@yangsiqi03: တကယ်တော့လေ... ကိုယ်တိုင်လည်း သိနေတာပါ။ ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာတွေ၊ ကိုယ့်ရဲ့ အနစ်နာခံမှုတွေကို သူ တန်ဖိုးထားတတ်မှာ မဟုတ်ဘူးဆိုတာကို ဦးနှောက်က ကြိုသိနေပါတယ်။ ဒါပေမဲ့ နှလုံးသားက ကျတော့ အဲ့ဒီအသိတရားကို လက်မခံချင်ဘူး ဖြစ်နေတယ်။ "သူ တန်ဖိုးမထားဘူး" ဆိုတဲ့ အမှန်တရားထက် "သူ့ကို ချစ်နေမိဆဲပါလား" ဆိုတဲ့ ခံစားချက်က ပိုပြီး အင်အားကြီးနေလို့ ဖြစ်မှာပါ။ တချို့ဆက်ဆံရေးတွေမှာ ကိုယ်က အဆိုးဆုံးကို ကြိုမြင်နေရက်နဲ့ကို ရူးချင်ယောင်ဆောင်ပြီး ဆက်တိုးနေမိတတ်ကြတယ်။ ကိုယ့်ဘက်က စေတနာအမှန်နဲ့ ပေးဆပ်ခဲ့တာတွေကို သူက အပေါစားလို့ သတ်မှတ်သွားရင်တောင် ကိုယ့်ရဲ့ မေတ္တာစစ်မှန်မှုကို ကိုယ်ကိုယ်တိုင် သိနေတာနဲ့တင် ကျေနပ်နေရတဲ့ အနေအထားမျိုးပေါ့။ ဒါပေမဲ့ အဲ့ဒီလို ချစ်ပေးမိတာက အရှုံးတော့ မဟုတ်ပါဘူး။ ကိုယ့်မှာ ချစ်တတ်တဲ့ နှလုံးသား အစစ်အမှန် ရှိတယ်ဆိုတာကို ပြသနေတာပါပဲ။ ကိုယ့်ရဲ့ တန်ဖိုးကို မသိတဲ့သူတစ်ယောက်အတွက် ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ စေတနာတွေကို အလဟဿ မဖြစ်စေချင်တော့ဘူးဆိုတဲ့ အသိတရားလေး မရောက်လာခင်အထိတော့... အဲ့ဒီလို မိုက်မဲခွင့်လေးကိုပဲ ဆက်ခွင့်ပြုပေးလိုက်ပါတော့... #creatorsearchinsights #foryou #fyp #myanmartiktok🇲🇲🇲🇲 #crd

•𝄟✮͢🦋⃟≛⃝ Yang𝄟✮⃝:Siqi:°
•𝄟✮͢🦋⃟≛⃝ Yang𝄟✮⃝:Siqi:°
Open In TikTok:
Region: MM
Thursday 05 November 2026 06:19:46 GMT
7818
523
8
48

Music

Download

Comments

mya.lay.thwe71
Mya Lay Thwe :
စာသားလေးချပေးပါလားရှင့်
2026-11-05 09:56:29
1
nunuyi75
🐷 Ñ 🌸🌻 :
ပြန်တင်ခွင့်ပြုပါရှင့်
2026-11-05 09:29:47
1
zinzin.8998
စေတနာသည် လူတိုင်းနဲ့မထိုက်ပါ🙅 :
😔😔😔
2026-11-05 09:55:41
1
myintmyathu54
🎻🤍🌲🎼🤍🌲M🕊️M🌲T🤍🎼🌲🤍🎻 :
🥰🥰🥰
2026-11-05 06:26:53
1
wahwah1771
💛wah wah💛 :
🥰🥰🥰🥰
2026-11-05 07:11:55
1
aung.phyo1357
aung phyo1357🐯🐯🐯 :
♥️♥️♥️
2026-11-05 11:26:41
0
To see more videos from user @yangsiqi03, please go to the Tikwm homepage.

Other Videos


About