@hee.hu3: မြန်မာနိုင်ငံတွင် ၁၆ နှစ်ကျော်ကြာ ရင်းနှီးမြှုပ်နှံခဲ့သော ကမ္ဘာကျော် လူသုံးကုန်နှင့် စား သောက်ကုန်ကုမ္ပဏီကြီး Unilever က ရှယ်ယာများ ရောင်းချပြီး ထွက်ခွာတော့မည် ရန်ကုန်၊ နိုဝင်ဘာ ၄ မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်ကတည်းက ဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခဲ့သော ကမ္ဘာကျော် လူသုံးကုန်ကုမ္ပဏီကြီး Unilever က ကုမ္ပဏီပိုင်ရှယ်ယာများကို ရောင်းချပြီး မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ဝန်ထမ်းများကို တရားဝင် အသိပေးလာသည်ဟု ရုံးတွင်း အသိပေးချက်အရ သိရှိရသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော Unilever က သူ၏ ရှယ်ယာများကို မြန်မာဖက်စပ် ကုမ္ပဏီထံသို့ လွှဲပြောင်းရောင်းချပြီး မြန်မာနိုင်ငံမှ လုပ်ငန်းများ ရပ်ဆိုင်းထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။ Unilever ကုမ္ပဏီကြီး ၏ သီရိလင်္ကာ၊ ကမ္ဘောဒီယား၊ မြန်မာ နှင့် လာအိုနိုင်ငံမှ လုပ်ငန်းစုဆိုင်ရာ လုပ်ငန်းစု အကြီးအကဲ Ali Tariq က ဝန်ထမ်းများထံ ပေးပို့ထားသည့် လုပ်ငန်းဆိုင်ရာ အသိပေးသည့် အီးမေးလ်တွင် Unilever အနေဖြင့် UEMCL ဖက်စပ်ကုမ္ပဏီတွင် ပိုင်ဆိုင်ထားသော ရှယ်ယာများကို ၎င်း၏ မြန်မာလုပ်ငန် းမိတ်ဖက် EAC Group နှင့် ဆက်နွယ်သည့် Centig Holding Company Limited ထံသို့ ရောင်းချရန် သဘောတူထားကြောင်း အသိပေးထားသည်။ အဆိုပါ ရှယ်ယာလွှဲပြောင်းမှုသည် သက်ဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းဆိုင်ရာ ခွင့်ပြုချက်များ ရရှိရန် လိုအပ်နေသေးပြီး ၂၀၂၇ ခုနှစ်အတွင်း အပြီးသတ်နိုင်ရန် မျှော်မှန်းထားကြောင်း သိရှိရသည်။ Unilever ရှယ်ယာရောင်းချမှု အပြီးသတ်ပြီးနောက် မြန်မာနိုင်ငံရှိ လုပ်ငန်းများကို EAC Group ၏ ပိုင်ဆိုင်မှုအောက်တွင် ဆက်လက်လည်ပတ်သွားမည်ဖြစ်ပြီး လက်ရှိဒေသတွင်း အမှတ်တံဆိပ်များဖြင့် စားသုံးသူများကို ဆက်လက်ဝန်ဆောင်မှုပေးသွားမည်ဟု ဆိုသည်။ Unilever သည် ကမ္ဘာတစ်ဝန်းရှိ ၎င်း၏ လုပ်ငန်းအစုအဖွဲ့များကို ရေရှည်တိုးတက်မှုရရှိစေရန် ပြန်လည်ပြင်ဆင်နေပြီး ဦးစားပေးဈေးကွက်များအပေါ် စီမံခန့်ခွဲမှုအာရုံစိုက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဦးစားပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း Ali Tariq ၏ အီးမေးလ်တွင် ရှင်းပြထားသည်။ ယခုဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံရှိ ဝန်ထမ်းများ၏ လုပ်ဆောင်မှု၊ ကြိုးစားအားထုတ်မှုနှင့် စွမ်းဆောင်ရည်တို့အပေါ် အခြေခံသည့် ဆုံးဖြတ်ချက်မဟုတ်ဘဲ ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းအစုအဖွဲ့များကို ပြန်လည်ရွေးချယ်သတ်မှတ်ခြင်းသာဖြစ်ကြောင်းလည်း အီးမေးလ်တွင် ဖော်ပြထားသည်။ ထို့ပြင် EAC သည် Unilever ၏ လုပ်ငန်းမိတ်ဖက်အဖြစ် ၂၀၁၇ ခုနှစ်ကတည်းက လက်တွဲလာခဲ့သည့် ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံရှိ လုပ်ငန်း၊ ဝန်ထမ်းများနှင့် စားသုံးသူဈေးကွက်အကြောင်း ကောင်းစွာနားလည်သည့် မိတ်ဖက်ဖြစ်ကြောင်း၊ ရန်ကုန်နှင့် မန္တလေးရှိ စက်ရုံများအပါအဝင် လုပ်ငန်းများကို ရှေ့ဆက်လည်ပတ်နိုင်ရန် EAC က သင့်လျော်သည့် အနေအထားရှိကြောင်း Ali Tariq က ပြောဆိုထားသည်။ အဆိုပါ ရှယ်ယာရောင်းချမှုကြောင့် မြန်မာနိုင်ငံရှိ လုပ်ငန်းများနှင့် စက်ရုံများကို ချက်ချင်းပိတ်သိမ်းမည်မဟုတ်ဘဲ ပိုင်ဆိုင်မှုလွှဲပြောင်းပြီးနောက် EAC Group က ဆက်လက်လည်ပတ်သွားမည့် အစီအစဉ်ဖြစ်ကြောင်း၊ လုပ်ငန်းလွှဲပြောင်းမှုကာလအတွင်း ဝန်ထမ်းများကို ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာဌာနအကြီးအကဲများက ဆက်လက်အသိပေးသွားမည်ဟုလည်း အီးမေးလ်တွင် ရေးသားထားသည်။ "တကယ်တော့ Unilever က မြန်မာနိုင်ငံက ထွက်ခွာတာပါ။ အဲဒါကို ဝန်ထမ်းတွေကို လျော်ကြေးမပေးဘဲ ပိုင်ရှင်နာမည်ပဲပြောင်းတာဆိုပြီး လူလည်ကျနေတယ်။ တရားဝင် အီးမေးလ်စာ ရပြီးတော့ ဝန်ထမ်းတွေမှာလည်း စိတ်ဒုက္ခရောက်နေရပါတယ်။ လျော်ကြေးကိစ္စပြောတော့လည်း ဘယ်သူပြောတာလဲဆိုပြီး ဘာမှမရဘဲ အလုပ်ဖြုတ်မှာ ကြောက်လည်းကြောက်နေရတယ်" ဟု Unilever ကုမ္ပဏီမှ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်။ Unilever သည် မြန်မာနိုင်ငံဈေးကွက်သို့ ၂၀၁၀ ပြည့်နှစ်တွင် ဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် မေလတွင် မြန်မာနိုင်ငံရှိ Europe and Asia Commercial Company Limited (EAC) နှင့် အိမ်သုံးပစ္စည်းနှင့် ကိုယ်ခန္ဓာသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချရေးဆိုင်ရာ ဖက်စပ်လုပ်ငန်းတစ်ခု တည်ထောင်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် အဆိုပါဖက်စပ်လုပ်ငန်းတွင် Unilever နှင့် EAC တို့၏ အိမ်သုံးပစ္စည်းနှင့် ကိုယ်ခန္ဓာသုံးပစ္စည်းလုပ်ငန်းများကို ပေါင်းစပ်ခဲ့ခြင်းဖြစ်ပြီး စတင်ချိန်တွင် နှစ်စဉ်ရောင်းအား ယူရိုသန်း ၁၀၀ ကျော်ရှိခဲ့ကြောင်း သိရှိရသည်။ ထိုစဉ်က EAC သည် ဆပ်ပြာမှုန့်နှင့် ပန်းကန်ဆေးရည်ကဲ့သို့သော အိမ်သုံးသန့်ရှင်းရေးပစ္စည်းများ ထုတ်လုပ်ရောင်းချနေပြီး Unilever ဘက်တွင် Clear ခေါင်းလျှော်ရည်၊ Signal သွားတိုက်ဆေးနှင့် Rexona ချွေးနံ့ပျောက်ဆေးအပါအဝင် လူသုံးကုန်အမှတ်တံဆိပ်များ ရှိခဲ့သည်။ #unilver #မြန်မာနိုင်ငံမှထွက်ခွာ #THENEWANGLE​ #fypppp​

The News Angle
The News Angle
Open In TikTok:
Region: MM
Wednesday 04 November 2026 12:20:45 GMT
4851
65
1
28

Music

Download

Comments

hkyw7
W :
@W:အားပေးကြပါဦးဗျ HHWKK Online Shop - TikTok Page
2026-11-05 02:55:13
0
To see more videos from user @hee.hu3, please go to the Tikwm homepage.

Other Videos


About