@briansirk0:

tomBrian
tomBrian
Open In TikTok:
Region: US
Thursday 05 November 2026 04:27:51 GMT
249
8
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @briansirk0, please go to the Tikwm homepage.

Other Videos


"ကျောင်းဆရာနဲ့ကျောင်းဆရာမ" မောင်က ကျောင်းဆရာ .... မေက ကျောင်းဆရာမဆိုပါတော့ ... ချစ်သူများနေ့မှာ သူများတွေလို couple shirt ဝယ်စရာမလိုဘူး အဖြူအစိမ်းတွေ ရှိတယ်လေ ....... မောင်က ကျောင်းဆရာ မေက ကျောင်းဆရာမဆိုပါတော့ ....... မင်္ဂလာဆောင်ရင် ဝတ်စုံဖိုး ပူစရာမလိုဘူး တူညီဝတ်စုံ အဖြူအစိမ်းနဲ့ မင်္ဂလာဆောင်မှာပေါ့ ......... မောင်က ကျောင်းဆရာ မေက ကျောင်းဆရာမဆိုပါတော့ ....... အေးချမ်းလှတဲ့ ရွာလေးမှာ နှစ်ယောက်အတူ နေခွင့်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ ........ မောင်က ကျောင်းဆရာ မေက ကျောင်းဆရာမဆိုပါတော့ ....... မနက်စောစောထ ဘုရားဝတ်ပြုပြီး ကျောင်းသွားဖို့ နှစ်ယောက်အတူ ပြင်ဆင်ကြရင် ဘယ်လောက်ကောင်းလိုက်မလဲ........... မောင်က ကျောင်းဆရာ မေက ကျောင်းဆရာမဆိုပါတော့......... အဖြူအစိမ်း တူညီဝတ်ဆင်လို့ ကျောင်းအတူ သွားရရင် ဘယ်လောက်ကောင်းလိုက်မလဲ........ မောင်က ကျောင်းဆရာ မေက ကျောင်းဆရာမဆိုပါတော့........ ရွာစာသင်ကျောင်းလေးမှာ နှစ်ယောက်အတူ ပညာအလင်းရောင် ထွန်းညှိဆောင်ခွင့်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ ........ မောင်က ကျောင်းဆရာ မေက ကျောင်းဆရာမဆိုပါတော့ ...... ညနေကျောင်းဆင်းလို့ အိမ်ပြန်ရောက်ရင် ညစာအတွက် မောင်က ထင်းခွဲ ရေဆွဲ မေက ထမင်း/ဟင်း ချက်ပေါ့ .. ဘယ်လောက်ကောင်းလိုက်မလဲ....... မောင်က ကျောင်းဆရာ မေက ကျောင်းဆရာမဆိုပါတော့ ........ စာသင်ကျောင်းမှာ တပည့်တွေရှိလို့ မကျီစယ်ခဲ့ရသမျှ ညရောက်လို့ အိပ်ရာဝင်ခါနီး တစ်ယောက်ကိုတစ်ယောက် ကျီစယ်ကြရင် ဘယ်လောက်ကောင်းလိုက်မလဲ......... မောင်က ကျောင်းဆရာ မေက ကျောင်းဆရာမဆိုပါတော့....... လစာထုတ်ရက် နှစ်ယောက်အတူ လျှောက်လည်ကြရင် ဘယ်လောက်ကောင်းလိုက်မလဲ....... မောင်က ကျောင်းဆရာ မေက ကျောင်းဆရာမဆိုပါတော့...... အသက်တွေကြီးလို့ အငြိမ်းစားယူသည်အထိ နှစ်ယောက်အတူ ပျော်ပျော်ရွင်ရွင် နေခွင့်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ...... ဟိုကျောင်းဆရာ ဘာကြည့်နေတာလဲ..... ဟိုကျောင်းဆရာမကို ချစ်ရေးဆိုတော့လေ ...... ဟိုကျောင်းဆရာမ ဘာကြည့်နေတာလဲ ...... ဟိုကျောင်းဆရာကို အဖြေပေးလိုက်တော့လေ ...... #teacher #sagainguniversityofeducation

About