@suisui108: ကျမက ပြသနာကို မကြိုက်တတ်ပေမဲ့ ကြောက်တတ်တဲ့ မိန်းမမျိုးတော့ မဟုတ်ဘူး။ ပြဿနာတွေကို ရှင်းနေရတာ ပျင်းတယ်။ လူတွေနဲ့ အချေအတင် ပြောဆိုနေရတာ ပျင်းတယ်။ အဲဒါကြောင့် ဖြစ်နိုင်ရင် လူတွေနဲ့ ခပ်ဝေးဝေးနေပြီး ကိုယ့်အေးချမ်းမှုလေးနဲ့ကိုယ် ဂျောင်ကပ်နေတတ်တဲ့ မိန်းမ။ ဒါပေမဲ့ ကိုယ်က ရှောင်နေလို့မှ ပြဿနာက ကိုယ့်ဆီကို လာရှာပြီဆိုရင်တော့ နောက်ဆုတ်ပေးမယ့်သူ မဟုတ်ဘူး။ ပျင်းတာကိုတော့ ဝန်ခံတယ်။ ကြောက်တာတော့ ကျမရဲ့ ရာဇဝင်မှာ မရှိဘူး။ အဆိပ်လည်း ရှိတယ်။ အဆွယ်လည်း ရှိတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ အင်အားကို သူတစ်ပါးကို ဒုက္ခပေးဖို့အတွက် အသုံးမချချင်တာ။ သို့ပေမဲ့ ကိုယ့်ကို လာထိပြီဆိုရင်တော့ အသာလေး ငြိမ်ခံပေးနေမယ့် မိန်းမမျိုးလည်း မဟုတ်ဘူး။ ကိုယ်ခံရတဲ့ နာကျင်မှုကို အလွယ်တကူ မေ့ပစ်တတ်တဲ့သူလည်း မဟုတ်ဘူး။ တစ်ခါတလေ ကိုယ့်ရဲ့ သည်းခံနိုင်စွမ်းကို အထင်မှားပြီး လာစမ်းသပ်တတ်ကြတယ်။ အဲဒီအခါကျမှ ဒီမိန်းမဟာ ငြိမ်နေတာနဲ့ အားနည်းနေတာ မတူဘူးဆိုတာ သိသွားကြရတာ။ ကျမက ဘယ်သူ့ကိုမှ အနိုင်ယူဖို့ မကြိုးစားဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို အရှုံးပေးပြီး နေတတ်တဲ့သူလည်း မဟုတ်ဘူး။ ကိုယ်က ပြဿနာမရှာဘူး။ ပြဿနာကိုလည်း မဖိတ်ခေါ်ဘူး။ ဒါပေမဲ့ ကိုယ့်ဆီကို ရောက်လာတဲ့ ပြဿနာတိုင်းကို ကြောက်ပြီး ရှောင်ပြေးဖို့လည်း စိတ်ကူးမရှိဘူး။ ငြိမ်သက်ခြင်းကို ရွေးချယ်ထားတာဟာ တိုက်ခိုက်နိုင်စွမ်း မရှိလို့မဟုတ်ဘူး။ တိုက်ခိုက်စရာ မလိုအောင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းထားတတ်လို့။ တစ်ခုတော့ မှတ်ထားစေချင်တယ်။ ကျမရဲ့ အေးချမ်းမှုကို လေးစားပေးတဲ့သူတိုင်းအတွက် ကျမက အေးချမ်းတဲ့သူတစ်ယောက်ပါပဲ။ ဒါပေမဲ့ အဲဒီအေးချမ်းမှုကို အားနည်းချက်လို့ ထင်ပြီး လာထိပါးမယ်ဆိုရင်တော့ ကိုယ့်ရဲ့ အစွမ်းအစကို ဘယ်လောက်အထိ ထုတ်ပြနိုင်တယ်ဆိုတာကိုပါ သိသွားရလိမ့်မယ်။ ကျမက ရန်မရှာတဲ့ မိန်းမပါ။ ရန်လာရှာရင်လည်း ကြောက်ပြီး ခေါင်းငုံ့ပေးမယ့် မိန်းမတော့ မဟုတ်ဘူး။ #Crd #fyp

Sui Sui
Sui Sui
Open In TikTok:
Region: MM
Thursday 05 November 2026 11:51:27 GMT
416
22
8
0

Music

Download

Comments

ann.cheng54
Ann Cheng :
Good
2026-11-05 12:27:08
1
user6222325455581
ကျူးလစ်ဝါ🌷 :
2026-11-05 12:28:27
1
hanthidartintswe
🐷🐷🐷 :
ထပ်တူကျလိုcopyပါရစေရှင့်🥰🥰 စာသားလေးချပေးလိုရလားရှင့်🥰🥰
2026-11-05 15:02:24
1
aung.ye.lwin20
zaw :
[Heartwarming][Heartwarming][Heartwarming]
2026-11-05 12:10:50
1
To see more videos from user @suisui108, please go to the Tikwm homepage.

Other Videos


About