@ericjunior52848: ပန်းတွေပွင့်ရမယ့် လူငယ်ဘဝဆိုတာ အခုခေတ်မှာတော့ အိမ်မက်တစ်ခုလိုပဲ ဝေးကွာလွန်းနေခဲ့ပါပြီ။ မြို့ကြီးပြကြီးတွေပေါ်မှာ ကားကောင်းကောင်းမစီးနိုင်လို့၊ လူနေမှုအဆင့်အတန်း မမီလို့ ညည်းတွားနေကြတဲ့ သာမန်သောကတွေရှိနေချိန်မှာ... အခြားတစ်ဖက်က မြေပြင်မှာတော့ ကိုယ့်ရဲ့ရဲဘော်ရဲဘက် သူငယ်ချင်းအရင်းခေါက်ခေါက်ကိုတောင် သေကွဲခွဲပြီး တက်မဆွဲနိုင်ခဲ့လို့ ရင်ကွဲမတတ် ချုံးပွဲချငိုနေရတဲ့ လူငယ်တွေ ဒုနဲ့ဒေး ရှိနေပါတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်ပါတယ်ဆိုတဲ့ လူကြီးတစုက ကြယ်ငါးပွင့်ဟိုတယ်တွေထဲမှာ သောက်စားပျော်ပါး ဇိမ်ခံနေကြချိန်၊ မတရားမှုကို တော်လှန်ပါတယ်ဆိုတဲ့ အာဏာရှိလူကြီးတချို့ကလည်း ပြည်ပမှာ ဘေးကင်းလုံခြုံစွာ ခိုလှုံနေကြချိန်မှာ... တကယ့်အာဂလူငယ်တွေကတော့ သေနတ်ပြောင်းဝပေါ်မှာ အသက်တွေကို စတေးပြီး လမ်းလျှောက်နေကြရရှာတယ်။ ဒီမတရားတဲ့ စစ်ပွဲကြီး မပြီးနိုင်သေးသရွေ့၊ လူတစ်စုရဲ့ လွဲမှားတဲ့အတ္တနဲ့ အတွေးအခေါ်တွေ ရှိနေသရွေ့... တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တဲ့ လူငယ်တွေရဲ့ သွေးနဲ့ချွေး၊ ပေးဆပ်ခဲ့ရတဲ့ ရည်မှန်းချက်တွေဟာ တော်တော်လေးကို များပြားလွန်းလှပါပြီ။ အမှတ်တရတွေရော၊ အနာဂတ်တွေပါ မီးထဲမှာ လောင်ကျွမ်းနေတာကို အဝေးကနေပဲ မရဲတရဲ ခိုးကြည့်နေရတဲ့ ဘဝတွေ ဘယ်တော့မှ အဆုံးသတ်မှာလဲ...#စာတို #လူငယ်များဆီသို့ #မြန်မာနိုင်ငံတော်ကြီးအေးချမ်းပါစေ #fypp
နွေဦး(ကန့်ဘလူမြေ)
Region: MM
Thursday 05 November 2026 00:33:38 GMT
Music
Download
Comments
🪖 :
ကိုယ်ဖြစ်ကိုယ်ခံ ပဲ 😁
2026-11-05 14:23:56
1
🍀🍀🍀 :
နှစ်ဖက်လုံးကအထက်လူကြီးတွေပဲကောင်းစားကြတာအောက်ခြေရဲဘော်တွေကအသက်တွေကိုယ်လက်အဂ်ါတွေစွန့်ပေးရ
2026-11-05 07:48:34
1
MoE1223 :
ပြန်တင်မယ်နော်
2026-11-05 01:48:50
1
Kaung Htiat :
2026-11-05 05:44:23
1
Kyaw Zin :
ဝမ်းနည်းမိတယ် ဒုက္ခိတဖြစ်သွားရတဲ့လူငယ်တွေ
ယုံကြည်ချက်ခံယူချက်တွေကောင်းပေမယ့် ရလာဒ်ကအနူတ်အခြေနေနဲ့ ပျက်စီးအိမ်ရွာ သေကြေအရွယ်စုံနဲ့
ကပ်သုံးပါဆိုဒ်တဲ့ကာလကြီးမှာ
ရန်သူမျိုးငါးပါးဘေးကလည်းမလွတ်ကြပြန်ဘူး တချို့ဘဝတွေ ကမ္ဘာပေါ်မှာသူတို့ရှိနေခဲ့တယ်ဆိုတာတောင်
မူန်ဝါးဝါးပဲကျန်တော့တယ်
ရှေ့ဆက်ရဦးမယ်အတွေးတွေနဲ့နောက်ပြန်မကြည့်နိုင်ကြတော့ဘူး
2026-11-05 07:47:03
1
Mara :
😢😢😢💔💔💔
2026-11-05 10:03:42
1
P12503372 :
💔
2026-11-05 04:59:37
1
Ko Htun Maw :
🙏🙏🙏
2026-11-06 13:13:23
0
To see more videos from user @ericjunior52848, please go to the Tikwm
homepage.