@ash.candima: 🪷သီတဂူဆရာတော်ကြီး၏မေတ္တာပို့ မေတ္တာနိသာကရော လောကေ၊ သမ္မာ ဘာတု သုခံကရော။ မေတ္တာသီတလရံသီဟိ၊ သုခန္တု ဖုသိတာ ပဇာ။ ကျောင်းထိုင်ဘုန်းကြီးရေးရာ ပဒေသာ လောကေ-သတ္တဝါ အလီလီ ခိုမှီပေါလတ် လောကဓာတ် ကမ္ဘာ အတွင်း၌။ မေတ္တာနိသာကရော-မေတ္တာအေးလူ ဖွေးဖြူပဝင်း ငွေလမင်း ကြီးသည်။ သမ္မာ-သတ္တဝါတစ်တွေ အေးမြစေဖို့ အသရေရွှန်းကာ ကောင်းမွန်စွာ။ သုခံကရော- သူလည်းဝမ်းသာ ငါလည်းရွှင်ပြုံး နှလုံး စိတ်ဝမ်း လန်းလာယခု ချမ်းသာကိုပြုလျက်။ ဘာတု- ရန်လည်းကင်းဝေး ဘေးလည်းမခ အအေးရဖို့ ရွှန်းမြအသရေ ထွန်းပါစေသတည်း။ မေတ္တာသီတလရံသီဟိ- မေတ္တာဖွေးလှပ် အအေးဓာတ်ဆောင် သည့် အရောင်အဝါတို့ဖြင့် (ဝါ) တို့သည်။ ဖုသိတာ-အဖုံဖုံလွှမ်း ထုံမွှမ်းမလပ် တွေ့ထိအပ်ကုန်သော။ ပဇာ- ကမ္ဘာ့ခေတ်ဗွေ အပြည်ပြည်၌ တည်နေများစွာ သတ္တဝါတို့သည်။ သုခန္တု- ကိုယ်စိတ်အေးကာ ဘေးရန် ကွာ၍ ဝမ်းသာတကွ ချမ်းသာကြပါစေကုန်သတည်း။ ဦးစန္ဒိမာ နမ့်လင်းခံရွာကျောင်း နောင်ချိုမြို့မှ ပူဇော်ပါသည်။ 📕📕📕📕📕📕📕📕📕📕

Ash Candima
Ash Candima
Open In TikTok:
Region: MM
Wednesday 04 November 2026 15:49:09 GMT
104
6
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @ash.candima, please go to the Tikwm homepage.

Other Videos


About