@lonemuslimah0630:

Lone Muslimah 🧕🏽
Lone Muslimah 🧕🏽
Open In TikTok:
Region: US
Thursday 05 November 2026 01:17:26 GMT
740
156
0
9

Music

Download

Comments

There are no more comments for this video.
To see more videos from user @lonemuslimah0630, please go to the Tikwm homepage.

Other Videos

Grade-12 ဘောဂဗေဒ အောင်ချက် မြင့်မားရေး! ၁။ ပထမဦးဆုံး
Grade-12 ဘောဂဗေဒ အောင်ချက် မြင့်မားရေး! ၁။ ပထမဦးဆုံး "အောင်မှတ်" ရအောင် အဓိကလုပ်ပါ။ စာမေးပွဲဖြေတာနဲ့ စိတ်ကိုအေးအေးထားပါ။ စာမေးပွဲအောင်ဖို့အတွက် သေချာပေါက် အမှတ်ရနိုင်တဲ့ အပိုင်းတွေကို အရင်ဆုံး အသေအချာချိန်ပြီး အပြတ်ဖြေပါ။ ​၂။ အမှတ်အပြည့်ရနိုင်တဲ့ အပိုင်းတွေကို ဦးစားပေးဖြေပါ။ Def (အဓိပ္ပာယ်ဖွင့်ဆိုချက်များ): စာကျက်ထားရင် အမှတ်အပြည့်ရနိုင်တာနဲ့ အရင်ဆုံး သေချာဖြေပါ။ ​တွက်စာများ (Calculations): ဖော်မြူလာမှန်ရင် ဂဏန်းကိုိင်တာတွေမှန်ရင် အမှတ်အပြည့်ရတာမို့ အချိန်မဆွဲဘဲ အရင်ဆုံး တွက်ထုတ်လိုက်ပါ။ ဂဏန်းကိုလည်း မေ့တာကျန်ရစ်တာတေွ မဖြစ်ရဖို့ စိတ်အေးအေးထားဖို့လိုပါမယ်။ ဂဏန်းတွေမှားရင်ပုံတွေမှားနိုင်တာကို မမေ့ပါနဲ့။ ၁ မှတ်တန် မေးခွန်းများ အချိန်အများကြီး မပေးပါနဲ့။ နံပါတ်တပ်ပြီး တန်းဖြေသွားပါ။ မစဉ်းစားနိုင်သေးတာတွေနဲ့ အချိန်မဖြုန်းဘဲ အရင်ကျော်ခိုင်းပါ။ ၃။ အပုဒ်ကြီးတွေမှာ ကိုယ်အရဆုံး အပုဒ်ကို ရွေးဖြေပါ။ ၁၀ မှတ်တန်၊ ၂၀ မှတ်တန် အပုဒ်ကြီးတွေက ဘယ်လောက်ပဲ ရေးနိုင်ရေးနိုင် အမှတ်အပြည့်ရဖို့ ခဲယဉ်းပါတယ်။ ဒါကြောင့် တွက်စာနဲ့ ၁ မှတ်တန်တွေကို အရင် ဦးစားပေးဖြေပါ။ ပြီးမှ အပုဒ်ကြီးတွေထဲက မိမိနဲ့ အသင့်တော်ဆုံး၊ ကိုယ်အမှတ်အများဆုံး ယူနိုင်မဲ့ အပုဒ်ကို ရွေးချယ်ပြီး အေးအေးဆေးဆေး ဖြေဆိုပါ။ ၄။ "ပုံ" တွေကို မဖြစ်မနေ သေချာဆွဲပါ။ ဘောဂဗေဒမှာ ပုံ (Graphs/Diagrams) တွေက အမှတ်ရဖို့ အလွန်အရေးကြီးပါတယ်။ ပုံပါတဲ့ မေးခွန်းဆိုရင် ခေါင်းစဉ်နဲ့ ဝင်ရိုးအမည်တွေအထိ သပ်သပ်ရပ်ရပ် သေသေချာချာ ဆွဲပေးပါ။ ပုံလွဲရင် အမှတ်ပိုင်နိုင်ပါတယ်။ ၃နာရီဆိုတဲ့အချိန်အတွင်းမှာ - ​1မှတ်တန်ကို 15မိနစ်ထပ်ပိုပြီး အချိန်မပေးပါနဲ့ ​defကို 10မိနစ် ​တွက်စာကိုတော့ အနည်းဆုံးမိနစ်20အများဆုံး မိနစ်30 ထပ်ပိုမပေးပါနဲ့ ​10မှတ်တန်တစ်ပုဒ်ကို အနည်းဆုံး10မိနစ်နဲ့ အများဆုံး 15မိနစ် ​20မှတ်တန်ကို အနည်းဆုံး 20မိနစ် အများဆုံး30မိနစ် ​အဲ့ထက်အချိန်ပိုပေးမိပါနဲ့ မရတာကိုလည်း အချိန်ကုန်ဆုံးပြီး မစဉ်းစားပါနဲ့။ #fyp #tiktoktext #grade12 #exam #viral

About