@chan.nyein8483: ချန်ပီယံလိဂ်စပြီဆိုတာနဲ့ ၂ နှစ်ဆက်ချန်ပီယံကြီး ပီအက်စ်ဂျီတို့ ပုံစံကောင်းတွေ စပြတော့တာပါပဲ ။ အခုဆိုရင် ၄ ပွဲကစား ၄ ပွဲစလုံးနိုင်ထားတဲ့ တသင်းတည်းသောအသင်း ( လီဗာပူးနဲ့ ရီးရဲတို့လည်း ဖြစ်လာနိုင်ပါသေးတယ် ) အဖြစ်ရှိနေသလို ၄ ပွဲမှာ ဂိုး၂၀ အထိ သွင်းယူပြီး ပုံစံကောင်းပြသထားပါတယ် ။ စလိုဗန် ဘရာတစ်ဆလာဗာကို ဖယ်လိုက်ရင် မန်စီးတီး ၊ ဘာစီလိုနာ ၊ ဗီလာရီးရဲတို့က သာမာန်အသင်းတွေ မဟုတ်ပါဘူး ။ ဒီအသင်းတွေကိုလည်း ဂိုးပြတ်အနိုင်ကစားခဲ့တာပါ ။ မနေ့ညကပွဲမှာဆိုရင် ဒမ်ဘီလီ ၊ ခဗားရက်စ်ခီလီယာ ၊ မာကွင်ညို့စ် ၊ နူနိုမန်ဒက်စ်တို့ မပါခဲ့ပေမယ့် ပီအက်စ်ဂျီက ပီအက်စ်ဂျီအဖြစ် ဆက်ရှိနေခဲ့ပါတယ် ။ ၃ နှစ်ဆက် ချန်ပီယံဖြစ်ဖို့အတွက် ပြောဖို့စောသေးပေမယ့် ဒီနှစ်လည်း PSG က ဗိုလ်စွဲဖို့ အဆင်သင့်ပဲဆိုတာ ငြင်းလို့မရနိုင်ပါဘူး ။ #manchesterunited #မန်ယူဖန်တွေရှိလား😘😘😘 #footballtiktok #ထာဝရမန်ယူဖန်😍😍😍⚽⚽⚽ #မန်ယူဖန်ဆိုသဲလေးတော့ပေးသွား❤
Manchester United (FAN Boy)
Region: MM
Wednesday 04 November 2026 13:50:48 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @chan.nyein8483, please go to the Tikwm
homepage.