင်း နားလည်ထားစေဖို့အတွက် ဖြစ်ပါတယ်။ ဘယ်သူမဆို တာဝန်ခံမှု မရှိခင်မှာ အန္တရာယ်များတဲ့ ဖျက်ထုတ်မှုတွေ၊ မဆင်မခြင် ကစားတာတွေကို ငါတို့ ဘယ်နှကြိမ်မက ထပ်ကြည့်နေကြရဦးမှာလဲ။ အခုတော့ ဂျေးဇု ဆုံးပါးသွားခဲ့ပြီ။ အခုလိုမျိုး ကိစ္စကို သင့်တော်တဲ့ ဥပဒေကြောင်းအရ အရေးယူဖို့ မဆုံးဖြတ်ခင် နောက်ထပ် ဘယ်သူများ ထပ်ပြီး ပါသွားဦးမှာလဲ။ ကျနော့်အတွက်တော့ အိုဝိုနိုဟာ သူ့ရဲ့ လုပ်ရပ်အတွက် တာဝန်ခံရပါမယ်။ ဘောလုံးလောကနဲ့ ပရိသတ်တွေဟာ ပွဲစဉ်ကို အောင်ပွဲခံနေကြရမှာ မဟုတ်ဘဲ ကြီးမားတဲ့ ဆုံးရှုံးမှုအတွက် ဝမ်းနည်းပူဆွေးနေကြရမှာပါ၊ ဘာလို့လဲဆိုတော့ မဆင်မခြင် ဖျက်ထုတ်မှုတစ်ခုဟာ မိသားစုတစ်ခုကို သူတို့ရဲ့ ချစ်လှစွာသော မိသားစုဝင် မရှိတော့အောင် လုပ်ဆောင်လိုက်လို့ပါပဲ။ ဘယ်ဆုဖလား၊ ဘယ် ၃ မှတ်နဲ့ ဘယ်ဘောလုံးပွဲစဉ်ကမှ လူတစ်ယောက်ရဲ့ အသက်ထက် ပိုပြီး တန်ဖိုး မရှိနိုင်ပါဘူး။" Photo credit to owner #SportsA2Z #zlatanibrahimovic #JesusDeMiguel

mg messi⚽🫶
mg messi⚽🫶
Open In TikTok:
Region: TH
Tuesday 03 November 2026 22:43:41 GMT
9728
332
4
2

Music

Download

Comments

kyawyehtet1067
Vike Puu @ Kyaw Ye' Htet :
Right Comment!
2026-11-03 22:56:30
0
myint.myint.khain404
Myint Myint khaing +k .H.M :
😭😭😭
2026-11-04 00:57:20
0
winnaingtun97
Win Naing Tun :
[Like]
2026-11-04 00:54:29
0
mon.mon.thu05
𝑀𝑜𝓃 𝑀𝑜𝓃 𝒯𝒽𝓊 :
😥😥😥
2026-11-04 01:19:33
0
To see more videos from user @hazr.modt, please go to the Tikwm homepage.

Other Videos


About