@soe.win.kyaw39: "ပိုက်ဆံက ဘဝကြီး မဟုတ်ပါဘူးဆိုတဲ့ လူတွေရဲ့စကားကို ငါ မငြင်းပါဘူး ဒါပေမယ့် ငါ လိုချင်တဲ့ဘဝက ပိုက်ဆံရှိမှ ဖြစ်မှာမလို့ပါ" ပိုက်ဆံကို ကြိုးစားရှာနေတာက တစ်ခြားသူတွေထက် ပိုချမ်းသာချင်လို့ မဟုတ်ပါဘူး။ ဒုက္ခရောက်လာတဲ့အချိန်မှာ ဘယ်သူ့ကိုမှ မျှော်လင့်မနေရအောင်၊ ဘယ်သူ့ရှေ့မှာမှ လက်ဖြန့်မတောင်းရအောင် ကြိုးစားနေတာပါ။ လူတိုင်းက ကိုယ့်ဘဝကိုယ် တာဝန်ယူရတာပါ အခက်အခဲတွေ ကြုံလာတဲ့အချိန်မှာ တချို့က ကူညီပေးနိုင်ပေမယ့် အမြဲတမ်းတော့ မဖြစ်နိုင်ပါဘူး အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုပဲ အားကိုးရတာ၊ ကိုယ့်လက်ထဲမှာရှိတဲ့ အင်အားနဲ့ပဲ ရပ်တည်ရတာပါ။ ဒါကြောင့် ပိုက်ဆံဆိုတာ ဂုဏ်ယူဖို့အတွက် မဟုတ်ဘူး ကြွားဝါဖို့အတွက်လည်း မဟုတ်ဘူး မိသားစုကို လုံခြုံစေဖို့၊ ကိုယ်ချစ်တဲ့သူတွေကို မျက်နှာမငယ်စေဖို့၊ မမျှော်လင့်ထားတဲ့ ဒုက္ခတွေ ရောက်လာတဲ့အချိန်မှာ အေးအေးချမ်းချမ်း ရင်ဆိုင်နိုင်ဖို့ အတွက် လိုအပ်တာပါ။ ဘဝက ဘယ်အချိန်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကြိုမသိနိုင်ပါဘူး ၊ ဒါပေမယ့် ကြိုတင်ပြင်ဆင်ထားတဲ့သူ ကတော့ အခက်အခဲကို ပိုပြီးတည်ငြိမ်စွာ ရင်ဆိုင်နိုင်ပါတယ် ၊ ဒါကြောင့် ဒီနေ့ ကြိုးစားနေရတာကအနာဂတ်မှာ ဘယ်သူ့ကိုမှ မမှီခိုရဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ပါ။ crd_to_owner_with_respect soewinkyaw-content creator (မင်းပြား) #ပိုက်ဆံ #money #ပိုက်ဆံ #money #ငွေငွေငွေ
စိုးဝင်းကျော်(➋🅜)
Region: MY
Wednesday 04 November 2026 14:58:20 GMT
Music
Download
Comments
NYINYI ( AungnaingLin ) :
👍
2026-11-04 16:31:35
0
Mêi Líng🌻 :
✅💯%
2026-11-05 05:32:25
0
To see more videos from user @soe.win.kyaw39, please go to the Tikwm
homepage.