@l.f.c986: 🔴🏆 "လီပါပူးလ်အသင်းနဲ့အတူ ပထမဆုံး ချန်ပီယံလိဂ် သွင်းဂိုးကို ရရှိခဲ့ပေမယ့် ပွဲအပြီးမှာ ရှုံးနိမ့်ခဲ့တာကြောင့် မပျော်ရွှင်နိုင်ပါဘူး" ဆိုတဲ့ 𝑰𝒔𝒂𝒌 ✍️✍️✍️ 🏆 𝑨𝒍𝒆𝒙𝒂𝒏𝒅𝒆𝒓 𝑰𝒔𝒂𝒌 🗣 - ကျတော် ဂိုးသွင်းယူနိုင်ချိန်မှာတော့ ဒါက လီပါပူးလ်အသင်းနဲ့အတူ ကျတော်ရဲ့ ပထမဆုံး ချန်ပီယံလိဂ် သွင်းဂိုး ဖြစ့်တာကြောင့် ဝမ်းသာခဲ့ပါတယ်။ ဒီဂိုးကနေတစ်ဆင့် နောက်ထပ် ပိုမို ကောင်းမွန်တဲ့ ရလဒ်ဆီ ဦးတည်သွားနိုင်မယ်လို့ မျှော်လင့်ခဲ့တာပါ။ ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် အမြဲတမ်း ပျော်ရွှင်ရပေမဲ့ ပွဲအပြီးမှာတော့ ကျတော်တို့ ရှုံးနိမ့်ခဲ့တာကြောင့် မပျော်ရွှင်နိုင်ပါဘူး......။ - ဒီနေ့မှာ ဖီနာဘာချီအသင်းရဲ့ ပရိတ်သတ်တွေရဲ့ အားပေးမှုကလဲ တကယ့်ကို ကောင်းမွန်လွန်းပါတယ်။ ဒါပေမဲ့ ကျတော်တို့ ရမှတ်မရဘဲနဲ့ အိမ်ပြန်ခဲ့ရတာ မဖြစ်သင့်ပါဘူး။ (၂)ကြိမ်တိုင်တိုင် ဦးဆောင်ခွင့် ရခဲ့ပါလျက်နဲ့ ပွဲကို ရှုံးနိမ့်ခဲ့ရတာကတော့ နည်းနည်း ပေါ့ဆလွန်းရာ ကျပြီး လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုး မဟုတ်သလို ကျတော်တို့ကို စိတ်ပျက်စေခဲ့ပါတယ်။ အထူးသဖြင့် ဂိုးသွင်းယူ ပြီးပြီးချင်းမှာပဲ ပေးဂိုးတွေ ပြန်လည်ခွင့်ပြုပေးခဲ့ရတာက အရမ်းကို စိတ်ပျက်စရာပါ.....။ - ကျတော်တို့ အနေနဲ့ အမှတ်ပေးဇယားမှာ ကောင်းမွန်တဲ့ ရပ်တည်မှုတစ်ခု ဖန်တီးထားနိုင်ခဲ့တာကြောင့် ဒီနေ့ပွဲ ရှုံးနိမ့်ခဲ့ပေမဲ့လည်း အခြေအနေက အလွန်အမင်း ရောထွေးရှုပ်ထွေးသွားတဲ့ စိုးရိမ်စရာ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ အနိုင်လမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိအောင်ပဲ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ လာမည့် ပွဲစဉ်ကိုသာ အနိုင်ရခဲ့ရင် ကျတော်တို့ အလွန် ကောင်းမွန်တဲ့ အနေအထားကို ပြန်လည် ရောက်ရှိသွားမှာပါ.....။ (𝑨𝒍𝒆𝒙𝒂𝒏𝒅𝒆𝒓 𝑰𝒔𝒂𝒌 - လီပါပူးလ် တိုက်စစ်မှူး) #YNWA #TRS #LiverpoolFC #FenerbahceFC #UCL

Nyein Chan ko
Nyein Chan ko
Open In TikTok:
Region: MY
Thursday 05 November 2026 10:03:00 GMT
4408
329
2
1

Music

Download

Comments

htet.paing1748
🐉🐉U Xtet Gyi🐲🐲🐲 :
ဒီတစ်ပွဲထဲ မဟုတ်ဘူးလို ့စ်ပြောပါရစေ😊😊
2026-11-05 12:25:15
1
u.lay.si.thu3
😘L.F.C.Fan😘ချစ်စရာဂတုံးလေးပါ :
အစကတည်းကထည့်ရမှာလေ အာရူဟိုကိုလည်းမသုံးတော့မှားတာပေါ့😌
2026-11-06 03:27:21
0
To see more videos from user @l.f.c986, please go to the Tikwm homepage.

Other Videos


About