@mapleleafs: "We are kinda changing the model of what it means to be on the road" @arkellsmusic

Toronto Maple Leafs
Toronto Maple Leafs
Open In TikTok:
Region: CA
Wednesday 04 November 2026 02:14:30 GMT
2023
118
6
3

Music

Download

Comments

bianca.bossa.nova
♫ ᵇᵉ🏒❄️𝔟𝔦𝔞𝔫𝔠𝔞❄️🏒ᵇᵉ ♫ :
go leafs go
2026-11-04 02:22:23
0
yourboysports
𝓨𝓞𝓤𝓡𝓑𝓞𝓨𝓢𝓟𝓞𝓡𝓣𝓢 :
Lowkey the leafs should respond to bothhhh
2026-11-04 02:21:25
0
mikey_reynolds8
Mikey_reynolds811 :
First
2026-11-04 02:18:50
0
yourboysports
𝓨𝓞𝓤𝓡𝓑𝓞𝓨𝓢𝓟𝓞𝓡𝓣𝓢 :
Firstttt
2026-11-04 02:20:16
0
To see more videos from user @mapleleafs, please go to the Tikwm homepage.

Other Videos

“အမျိုးသမီးတစ်ယောက်ရဲ့ ဘုန်းကံဆိုတာ… မျက်နှာပေါ်မှာ မြင်ရတဲ့အလှထက် နှလုံးသားထဲမှာ  ထွန်းနေတဲ့အလင်းပါ။”  ◾အမျိုးသမီးတစ်ယောက်ကို ကြည့်လိုက်တဲ့အခါ လူတွေက ပထမဆုံး ရုပ်ရည်ကို မြင်ကြတယ်။ နောက်တော့ စကားပြောပုံ၊ ဝတ်စားဆင်ယင်ပုံ၊ နေထိုင်ပုံ၊ မိသားစုနောက်ခံ၊ ပညာအရည်အချင်းနဲ့ ဘဝအခြေအနေတွေကို တစ်ဆင့်ပြီးတစ်ဆင့် ကြည့်လာကြမှာပဲ။ ဒါပေမယ့် လူတစ်ယောက်ရဲ့ တကယ့်အလှဟာ မြင်ရတာထက် ခံစားရတာက ပိုအရေးကြီးပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ “ဘုန်းကံ” ဆိုတာလည်း ရုပ်ရည်လှတာ၊ ချမ်းသာတာ၊ အိမ်ထောင်ကောင်းရတာတစ်ခုတည်း မဟုတ်ပါဘူး။ ◾သူတို့ရဲ့ ဘုန်းကံဆိုတာ ကိုယ့်စိတ်ကို ကိုယ်ဘယ်လိုပျိုးထောင်လာသလဲ ဆိုတဲ့အရာနဲ့ ပိုနီးစပ်ပါတယ်။ စိတ်ကောင်းရှိတယ်။ စကားအရာမှာ သိမ်မွေ့တယ်။ အမှားလုပ်မိရင် ဝန်ခံတတ်တယ်။ အောင်မြင်လာတဲ့အခါ မာနမတက်တတ်ဘူး။ အခက်အခဲ ရှိလာရင်လည်း သူတစ်ပါးကို အပြစ်ပုံမချဘူး။ ဒီလိုအရာတွေဟာ ရွှေထက်တန်တဲ့ အတွင်းအဆင်တန်ဆာတွေပါ။  ဗုဒ္ဓတရားတော်ရဲ့ သဘောနဲ့ကြည့်မယ်ဆိုရင် လူတစ်ယောက်ရဲ့ မြင့်မြတ်မှုကို အပြင်ပန်းအသွင်အပြင်နဲ့ မဆုံးဖြတ်ပါဘူး။ ဓမ္မပဒမှာလည်း အသားအရေကောင်းခြင်း၊ စကားပြောကောင်းခြင်းသက်သက်နဲ့ မြင့်မြတ်သူ မဖြစ်ကြောင်း၊ မနာလိုမှု၊ ဝန်တိုမှု၊ လှည့်စားမှုတို့ကို စွန့်ပြီး သစ္စာ၊ မထိခိုက်စေမှု၊ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းမှုရှိသူကိုသာ အမှန်တကယ် တန်ဖိုးရှိသူအဖြစ် ရှုမြင်ထားတာကိုသာ တွေ့ရပါတယ်။ ◾ဒါကြောင့် အမျိုးသမီးတစ်ယောက်ရဲ့ ဘုန်းကံကို သူ့မျက်နှာပေါ်က အပေါ်ယံအရေပြား အလှထဲမှာ ရှာဖွေလို့ မပြည့်စုံနိုင််ပါဘူး။ အစစစ်အမှန်က သူ့ရဲ့ Character ထဲမှာသာ ရှာကြည့်ရပါလိမ့်မယ်။ သူ့မှာ အာဏာရှိလာတဲ့အခါ အားနည်းသူကို ဘယ်လိုဆက်ဆံသလဲ။ သူ့မှာ ငွေရှိလာတဲ့အခါ မရှိသူကို ဘယ်လိုကြည့်တတ်သလဲ။ သူ့ကို မလိုတော့တဲ့ လူတစ်ယောက်ကိုတောင် လူသားတစ်ယောက်အဖြစ် လေးစားနိုင်သေးလား။ ဒီအရာတွေက သူ့ရဲ့ အတွင်းအလှကို ပိုပြောပြနိုင်ပါတယ်။ ◾တချို့အမျိုးသမီးတွေဟာ ရုပ်ရည်အလှနဲ့ လူအများရဲ့မျက်စိကို ဖမ်းစားနိုင်ကြတယ်။ တချို့ကတော့ စကားတစ်ခွန်းပြောလိုက်တာနဲ့ အနားကလူတွေရဲ့စိတ်ကို နွေးထွေးနိုင်ကြတယ်။ တချို့က ဘာမှမပြောဘဲနဲ့တောင် သူတို့ရဲ့ နေထိုင်ပုံက အတုယူစရာတစ်ခုလို ဖြစ်နေနိုင်တယ်။ အဲဒါက Grace ပါ။ အလှတရားထက် ပိုနက်တဲ့ သိမ်မွေ့မှုတစ်မျိုး။ စိတ်ပညာသဘောနဲ့ ကြည့်ရင်လည်း ကိုယ့်တန်ဖိုးကို ကိုယ်သိတဲ့အမျိုးသမီးဟာ သူတစ်ပါးရဲ့ လက်ခုပ်သံနဲ့ ကိုယ့်တန်ဖိုးကို တိုင်းတာလေ့ မရှိဘူး။ သူ့ကို ဘယ်သူချစ်သလဲ၊ ဘယ်သူမချစ်သလဲဆိုတာက သူ့ဘဝရဲ့ အဓိကအတိုင်းအတာ မဟုတ်တော့ဘူး။ ◾သူ့အတွက် ပိုအရေးကြီးလာတာက— “ငါကိုယ်တိုင် ငါ့ဘဝကို ဘယ်လိုလူတစ်ယောက်အဖြစ် ဖြတ်သန်းနေသလဲ” ဆိုတာပါ။ ဒါဟာ Self-respect ရဲ့ အစပါ။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်တဲ့အမျိုးသမီးဟာ လူတိုင်းကိုလည်း မနှစ်သက်စေချင်ပါဘူး။ သူက လူတိုင်းနဲ့ အဆင်ပြေဖို့လည်း မကြိုးစားတော့ဘူး။ လိုအပ်တဲ့နေရာမှာ နူးညံ့တယ်။ မသင့်တဲ့နေရာမှာ “မလုပ်နိုင်ဘူး” လို့ ပြောရဲတယ်။ မေတ္တာရှိပေမယ့် ကိုယ့်ဂုဏ်သိက္ခာကို မရောင်းဘူး။ ခွင့်လွှတ်တတ်ပေမယ့် ထပ်ခါတလဲလဲ အလွဲသုံးစားခံဖို့အထိတော့ မရွေးချယ်ဘူး။ ဒါဟာ ရက်စက်ခြင်းမဟုတ်ပါဘူး။ Healthy Boundaries ရှိခြင်းမျိုးပါ။ ◾လူ့သဘောအရလည်း အမျိုးသမီးတစ်ယောက်ရဲ့ တန်ဖိုးဟာ သူ့ဘေးမှာ ဘယ်လောက်လူများရှိသလဲနဲ့ မဆုံးဖြတ်နိုင်ပါဘူး။ တစ်ခါတလေ လူအများကြားထဲမှာ တစ်ယောက်တည်းဖြစ်နေသူရှိသလို၊ လူနည်းနည်းနဲ့ပဲ အလွန်နွေးထွေးတဲ့ဘဝကို ပိုင်ဆိုင်ထားသူလည်း ရှိပါတယ်။ ဘဝမှာ ကိုယ့်အနားကလူတွေဟာ ကိုယ့်စိတ်ကို ဘယ်လိုလူတစ်ယောက်အဖြစ် ပြောင်းလဲပေးနေသလဲဆိုတာလည်း အရေးကြီးတယ်။ ◾ဗုဒ္ဓတရားမှာ ကလျာဏမိတ္တ — မိတ်ဆွေကောင်း၊ လူကောင်းနဲ့ ပေါင်းသင်းခြင်းကို ဘဝအတွက် အကျိုးရှိစေတဲ့ အကြောင်းတစ်ခုအဖြစ် အလေးထားဖော်ပြထားတာ ရှိတယ်။ ဒါကြောင့် ဘုန်းကံရှိတဲ့အမျိုးသမီးဟာ လူရွေးပေါင်းတတ်တယ်။ သူ့ဘဝထဲကို ဝင်လာသူတိုင်းကို အလိုလို ယုံကြည်မထားတတ်ဘူး။ မေတ္တာရှိတဲ့သူကို မေတ္တာနဲ့ ပြန်တုံ့ပြန်တတ်တယ်။ မရိုးသားတဲ့သူနဲ့တော့ အကွာအဝေးကို သိတတ်တယ်။ အခြားသူအပေါ် ကရုဏာရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားအောင် ပေးဆပ်ရမယ်လို့လည်း မဆိုလိုပါဘူး။ ◾ဗုဒ္ဓတရားမှာ မေတ္တာ ဆိုတာ ရန်ငြိုးမဲ့ပြီး အကန့်အသတ်မရှိတဲ့ စိတ်ထားအဖြစ် ဖော်ပြထားပါတယ်။ အဲဒီမေတ္တာမှာ ပညာပါလာတဲ့အခါ လူတစ်ယောက်ဟာ နူးညံ့ပေမယ့် မနုံအဘူး။ ခွင့်လွှတ်တတ်ပေမယ့် မေ့လျော့မနေတော့ဘူး။ ချစ်တတ်ပေမယ့် ကိုယ့်တန်ဖိုးကို မပျောက်စေတော့ဘူး။ ဒီလိုအမျိုးသမီးတစ်ယောက်ရဲ့ အလှဟာ အသက်ကြီးလာတာနဲ့ မပျောက်သွားနိုင်ပါဘူး။ ဆံပင်ဖြူလာလည်း သူ့ရဲ့ Dignity က ဖြူမသွားပါဘူး။ သူ့မျက်နှာပေါ်က အရေးအကြောင်းတွေ တိုးလာလည်း သူ့ရဲ့ မေတ္တာနဲ့ ပညာက ပိုနက်လာလိမ့်မယ်   မူရင်း ရေးသားသူအား လေးစားလျှက် # crd

About