@pink.apple11: သားက ဆွေ မရှိ မျိုးမရှိ မိဘမရှိ တကောင်ကြွက်ဖြစ်သွားတာပေါ့ ဘုရနားမှာ နေတဲ့လူတွေရဲ့ ပေးတာယူ ကြွေးတာစား ခိုင်းတာလုပ်နဲ့ သားလဲ ပျော်ပျော်ကြီး နေခဲ့တာဘဲ..... ......... မင်းက ဘာလို့ ဒီလို ဘဝရောက်ရတာလဲ ....... ရွှေသာလျောင်းဘုရားပေါ် မျက်နှာကျက်ပေါ်က.....စာကလေးသိုက်ကို သားက တက်ကြည့်ချင်တာနဲ့ ဘုရားပေါ်တက်သွားတာ ဘုရားမျက်နှာတော် ဦးခေါင်းတော်ပေါ် ရောက်တော့ သားအရပ်နဲ့ မျက်နှာကျက်ကလဲ မမှီဘူး အဝေးကြီးကျန်သေး အပေါ်ကို မော့ကြည့်ရာကနေ အောက်ကိုငုံ့ကြည့်လိုက်တော့ သားက မူးပြီး ပြုတ်ကြတာ...... ......... ရင်ဘတ်ထဲကို အောင့်ပြီး အသက်လဲ ရှူလို့မရတော့ဘူးဖြစ်သွား... သားသတိရလာတော့ ဘုရားထဲက လူတွေကတော့ သားကို Tay ပြီ ပြောနေကြတာဘဲ ဒါပေမဲ့ သားက ဒီတိုင်းဘဲ သားကိုယ်တိုင်လဲ သားမြင်နေရတယ် ခေါင်းကွဲ ပိန်ချိုင့် ပါးစပ်ကလဲ tway တွေ စီးကျ လက်တွေ ခြေထောက်တွေကျိုး ....... သယ်သွားကြတာဘဲ ..... ပြီးတော့ သားပြုတ်ကျတဲ့နေရာ သန့်ရှင်းရေးလာ လုပ်ကြတယ် သားလဲ အဲ့နေရာမှာဘဲ နေ နေတာဘဲ ......... မောင်လေးအတွက် သက်ပျောက်ဆွမ်းလေးမကပ်ပေးကြဘူးလား ......... သက်ပျောက်ဆွမ်းဆိုတာ ဘာလဲမမ.... ......... ‌ဪ....သူဘယ်နားလည်မလဲလေ ...... ဖြစ်ရလေ ကလေးရယ်.... ........ ကဲ မမ ဘာလုပ်ပေးရမလဲ မောင်လေး ဘာဖြစ်ချင်လဲ ........ သားနေရာကိုဘဲ သားကို ပြန်ပို့ပေးလေ ...... သားအဲ့နေရာမှာဘဲ ပျော်တယ်.... ........ သားကို ဒီထက်သာတဲ့ ဘဝမျိုးရောက်အောင် မမက လုပ်ပေးနိုင်တယ် သား သွားမလား.... ....... ကလေးက တချက် တွေဝေသွားတယ်... ...... သား‌ကြောက်တယ် မမရယ် နေရာသစ်ကို မသွားချင်းဘူး သားကို ဘုရားကိုဘဲ ပြန်ပို့ပေးပါနော် .......... ........ မနောက ခေါင်းလေးကို ပွတ်သပ်ပေးကာ ဒါဆို မနက်စောစော လိုက်ပို့ခိုင်းမယ် ဒီညတော့ မဆော့တော့ဘဲ ငြိမ်ငြိမ်နေပေးဖို့ ဂတိပေးမလား ကားဆရာ အိပ်ရေးဝအောင်လေ.... .......... ဟုတ်ကဲ့မမ သားငြိမ်ငြိမ်လေးဘဲ နေပါ့မယ်... ......... ........ မနောက ကားပေါ်က ဆင်းလာသည် ကားဆရာ မနက်ကို ပဲခူးရွှေသာလျောင်းဘုရားကို ပြန်လိုက်ပို့ပေးလိုက်ပါ ဟိုရောက်ရင် မင်းနေရာမင်းရောက်ပြီး ဆင်းနေခဲ့တော့ ပျော်‌‌ပျော်ရွှင်ရွှင် နေခဲ့ပါ သားရေလို့ ပြောပြီး 15 မိနစ်လောက်စောင့်ပေးပြီးမှ ပြန်မောင်းလာခဲ့နော်.... ........... ကျေးဇူးပါ သမီးသမီးရေ ခုမှဘဲ စိတ်အေးသွားရတော့တယ် တမိသားစုလုံးက စိုးရိမ် ကြောက်လန့်နေရတာ.... ...... ....... မနောတို့ မိသားစုလဲ ကားဆရာ မိသားစုကို နှုတ်ဆက်ကာ ပြန်လာခဲ့လေသည် မီးလင်းတဲ့ ကားပေါ်ကြည့်တော့ ကားပြတင်းပေါက်ကနေ ကလေးက ပြုံးပြုံးကြီးနဲ့ထိုင်ပြီ တာ့တာ ‌ပြနေသည်.... ........... မနောလဲ ကားပြတင်းပေါက် ခေါင်းလျှိုကာ တာ့တာ ပြလိုက်သည် ........ ပြန်လာတဲ့ လမ်းတစ်လျှောက် အဖြစ်ပျက် အလုံးစုံကို ဖေဖေနဲ့မေမေကို ပြောပြလာခဲ့သည် ....... ဪ သနားစရာ ကလေးငယ်နော် ဖြစ်ပုံတွေ ဆန်းကြယ်လိုက်တာ ........ ဘုရား ဘုရား ဘုရား ကိုယ်တွေ မသိနိုင်တဲ့ မကျွတ်လွတ်တဲ့ ဘဝတွေ ဘယ်လောက်တောင် များပြားနေဦးမလဲနော် ........ သူဌေးကတော်ကြီးက ဘုရားတကာ ရေရွတ်နေမိတော့သည်.....

PINK APPLE
PINK APPLE
Open In TikTok:
Region: MM
Thursday 05 November 2026 04:00:02 GMT
9548
1118
56
15

Music

Download

Comments

mone13761
မုန်း :
ဒီသီချင်းသံလေးကြားရင် ဝမ်းကိုသာနေတာ🥰🥰🥰🥰🥰🥰 ဇာတ်လမ်းလေးပီးမှာကြောက်နေ
2026-11-05 07:03:29
1
zinzin1640
Zin Zin :
ဒီသီချင်းသံကြားချင်လို့ဖုန်းပျက်ထဲတကူတကဝင်ပီးပြန်ရှာရတယ်စာရေးဆရာရေ
2026-11-08 15:11:20
1
user4437138404016
user4437138404016 :
ကျေးဇူးအထူးတင်းပါတယ်ရှင့်အပိုင်းဆက်လေးမျော်နေမယ်
2026-11-05 12:39:10
2
phyu.lay6647
phyu Lay :
ဖက်လို့ရတာအရမ်ကောင်းတယ်
2026-11-05 05:31:49
2
user9514500058377
ซาน โทน :
စာရေးဆရာရယ် ကျေးဇူးပါနော် အဆုံးထိ စောင့်မျော်နေပါတယ် နော်[စိတ်ကြည်နူးမိ][တောင်းပန်][အသည်းနီ]
2026-11-05 12:44:54
2
kyaw.myat.lin0
Kyaw Myat Lin :
ကျေးဇူးပါထပ်တင်ပေးတဲ့အတွက်
2026-11-05 10:51:35
2
user9782592405187
အရိပ်ကလေး :
အဆက်လေးပါနော်
2026-11-06 06:45:06
1
user573849661865
user573849661865 :
မဖက်ရသေးသောအပိုက်လေးတေဝင်ဖက်လိုက်သည့်ကျေးဇူးပါရှင့်💖💖💖
2026-11-06 12:42:20
1
30701266601
HLA HLA😍😘 :
အဆက်
2026-11-07 07:01:50
1
dawnyo754
dawnyo :
ဗဟုသုတတွေရပါတယ်ဆရာ🥰🥰🥰
2026-11-06 03:54:36
1
user256577902
သားတို့မေမေ :
ကြိုက်လိုက်တာ ဖတ်မဝဘူး
2026-11-06 12:55:18
1
war.war5494
သွေးသစ္စာ :
သံဝေဂတရား ရစရာပါ
2026-11-05 13:07:45
1
user3575665952042
ရဲထွဋ် :
အဆက်လေး
2026-11-06 01:57:53
1
swe.swe.swe.swe6
Swe Swe (အိမ်ခြံမြေ) :
ကျေးဇူးပါ
2026-11-05 05:54:12
1
user8314540366948
ခါးသက်ချို :
🥰
2026-11-06 09:50:08
1
cho.lay725
Cho Lay :
🥰🥰🥰🥰🥰🥰🥰🥰🥰
2026-11-07 04:33:48
1
myint.yadanar.swe
Myint Yadanar Swe :
2026-11-05 10:54:25
1
daesi70
daesi :
🥰🥰🥰🥰🥰🥰🤩🤩🤩
2026-11-05 07:09:18
1
win.lay6016
Sein nwe :
လေးစားအားကျရပါတယ်ဆရာရယ် အားပေးလျက်ပါ
2026-11-05 13:19:55
1
ၾကဴၾက
ၾကဴ ၾကဴ :
ဖတ်ရတာအရမ်းကောင်းတယ်ပြီးမှာတောင်စိုးရိမ်တယ်ရှင့်
2026-11-05 09:01:06
1
win.lay371
🌷နှင်းဆီ🌷နှင်းဆီ🌷 :
သီချင်းလေးလဲကြိုက်စာသားတွေကလဲဖတ်လို့ကောင်းနဲ့ပြီးမှာတောင်ဆိုးနေတယ်
2026-11-06 15:24:52
1
user9090261104756
Thandar :
ဆရာရေ.မအားတဲ့ကြားကအခုလိုထပ်တင်ပေးတဲ့အတွက်ကျေးဇူးပါနော်.ဆရာလဲအများကြီးအောင်မြင်ပါစေရှင့်😁😁😁😁😁
2026-11-05 10:38:40
1
nunushwe870
Nunushwe :
ကျေးဇူးပါနော်
2026-11-05 04:22:13
1
marmarhtwe387
Mar Mar Htwe :
ကျေးဇူးပါဆရာရယ်အဆတ်လေးမျော်နေပါ့မယ်
2026-11-05 13:50:08
1
chaw.supol
Chaw Su Hlaing :
ခလေးဆိုတော့သူဘဝအသိလေးကနားမလည်ရှာတော့ခလေးလေးရယ်၊ဒီဘဝကိုကျွတ်လွှတ်ချင်သိတ်ဖြသ်လာပါစေလို့ဆုတောင်းပေးပါတယ်
2026-11-05 04:11:16
1
To see more videos from user @pink.apple11, please go to the Tikwm homepage.

Other Videos


About