@lumina.soul.space: Collective Reading 🌺 ခုကိုယ်က ကိုယ်ပျော်ရမယ့်အရာတွေကိုပဲ ရွေးချယ်ချင်နေတယ်။ ငါပျော်ရင်ပြီးတာပဲဆိုတဲ့ စိတ်ရှိနေတယ်။ အရင်အတိတ်တွေမှာ‌ကော ခုချိန်မှာကော စိတ်ပင်ပန်းမှုတွေရှိနေတော့ ဒီအရာတွေကို ကျော်ဖြတ်နိုင်ဖို့ ငါလုပ်ချင်တာလုပ်မယ်ဆိုတဲ့စိတ်ဖြစ်နေတယ်။ အသစ်တစ်ခုကို စတင်ချင်စိတ်ဖြစ်နေတယ် စူးစမ်းချင်စိတ်လည်းရှိနေတယ်။ မရှိတဲ့အရာပေါ်မှာပဲအာရုံစိုက်နေတာထက် ကိုယ့်မှာရှိနေတဲ့အရာအပေါိမှာပဲ အာရုံစိုက်‌စေချင်ပါတယ်။ စစ်မှန်တဲ့အရာတွေဆိုတာ တခြားမှာမရှိပါဘူး ကိုယ့်မှာပဲရှိတာပါ ကိုယ့်ဆီကပဲ စတင်တာကိုတော့ မေ့မသွားစေချင်ဘူး။ တကယ်ပဲ ကိုယ်အခုလုပ်နေတာတွေက တကယ်ရော ကိုယ့်အတွက်လုပ်နေတာလား အပေါ်ယံသာယာမှုကြောင့် လုပ်နေတာလားဆိုတာတော့ သေချာသုံးသပ်ပြီး စဉ်းစားကြည့်ပေးပါ။ ကိုယ် manifest ထားတဲ့အရာရှိရင်ပြည့်ဝလာဖို့ရှိနေပါတယ်။ တစ်ဖက်သူက ကိုယ်နဲ့ ပတ်သက်ရင် သူဘာလုပ်ရမလဲဆိုတာသိတာ သူသိတယ် သို့သော် သူလည်းအချိန်ဆွဲနေတယ် လုပ်သင့်လုပ်ထိုက်တာကို မလုပ်ဘဲ ပေါ့ပေါ့ပါးပါးနေနေတယ်။ သူအနေနဲ့ အလုပ်မှာလည်း သူမျှော်မှန်းထားတဲ့အတိုင်း အောင်မြင်လာဖို့ရှိနေပါတယ်။ သူ့အတွက်အခွင့်အရေးအသစ်တွေ လမ်းကြောင်းအသစ်တွေနဲ့ ကြုံရဖို့ရှိနေပါတယ်။ ဒီအရာတွေကြောင့်လည်း ကိုယ့်အပေါ်ကို အချိန်ဆွဲနေတာ ဖြစ်ဖို့များပါတယ်။ သူလိုချင်တဲ့ အနေအထားတစ်ခုကို ရောက်မှသာ သူ့ဘက်က ကိုယ့်ဆီကို action ယူလာပါလိမ့်မယ်။ နှစ်ယောက်ရဲ့ကြားက စိန်ခေါ်မှုက ယှဉ်ပြိုင်လိုစိတ်များနေတာ တွေ့ရတယ်။ အတ္တ မာနတွေကို အတတ်နိုင်ဆုံးလျော့ပါ။ သူဒါလုပ်လို့ ငါလည်းလုပ်တယ် ဆိုတာမျိုးတွေကို အတတ်နိုင်ဆုံးရှောင်ပေးပါ။ နှစ်ယောက်ကြားက ဆက်ဆံရေးကို မေတ္တာနဲ့ဖန်တီးတည်ဆောက်ပေးပါ။ အမြဲတမ်း ငါကပဲဆိုတာတွေရှောင်ပေးပါ။ တစ်ယောက်ကိုတစ်ယောက် အပြစ်တင်နေတာမျိုးမဟုတ်ဘဲ နားလည်မှုလေးနဲ့ တိုင်တိုင်ပင်ပင်ရှေ့ဆက်သွားပါ။ ကိုယ်ချင်းစာစိတ် လေးစားမှု နားလည်မှု ချစ်မေတ္တာတွေရှိမှသာ ပျော်ရွှင်စွာလက်တွဲသွားနိုင်မှာပါ။ Angel message 🌺 ကိုယ့်အတွက်ကို ရှင်သန်ပါ သူများအပေါ်မှာ မမှီခိုပါနဲ့ မရပ်တည်ပါနဲ့ ကိုယ်ကအရာကို ဖန်တီးနိုင်တဲ့သူတစ်ယောက်ပါ။ အချစ်ရေးမှာပဲဖြစ်ဖြစ် မိသားစု အလုပ် ပေါင်းသင်းဆက်ဆံရေးပိုင်းမှာလည်း အမြဲတမ်းခံရသူနေရာက မနေမိပါစေနဲ့။ ကိုယ်လုပ်ပေးနိုင်သမျှအားလုံးကို မျှော်လင့်ချက်ကင်းစွာ လုပ်ပေးလိုက်ပါ လုပ်ပေးပြီးရင် ငါဒါလုပ်ပေးလို့ ဒါပြန်ရရမယ်ဆိုတဲ့စိတ် မထားမိပါနဲ့။ ကိုယ့်ရဲ့ဘဝမှာ ဘာပဲလုပ်လုပ် သံသရာဆိုတာရှိနေသ၍ ကိုယ်ကောင်းတာပဲလုပ်လုပ်လုပ် မကောင်းတာပဲလုပ်လုပ် တစ်နေ့မှာ ကိုယ့်ဆီကိုပြန်လာတတ်တယ်ဆိုတာကို ဘယ်သော်အခါမှ မမေ့ပါနဲ့။ ကိုယ်ဖန်တီးလိုက်တဲ့ အကြောင်းတရားရဲ့အကျိုးကို ကိုယ်ကပြန်တာဝန်ယူရပါတယ်။ ဒါကြောင့်မို့ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ပါနဲ့ ကိုယ်ကမေတ္တာနဲ့ပဲ နေပေးပါ။ ကိုယ့်မှာရှိနေတဲ့အရာမှန်သမျှအားလုံးကို ကျေးဇူးတင်ဖို့မမေ့ပါနဲ့ ကျေးဇူးတရားလေးနဲ့ နေထိုင်ပါ ရှင်သန်ပေးပါ။ #tarot #nocontact #foryoupage

Lumina's Soul Space
Lumina's Soul Space
Open In TikTok:
Region: MM
Wednesday 04 November 2026 11:51:30 GMT
5602
345
2
3

Music

Download

Comments

lawunkhinlawunkhi
La Wun Khin La wun khin :
ဟုတ်ကဲ့ပါ
2026-11-04 16:26:19
1
theint.theint211
𝕿𝖍𝖊𝖎𝖓𝖙 ☘️🖤☘️ :
ကျေးဇူးပါနော်မှတ်သားထားပါ့မယ်ရှင့်♥️
2026-11-04 17:19:11
0
To see more videos from user @lumina.soul.space, please go to the Tikwm homepage.

Other Videos


About