@user4272622524318: မနေ့ညတုန်းက မာသီးယပ်စ်ကွန်ညာ ဟာ အနိုင်ဂိုးသွင်းယူပြီးနောက် ပရိသ၊တ်တွေနဲ့အတူ အောင်ပွဲခံခဲ့တဲ့ အခိုက်အတန့်နဲ့ပတ်သက်ပြီး သူ့ရဲ့ခံစားချက်ကို ပြောပြလာခဲ့ပါတယ်။ ကွန်ညာ က အဲဒီလို အောင်ပွဲခံဖို့ဟာ သူ့ရဲ့အိပ်မက်တစ်ခုဖြစ်ခဲ့ကြောင်းနဲ့ ဘရာဇီးလ်သားတစ်ယောက်ရဲ့ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပျော်ရွှင်ခဲ့ရကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဒါပေမဲ့ ပရိသ၊တ်တွေဆီ သွားရောက်အောင်ပွဲခံဖို့ ကြည့်လိုက်တဲ့အခါမှာတော့ အနည်းငယ် စိတ်ရှုပ်ထွေးခဲ့ရတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ သူမြင်လိုက်ရတဲ့ ပရိသ၊တ်တွေရှိနေတဲ့ နေရာဟာ ရိုးမားပရိသ၊တ်တွေရဲ့ဘက်ခြမ်း ဖြစ်နေတာကြောင့်ပါ။ ကွန်ညာ က - 🗣️ “ဒါက ဘရာဇီးလ်ဆန်လွန်းတယ်လို့ ပြောရမယ်။ ဒီလိုမျိုး အောင်ပွဲခံနိုင်ဖို့ ကျွန်တော် အမြဲတမ်း အိပ်မက်မက်ခဲ့တာပါ။ ပရိသ၊တ်တွေကို မြင်လိုက်ရတဲ့အချိန်မှာတော့ နည်းနည်းတော့ အခက်တွေ့သွားတယ်။ ဘာလို့လဲဆိုတော့ အဲဒီနေရာက ရိုးမားပရိသ၊တ်တွေရဲ့ဘက်ခြမ်း ဖြစ်နေတာလေ။ ဒါကြောင့် သူတို့က ရိုးမားပရိသတ်တွေလား၊ ကျွန်တော်တို့အသင်းပရိသ၊တ်တွေလားဆိုတာ မသေချာခဲ့ဘူး။ အဲဒီနေရာကို ခုန်ဆင်းလိုက်ရင် ဘုရားရေ၊ ပြဿနာတက်တော့မှာပဲလို့တောင် တွေးမိခဲ့တယ်။ ဒါပေမဲ့ ပရိသ၊တ်တွေက ကျွန်တော့်အတွက် အောင်ပွဲခံပေးခဲ့ကြလို့ အရမ်းပျော်ပါတယ်။ တကယ့်ကို လှပတဲ့အခိုက်အတန့်တစ်ခုပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ အနိုင်ဂိုးတစ်ဂိုးရဲ့ ပျော်ရွှင်မှုနဲ့ ပရိသ၊တ်တွေရဲ့ အားပေးမှု ပေါင်းစပ်သွားခဲ့တဲ့ ကွန်ညာ အတွက်တော့ မမေ့နိုင်စရာ အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်။

Hein Htet
Hein Htet
Open In TikTok:
Region: TH
Wednesday 04 November 2026 10:30:07 GMT
4718
216
2
0

Music

Download

Comments

u.jar.one
U Jar One :
ဟေ့ကောင်ရေသရဲနီဆိုတာ ပြသွားတာပဲကွာ မန်ယူဆိုတာဘာလဲဆိုတာ ငါတော့ရည်ရေတောင်ကြတယ် ပျော်ရမ်းကြီးကွာသောက်ရမ်းပျော်တယ် သရဲနီတပ်သား
2026-11-04 14:40:04
1
mg.hein2750
Mg Hein :
😁😁😁
2026-11-04 12:00:23
1
To see more videos from user @user4272622524318, please go to the Tikwm homepage.

Other Videos


About