@arno17128: ဘိုကလေးမြို့ ထွေအုပ်စာရေး ရဲသွေးနောင် မူးယစ်ဆေးနှင့် စစ်မှုထမ်းလူစားထိုး ရောင်းဝယ်မှုတို့ဖြင့် ဖမ်းဆီးခံရ နိုဝင်ဘာ ၄ ၊၂၀၂၆ ​ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေး ရဲသွေးနောင် ဆိုသူကို မူးယစ်ဆေးဝါးနှင့် စစ်မှုထမ်း လူစားထိုး ရောင်းဝယ်မှု အပါအဝင် မသမာမှုမျိုးစုံဖြင့် အောက်တိုဘာလ (၃၁) ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ ​ဖြစ်စဉ်မှာ အောက်တိုဘာလ (၃၁) ရက်နေ့က ဘိုကလေးမြို့၊ (၈) ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ (၈) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မျက်စောင်းထိုးရှိ "အောင်သပြေ မိတ်သစ်" လက်ဖက်ရည်ဆိုင်တွင် စာရေး ရဲသွေးနောင်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဆက်ကျွန်းကျေးရွာ အုပ်ချုပ်ရေးစာရေး တာဝန်ယူထားသူ ရဲသွေးနောင်သည် လက်ရှိတွင် ဘိုကလေးမြို့၊ (၆) ရပ်ကွက်၊ (၉) လမ်းတွင် နေထိုင်သူဖြစ်ပြီး၊ အာဏာမသိမ်းမီကာလက ပေးဆပ်ရန် အကြွေးမြောက်မြားစွာ ရှိခဲ့သော်လည်း ယခုအခါ (၆) ရပ်ကွက်၊ နဝရတ်လမ်းမပေါ်တွင် သိန်း (၃,၀၀၀) ခန့် ကုန်ကျမည့် နှစ်ထပ်တိုက်အိမ်ကြီးကို ဆောက်လုပ်နေထိုင်လျက်ရှိကြောင်း သိရသည်။ ​၎င်းသည် ဘိုကလေးမြို့ပေါ်တွင် စစ်မှုထမ်းရန် လူရှာပေးသည့် ပွဲစားအဖြစ် နာမည်ထွက်နေသူဖြစ်ပြီး လူမိုက်များနှင့် ပူးပေါင်းကာ ဘုရားချောင်းကျေးရွာတွင် KTV နှင့် မာဆက် (Massage) လုပ်ငန်းများ ဖွင့်လှစ်ထားသည့်အပြင် (၈) ရပ်ကွက်၊ (၂) လမ်းတွင် မယားငယ် ထားရှိထားသူလည်း ဖြစ်သည်။ ​ထို့အပြင် မြို့နယ်အုပ်ချုပ်ရေးမှူး ဇော်ဝင်းလှိုင်အတွက် ငွေကြေးရှာဖွေပေးသူဖြစ်ပြီး ၎င်းတာဝန်ကျသည့် ကျေးရွာများတွင် လောင်းကစားဝိုင်းများ ပြုလုပ်၍ တိုင်းရဲဦးစီး (၁)၊ တိုင်း/ခရိုင် အထွေထွေအုပ်ချုပ်ရေး၊ နယ်မြေခံတပ်၊ စရဖ၊ SB၊ စစစ စသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးသို့ လိုင်းကြေးနှင့် လာဘ်ငွေများ ဖန်တီးပေးနေသူဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ​ယခု ဖမ်းဆီးရမိသည့် မူးယစ်ဆေးနှင့် စစ်မှုထမ်း လူစားထိုးရောင်းဝယ်မှု အမှုတွင် စာရေး ရဲသွေးနောင်အပြင် အရာရှိကြီးအချို့ပါ ပတ်သက်ပါဝင်နေသည့်အတွက် ၎င်းတို့၏ ပါဝင်ပတ်သက်မှုများကို ဖုံးကွယ်ရန်နှင့် အမှုအားဖျောက်ဖျက်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။ #fypppppppppppppppppppppppppppppppppppppppppppppppp #

ARNO
ARNO
Open In TikTok:
Region: CA
Wednesday 04 November 2026 02:41:36 GMT
2735
80
1
4

Music

Download

Comments

user9533978832828
အောင်မြင့်စိုး :
တနိုင်ငံလုံးရပ်ကွက်ရုံနဲ့ပတ်သက်တဲ့အဖွဲ့တွေဘဲဥပဒကိုဂရုမစိုက်ဘဲဥပဒေမဲ့လုပ်နေကြတယ်
2026-11-04 03:17:06
0
To see more videos from user @arno17128, please go to the Tikwm homepage.

Other Videos


About