@maaida.mohamuttt:

ina Maxamuud 12345678
ina Maxamuud 12345678
Open In TikTok:
Region: SO
Wednesday 04 November 2026 06:44:14 GMT
21
12
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @maaida.mohamuttt, please go to the Tikwm homepage.

Other Videos

✅ကျန်းမာရေးအတွက် အသုံးဝင်တဲ့အုန်းရည်✅ အုန်းရည်ဆိုသည်မှာ အုန်းသီးအတွင်းတွင်ရှိသော သန္ဓေသားဖွံ့ဖြိုးရန်၊ လိုအပ်သောအာဟာရဓာတ်များပေးရန်နှင့် သန္ဓေသားမပျက်စီးအောင် ကာကွယ်ပေးရန် (as a shock absorber) သဘာဝတရားကြီးမှ ဖန်တီးပေးထားခြင်းဖြစ်ပါသည်။  အုန်းသီးနုစဉ်တွင် အုန်းရည်ပမာဏများပြီး တဖြည်းဖြည်းရင့်လာသည်နှင့်အမျှ အုန်းသီးအသားများ ပိုများလာကာအရည်များ တဖြည်းဖြည်းလျော့နည်းလာသည်ကို မြင်ဖူးကြပါလိမ့်မည်။  ✅အုန်းရည်သည် ကျန်းမာရေးအတွက် အထောက်အကူပြုသည့် လူတို့အလွယ်တကူ သောက်သုံးနိုင်သော သဘာဝသစ်သီးရည်တစ်ခု ဖြစ်ပါသည်။  ပင်လယ်ကမ်းစပ်တွင် ပေါက်နေသော အုန်းပင်၏အမြစ်မှ ပင်လယ်ရေများကို စုပ်ယူကာ အဆင့်ဆင့်ပြုပြင် ပြောင်းလဲပြီး နောက်ဆုံး အုန်းသီးထဲ၌ အုန်းရည်အဖြစ် ဖွဲ့စည်းထုတ်လုပ်ထားပုံမှာ လူတို့လိုက်မမီသော အပင်၏ စွမ်းဆောင်နိုင်မှုပင်ဖြစ်သည်။ တစ်နည်းအားဖြင့် လူတို့သောက်သုံး၍မရသည့် ပင်လယ်ရေကို သောက်သုံးလို့ရသည့် အုန်းရည်အဖြစ် ပြောင်းလဲပေးခြင်းဖြစ်သည်။  အုန်းရည်ကို ဓာတ်ခွဲစမ်းသပ်ကြည့်ပါက အုန်းရည်တစ်အောင်စလျှင် ၅.၄၆ ကယ်လိုရီ၊ သကြားဓာတ် ၁.၃ ဂရမ်၊ ပိုတက်စီယမ် ၆၁ မီလီဂရမ် နှင့် ဆိုဒီယမ် ၅.၄၅ မီလီဂရမ် တို့ပါဝင်ပါသည်။  ထို့ကြောင့် အုန်းရည်သည် ပိုတက်စီယမ်ဓာတ်ကြွယ်ဝသော အရည်တစ်မျိုးဖြစ်သည်။ အနေတော် အုန်းသီးတစ်လုံးတွင် ပါဝင်သော ပိုတက်စီယမ်ပမာဏသည် ငှက်ပျောသီး  ၄ လုံးတွင် ပါဝင်သော ပိုတက်စီယမ် ပမာဏနှင့် ညီမျှပါသည်။  ထို့ကြောင့် အုန်းရည်ကိုသောက်သုံးပေးလျှင် ရေငတ်ပြေရုံမက ကုန်ဆုံးသွားသော  ပိုတက်စီယမ်နှင့် ဆိုဒီယမ်များပါ ဖြည့်ပေးသဖြင့် ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပါသည်။  နာမည်‌ကျော်အားကစားသမားများသည် ကစားစဉ်အတွင်း အုန်းရည်ကို မကြာခဏသောက်ပေးခြင်းဖြင့် မောပန်းနွမ်းနယ်မှုကို လျော့နည်းစေကြောင်းတွေ့ရပါသည်။  ထို့အပြင် ဝမ်းပျက်ဝမ်းလျှောသူများတွင်လည်း ဓာတ်ဆားရည်အလွယ်တကူဝယ်၍ မရသော ဒေသများတွင် အုန်းရည်သောက်ပေးခြင်းဖြင့် ဝမ်းနှင့်အတူ ဆုံးရှုံးသွားသော ပိုတက်စီယမ်ဓာတ်များနှင့်  ရေဓာတ်များကို ပြန်လည်ဖြည့်တင်းပေးရာရောက်ပါသည်။  ဒုတိယကမ္ဘာစစ်ကာလက ရှေ့တန်းစစ်မြေပြင်တွင် သွေးကြောသွင်းဆေးရည်များ ပြတ်လပ်သည့်အခါ သွေးပေါင်ချိန်ကျဆင်းပြီး ရှော့ခ်ရနေသောလူနာများ၏ သွေးကြောအတွင်းသို့ အုန်းရည်ကို တိုက်ရိုက် ထိုးသွင်းပြီး သွေးပေါင်ချိန်တက်စေရန် အရေးပေါ်ကုသခဲ့သည့် သမိုင်းအထောက်အထားများလည်း ရှိခဲ့ပါသည်။   သို့ရာတွင် ကျောက်ကပ်မကောင်းသောကြောင့် ခန္ဓာကိုယ်တွင်းမှ ပိုတက်စီယမ်များကို ပြင်ပသို့မစွန့်ထုတ်နိုင်သဖြင့် ပိုတက်စီယမ်များနေသူများ သို့မဟုတ် အခြားအကြောင်းကြောင့် သွေးတွင်း၌ ပိုတက်စီယမ်များနေသူများ အုန်းရည်ကို မသောက်သင့်ပါ။  ပိုတက်စီယမ် အလွန်အကျွံများလာလျှင် နှလုံးကို ဒုက္ခပေးနိုင်ပါသည်။  ထို့ကြောင့် သာမန်ကျန်းမာနေသူများပင်လျှင် အုန်းရည်ကို ရေသောက်သကဲ့သို့ အများကြီးမသောက်သင့်ပါ။  တစ်နေ့လျှင် အနေတော် အုန်းသီးနှစ်လုံးမှရရှိသော ပမာဏထက် ပိုမသောက်သင့်ကြောင်း ပညာရှင်များက ထောက်ပြထားပါသည်။ ပုံမှန်တစ်နေ့တစ်လုံးသောက်လျှင်မူ ပြဿနာမရှိနိုင်ပါ။  သွေးတိုးရောဂါရှိသူများ အုန်းရည်ကို ပုံမှန်သောက်လျှင် သွေးပေါင်ကျစေရန် အထောက်အကူပြုပါသည်။  အုန်းရည်တွင်ပါဝင်သော ပိုတက်စီယမ်နှင့် ဆိုဒီယမ်အချိုးအစားမှာ သွေးတိုးသမားများအတွက် အထူးကောင်းမွန်လှပါသည်။  သွေးတိုးသမားအများစုတွင် ဆိုဒီယမ် များနေလေ့ရှိပြီး ပိုတက်စီယမ်ချို့တဲ့နေလေ့ရှိပါသည်။ ထို့ကြောင့် အုန်းရည်အပြင် အခြားသစ်သီးများပါစားခြင်းဖြင့် သွေးတိုးကျစေရန် အထောက်အကူပြုပါသည်။  အရေးအကြီးဆုံးအချက်မှာ အုန်းရည်ကို ခွဲပြီးချက်ချင်းသောက်ရန်ဖြစ်သည်။ ချက်ချင်းသောက်သောအုန်းရည်တွင် မည်သည့်ရောဂါပိုးမွှားမျှ မပါဝင်ဘဲ လွန်စွာသန့်ရှင်းစင်ကြယ်လှပါသည်။  အုန်းရည်ကိုခွဲပြီး အပြင်တွင်ကြာရှည်ထားပါက လေထဲရှိရောဂါပိုးများ ဝင်ရောက်ပေါက်ဖွားကာ လူကိုအန္တရာယ်ပေးနိုင်သောကြောင့် ဖြစ်ပါသည်။ အကြံပေးချက်အနေဖြင့်အုန်းရည်ကိုသဘာဝအုန်းသီးစစ်စစ်မှအရည်ကိုသာသောက်သုံးပါ။ ဒေါက်တာခင်မောင်လွင် (FAME) “သစ်သီးများနှင့် ကျန်းမာရေး” စာအုပ်မှ ထုတ်နုတ်ဖော်ပြပါသည်။ ကျန်းမာရေးဗဟုသုတရကြပါစေ #လေးစားစွာဖြင့်crdပေးပါသည် #yyo #သဘာဝအုန်းရည် ကျန်းမာရေးဗဟုသုတရကြပါစေ

About