@malnyo90letkyan: ဆန့်ကျင်ဘက်ပါပဲ။ ကြွက်ကလေးနေထိုင်တဲ့ တောအုပ်က ခြင်္သေ့မင်းကြီးကတော့ စိတ်သောက ရောက်နေပါသတဲ့။ တစ်ဖက်က တောအုပ်ကြီးကို အပိုင်ရဖို့ တခြားခြင်္သေ့နဲ့ စစ်ဖြစ်ကြတာ ရှုံးနိမ့်သွားလို့ မခံမရပ်နိုင်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စဉ်းစားနေပါတယ်။ ခြင်္သေ့ကြီးခမျာ သူသတ်သေဖို့ နည်းလမ်းပေါင်းမျိုးစုံကို စဉ်းစားလိုက် အဆင်မပြေဖြစ်လိုက်နဲ့ သောကတွေ ထပ်ဆင့်ပြီး အပူမီးတွေ လောင်ကျွမ်းနေပါတော့တယ်။ ဒီစစ်ပွဲမှာ သူ ရှုံးလိုက်ရတဲ့အတွက် တခြားသူတွေကို မျက်နှာ မပြနိုင်အောင်ကို ရှက်နေတဲ့အတွက် ရေထဲခုန်ချလိုက်ရင်လည်း သူ့လို ခြင်္သေ့မင်းကြီးကို ငါးတွေတွတ်မှာကို စိုးရိမ်ပါတယ်။ ချောက်ထဲကို ခုန်ချလိုက်ရင်လည်း သူ့ရဲ့အလောင်းဟာ တစ်စစီဖြစ်ပြီး စုတ်ပြတ်သတ်သွားမှာကိုလည်း မလိုလားပြန်ပါဘူး။ ဆွဲကြိုးချသေမယ်ဆိုရင်လည်း ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူများက လှောင်ပြောင်ရယ်မောမှာကိုလည်း လက်မခံနိုင်ပြန်ပါဘူး။ ဟိုလို သေလည်း မဖြစ်၊ ဒီလို သေလည်းမဖြစ်တော့ စိတ်ညစ်ညစ်နဲ့ သေဖို့နည်းလမ်း စဉ်းစားရင်း လမ်းလျှောက်ထွက်လာတော့ ပျော်ရွှင်မြူးတူးနေတဲ့ ကြွက်ကလေးကို တွေ့လိုက်ပါသတဲ့။ ကြွက်ကလေးကတော့ နေဝင်ဖို့စောင့်ရင်း နေမင်းကို အမွှမ်းတင်တဲ့ ကဗျာလေးစပ်လိုက်၊ သီချင်းလေးဆိုလိုက်နဲ့ ခြင်္သေ့မင်းကြီး သူ့နားကိုရောက်လာတာကို မတွေ့ပါဘူး။ ခြင်္သေ့မင်းကလည်း သူကသာ သေလောက်အောင် စိတ်ညစ်နေတာ ကြွက်ကဖြင့်ပျော်လို့ဆိုတော့ ဘဝင်သိပ်မကျလှပါဘူး။ ဒီတော့ စိတ်တိုတိုနဲ့ ကြွက်ကလေးကို ဂုတ်ကနေဆွဲပြီး သူသိချင်တာကို မေးလိုက်ပါတော့တယ်။ မင်း ဘာလို့ ဒီလောက်တောင် ပျော်ရွှင်နေရတာလဲ။ ငါ့ကို မထီမဲ့မြင်လုပ်တာလား ပြောစမ်း ဆိုတော့ ကျွန်တော့်အဖိုးတန်လေးအကြောင်း တွေးရင်း ကျွန်တော် ပျော်နေမိတာပါ။ ကျွန်တော့်ကို မသတ်ပါနဲ့လို့ ပျာပျာသလဲ ပြောလိုက်ပါတယ်။ မင်းရဲ့အဖိုးတန်လေးက ဘာလဲ၊ ချက်ချင်းထုတ်ပေး၊ မဟုတ်ရင် ကိုက်စားပစ်လိုက်မယ်ဆိုတော့ ကြွက်ကလေးက ကျွန်တော့်မှာ ဘာအဖိုးတန်မှ မရှိပါဘူး။ ကျွန်တော့်ဘာသာ အေးအေးချမ်းချမ်း နေနေတာပါလို့ ကြောက်ကြောက်နဲ့ ပြန်ဖြေလိုက်ပါတယ်။ ခြင်္သေ့မင်းကြီးကလည်း အဖြေထွက်မလာတဲ့ ကြွက်ကလေးကို ကြည့်ရင်း ဒေါသတွေ ပိုထွက်လာပါတယ်။ "မင်းပျော်နေတာ အကြောင်းရင်းတစ်ခု ရှိကိုရှိရမယ်၊ ပြော အခုပြော" ဆိုပြီး ဆွဲခါရမ်းလိုက်ပါတယ်...။ #မယ်ညိုစာရိပ်မြုံ #KnowledgeSharing #ဘဝအတွက်စာဖတ်ကြမယ် #BookTok #fypシ
မယ်ညိုစာရိပ်မြုံ
Region: US
Wednesday 04 November 2026 04:19:24 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @malnyo90letkyan, please go to the Tikwm
homepage.