@nannweni72: 💔 ဘောလုံးကွင်းထဲမှာ ဂိုးတွေသွင်းပြီး အိပ်မက်တွေကို အကောင်အထည်ဖော်နေခဲ့တဲ့ ဂျေးဇူး ဒီမီဂယ်လ်အတွက်တော့ ဘောလုံးကစားသမားဘဝဟာ ဒီလောက်စောစော အဆုံးသတ်သွားလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြပါဘူး။ အသက် ၃၀ အရွယ်သာ ရှိသေးတဲ့ တီနီရီးဖ်တိုက်စစ်မှူးဟာ သူ့ရဲ့အကောင်းဆုံးအချိန်တွေကို စတင်ဖြတ်သန်းနေခဲ့သူပါ။ ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် ဂိုး ၁၁ ဂိုးသွင်းယူပေးခဲ့သလို အသင်းကိုလည်း စပိန်ဒုတိယတန်းဆီ ပြန်လည်တက်ရောက်နိုင်အောင် ကူညီပေးခဲ့သူ ဖြစ်ပါတယ်။ မက်ဒရစ်မြို့မှာ မွေးဖွားခဲ့တဲ့ ဒီမီဂယ်လ်ဟာ ကစားသမားဘဝတစ်လျှောက် အဆင့်ဆင့်ကြိုးစားရင်း ဒီနေ့လိုအချိန်အထိ ရောက်လာခဲ့သူပါ။ ကလပ်အသင်းအပြောင်းအလဲတွေ၊ အခက်အခဲတွေကြားကနေ သူ့ရဲ့အိပ်မက်ကို လက်မလျှော့ခဲ့ဘဲ နောက်ဆုံးမှာ တီနီရီးဖ်ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့ပါတယ်။ သူ့အတွက် ဘောလုံးဆိုတာ အလုပ်အကိုင်တစ်ခုထက်ပိုပြီး ဘဝရဲ့အိပ်မက်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ အိမ်မှာတော့ သူ့ကိုစောင့်နေတဲ့ ဇနီးနဲ့ သမီးငယ်လေးတစ်ယောက်လည်း ရှိနေခဲ့ပါတယ်။ 💔 ဒါပေမဲ့ နိုဝင်ဘာ ၂ ရက်နေ့က အန်ဒိုရာနဲ့ပွဲမှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆထိခိုက်မှုဟာ သူ့ဘဝကို အပြီးတိုင် ပြောင်းလဲသွားစေခဲ့ပါတယ်။ ကွင်းထဲမှာ လာရောက်ကြည့်ရှုခဲ့တဲ့ ဇနီးသည်နဲ့ လူမမည် သမီးငယ်လေးရှေ့မှာ လဲကျသွားခဲ့တဲ့ သူ့ကို အသက်ရှင်ဖို့ ဆေးအဖွဲ့က အသည်းအသန်ကြိုးစားခဲ့ကြပေမဲ့ နောက်တစ်နေ့ နိုဝင်ဘာ ၃ ရက် မနက်မှာတော့ ဒီမီဂယ်လ်ဟာ ကွယ်လွန်သွားခဲ့ပါတယ်။အသင်းအတွက် နောက်ထပ်ဂိုးတွေ သွင်းယူဖို့၊ မိသားစုနဲ့အတူ နောက်ထပ်အမှတ်တရတွေ ဖန်တီးဖို့ အချိန်တွေ အများကြီးကျန်နေသေးတဲ့ လူငယ်တစ်ယောက်ရဲ့ အိပ်မက်တွေဟာ ရုတ်တရက် ရပ်တန့်သွားခဲ့တာပါ။ ဘောလုံးကွင်းထဲမှာတော့ သူ့ရဲ့နာမည်နဲ့ သွင်းဂိုးတွေကို ပရိသတ်တွေ မှတ်မိနေကြဦးမှာဖြစ်ပေမဲ့ အိမ်မှာတော့ သမီးလေးအတွက် ဖခင်တစ်ယောက်၊ ဇနီးအတွက် ခင်ပွန်းတစ်ယောက်ရဲ့ နေရာလွတ်ကို ဘယ်အရာကမှ အစားထိုးပေးနိုင်မှာ မဟုတ်ပါဘူး။ ဇနီးသည်နဲ့ သားသမီးတွေရဲ့ ဆုတောင်းဟာ ငါတို့ရဲ့ လင်ယောကျာ်း၊ ငါတို့ရဲ့ ဖခင်က ငွေကြေးအများကြီးနဲ့ အိမ်ပြန်လာဖို့မဟုတ်ပါဘူး၊ အန္တရာယ်ကင်းကင်းနဲ့ အိမ်ပြန်လာပြီး အသိုက်အမြုံလေးကို လုံခြုံစိတ်ချနွေးထွေးမှု ပေးနိုင်ဖို့ပါပဲ။ ဘောလုံးကမ္ဘာကြီးက မင်းရဲ့ မိသားစုကို အနွေးထွေးဆုံးမေတ္တာတရားတွေနဲ့ ကူညီစောင့်ရှောက်သွားမှာမို့လို့ စိတ်ချလက်ချ အနားယူလိုက်ပါတော့ ဂျေးဇူး ဒီမီဂယ်လ်ရေ💔 #cr7 #fangirl #🙏🙏🙏

Nan Nwe Ni
Nan Nwe Ni
Open In TikTok:
Region: TH
Tuesday 03 November 2026 23:38:39 GMT
1090702
58705
646
2802

Music

Download

Comments

user5311247735490
အမရပူရ :
ဂိုးသမားကရည်ရွယ်ချက်ရှိရှိနဲ့လုပ်သွားတာဆိုတာသိသာပါတယ်၊ဘယ်လိုအပြစ်ပေးကြမှာလဲ သိခြင်လို့ပါ။
2026-11-04 03:42:19
132
lion.pro283
羅|•Mg Red✓ :
ကွင်းလယ်အထိ ဂိုးသမားဘာလုပ်
2026-11-04 01:48:55
321
ootoe69
Y A S ✔️ :
ဘယ်အသင်းကလဲ
2026-11-04 01:24:40
8
tiger.king7538
Tiger King :
ဂိုးသမားဘဲ အပြစ်မြင် နေကြလိုက်တာဗျာ သူလဲ အဲ့လိုဖြစ်သွားလိုက်မယ် မသိဘူးလေ သူလဲပြန်လဲ့လာကြည့်တာဘဲ
2026-11-04 06:53:32
14
user0413360672
Ma Moe :
ဆုံသွားတာနံပါတ်ဘယ်လောက်လဲ
2026-11-04 02:06:07
19
mrkyaw00
mrkyaw :
ပြန်လှည့်ပြေးပါတယ်ကွာ သူလည်းဘယ်ထက်ပါ့မလဲ
2026-11-04 01:05:55
12
user9882163327583
minmin :
သေသွားတာလားဗျ
2026-11-04 04:14:26
8
phone.myint709
Phone Myint :
အားကြီးနဲ့တိုက်ချလိုက်မှတော့နှလုံးကဘယ်ခံနှိုင်ပါ့မလဲ သွားပြီကြေသွားရောပေါ့ အဲဒီဂိုးသမားကိုအဝါကဒ်လေးပဲပြတာလား ရာသက်ပန်ပယ်ပြစ်ရမဲ့အပြစ်ဒဏ်ချသင့််တယ်
2026-11-04 02:24:15
23
nyein.chan284
Nyein Chan :
တမင်လုပ်တာ သိသာတယ် ပြေးလမ်းကြောင်းကို ခုန်ဝင်ပြီးဒူးနဲ့တိုက်တာ လက်နဲ့ဖမ်းလို့ရတဲ့နေရာမှ မဟုတ်တာ
2026-11-04 06:18:34
8
a.hm852
🅐🅡 🅗🅜🅞🅝🅔 :
ဂိုးသမားသူလုပ်ပိး လှည့်တောင်မကြည့်ဘူး
2026-11-04 00:45:07
57
sun.shine60367
☛ђ†э†☚ :
ဂိုးသမားကအဲ့လိုမရည်ရွယ်လောက်ပါဘူးဗျာ သေချာလဲကြည့်ပါ🥺🥺🥺
2026-11-04 07:47:08
18
user462308048
Ko Kyaw Gyi :
ရည်ရွယ်ချက်ရှိရှိလုပ်တာ ခုန်ဖမ်းတာဖမ်းလို့ရတယ် ဒူးကြီးထုတ်တာကတော့လွန်တာပေါ့
2026-11-04 09:52:34
8
chin.kaung.lay474
Chin Kaung Lay ❤️🤍🇲🇾🇹🇭 :
Ripပါကွာ🥺🥺🥺 ဂိုးသမားအဲလောက်ထိတက်စရာလိုလို့လားကွာ တက်ရင်တောင် အခုလိုကြီးဝင်လို့မ ရဘူးလေကွာ🥺🥺🥺
2026-11-04 00:16:46
47
user624188901
Natural. :
ဂိုးသမား ရာသတ်ပန် အနီ ပါ
2026-11-04 01:44:38
25
myo.ko.ko.aung320
Myo Ko Ko Aung :
ဂိုးသမားဝင်တာကြီးကရိုင်းလွန်းပါတယ်ကွာ
2026-11-04 02:42:49
6
htunnaingwin121
Htun Gyi :
ဂိုးသမား ကြမ်းတမ်းလွန်းတယ်
2026-11-04 02:01:29
5
kyaw.khaing3913
Kyaw Khaing :
ဂိုးသမား လွန်တယ် ရာသက်ပန် အနီကဒ်
2026-11-04 01:43:11
9
war.lay8858
War Lay :
ဂိုးသမားကကွင်းလယ်ရောက်တော့မယ်
2026-11-04 01:17:24
4
thuyell8
[စာတို]ငသူ :
ဘယ် ဖလား ဘယ် ၃မှတ် ဘယ်နိုင်ပွဲ ရှုံးထက် လူ့အသက်က ပိုတန်ဖိုးရှိပါတယ်။ ကျောပေးပြီးလှည့်ပြေးမှာမမြင်ရတဲ့သူကို ရှေ့တည့်တည့်က မြင်ရတဲ့ ဂိုးသမားက ခုန်ပြီး ဒူးနဲ့တိုက်စရာလိုမနေပါဘူး လူလေးဘော်ဒီလေး အသာလေးခုလိုက်ရင်ကို လမ်းကြောင်းလွဲသွားမာကို လုပ်ရက်တာ သိသာလွန်းပါတယ်
2026-11-04 05:33:09
1
thanzawmoe97
thanzawmoe97 :
ကစားသမားတိုင်း ကာကွယ်တဲ့အနေထားပါ့ ရည်ရွယ်ချက်တော့မပါ့လောက်ဟူးနော် ဒါနဲ့တိုက်စစ်မှူးလေးတော့သနားတယ့် သေများသွားသားမသိနော်
2026-11-04 14:14:30
0
shwe.sai35
Shwe Sai :
ခေါင်းနဲ့ တိုက်တာလဲ မဟုတ်နေဘူး လက်နဲ့လဲ ပုတ်မရဘဲ တမင်ဒူးနဲ့တိုက် တမင်တကာကို လုပ်တာ
2026-11-04 14:06:01
1
zayarphyo12e4
အန်ကယ်လေး👍?Z.Y.P :
အဲလောက်ဖြစ်မှန်းသိခဲ့ရင်ဂိုးသမားလဲမ၀င်ပါဘူး မတော်တဆပါ🥺🥺🥺
2026-11-04 04:35:27
2
hein.htet067
Hein Htet :
ဂိုး သမားကလဲ အဲ့လောက် ဖြစ်မယ် မထင်လောက်လို့နေမှာ ပါ
2026-11-04 01:12:01
1
theinlwinoo71
AL Lwin Oo :
ဂိုးသမားလဲ တရားဝင်ကစားဘဝရပ်လိုက်ပြီ
2026-11-04 06:18:42
4
ptk.mdy
ptk.mdy :
သားသမီး လူမမယ်လေးနဲ့ သူဘယ်ဘယ်လောက် စိတ်မချဖြစ်နေမလဲ
2026-11-04 07:48:31
3
To see more videos from user @nannweni72, please go to the Tikwm homepage.

Other Videos


About