@faroutwillow: Hi friends! Just a reminder you're beautiful and you're going places. You're working hard on yourself and your life. You're doing your best and that's all you can do. Press on, traveler; for this is only a rest stop. Your true self lies ahead. #contentcreator #beautiful #fall #autumn #today

Willow ᛑᛗᛛ
Willow ᛑᛗᛛ
Open In TikTok:
Region: US
Thursday 05 November 2026 11:51:46 GMT
148
19
0
57

Music

Download

Comments

There are no more comments for this video.
To see more videos from user @faroutwillow, please go to the Tikwm homepage.

Other Videos


"တစ်နေ့နေ့တော့ ကောင်းမွန်တဲ့ ကိုယ့်အလှည့်လည်း ရောက်လာမှာပါ။" ❤️ ◾ဘဝမှာ လူတိုင်းက ဘယ်သူမှ မသိလိုက်တဲ့ ကိုယ့်ရဲ့ ပင်ပန်းမှုတွေ၊ ပြုံးနေတဲ့မျက်နှာနောက်ကွယ်မှာ ဖုံးကွယ်ထားခဲ့ရတဲ့ ဝမ်းနည်းမှုတွေကို အချိန်ကောင်းတွေက တစ်နေ့ ပြန်လည်ချော့မြူပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားရပါမယ်။ ဘဝဟာ အချို့အချိန်တွေမှာ ဘယ်သူ့ကိုမှ အားကိုးလို့မရတဲ့အထိ ကိုယ့်ကိုယ်ကိုယ် အားပေးပြီး ရှေ့ဆက်ခဲ့ရတဲ့ နေ့ရက်တွေကိုလည်း အချည်းနှီး မဖြစ်ပါစေနဲ့။ အခုထိ မရောက်သေးတဲ့ ပျော်ရွှင်မှုတွေကလည်း ကိုယ့်ဘဝဆီကို လမ်းမှန်မှန်နဲ့ ရောက်လာကြမယ်ဆိုတာ သေချာပါတယ်။ ◾လူတိုင်းဟာ တချို့အချိန်တွေမှာ ဘာမှမဖြစ်သလို နေခဲ့ရပေမဲ့ ရင်ထဲမှာတော့ ပြောမထွက်တဲ့ အကြောင်းအရာတွေ အများကြီး ရှိခဲ့ကြဖူးတယ်။ ကိုယ်တိုင်တောင် နားလည်ဖို့ ခက်ခဲခဲ့တဲ့ ခံစားချက်တွေကို တိတ်တိတ်လေး ဖြေသိမ့်ရင်း မနက်ဖြန်ကို ဆက်လက်မျှော်လင့်ခဲ့ရတာလည်း ရှိကြတာပါပဲ။ ဒါက လောကဓံရဲ့ ပုံမှန်ပြကွက်တွေလိုတောင် ဖြစ်နေပါပြီ။ အခုတော့ ကိုယ့်ဘဝကို ကိုယ်နည်းနည်းလေး ပိုကြင်နာချင်လာပြီ။ အမြဲတမ်းလည်း သန်မာမနေချင်တော့ပါဘူး။ အရာရာကို အနိုင်ရဖို့လည်း မကြိုးစားချင်တော့ဘူး။ တစ်ခါတလေ အနားယူခွင့်ရှိတယ်။ ဝမ်းနည်းရင် ငိုလို့ရတယ်။ ပြီးတော့ ပင်ပန်းလာရင် ခဏရပ်နေလို့လည်း ရပါတယ်။ ◾ဘဝမှာ ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေကို ဘယ်သူမှ အသိအမှတ်ပြုမပေးရင်တောင် ကိုယ့်ကိုယ်ကိုယ်တော့ အသိအမှတ်ပြုပေးဖို့ လိုပါတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ ကိုယ်ဘယ်လောက်အထိ ကြိုးစားခဲ့ရတယ်၊ ဘယ်နှစ်ကြိမ်လောက် စိတ်ဓာတ်ကျခဲ့ပြီးမှ ပြန်ထလာခဲ့ရတယ်ဆိုတာကို ကိုယ်ကိုယ်တိုင်ကသာ အသိဆုံးမို့ပါ။ နောက်လာမယ့်နေ့ရက်တွေမှာတော့ စိတ်ပူစရာတွေထက် စိတ်ကြည်နူးစရာတွေ ပိုများပါစေလို့ ယုံကြည်ထားပါ။ အကြောင်းမဲ့ ရင်ခုန်ရတဲ့ စိုးရိမ်မှုတွေ လျော့နည်းပြီး မနက်ခင်းတိုင်းကို မျှော်လင့်ချက်အသစ်နဲ့လည်း စတင်နိုင်ကြပါစေ။ ◾ကိုယ့်ကျန်းမာရေးကို ဂရုစိုက်နိုင်တဲ့ အချိန်တွေ၊ ကိုယ်ချစ်ရသူတွေနဲ့ အေးအေးချမ်းချမ်း စားသောက်ရယ်မောနိုင်တဲ့ ညနေခင်းတွေ၊ ဘာကိုမှ အလောတကြီး မလိုက်ရဘဲ ကိုယ့်ဘဝကိုယ် ကျေနပ်နေတတ်တဲ့ အခိုက်အတန့်တွေ ပိုင်ဆိုင်နိုင်ပါစေ။ အရင်က လိုအပ်ခဲ့ပေမဲ့ မရခဲ့တဲ့ နွေးထွေးမှုတွေကိုလည်း အခုနောက်ပိုင်းမှာ ပြန်လည်တွေ့ကြုံခံစားရပါစေ။ ကိုယ့်ရဲ့ စေတနာကို နားလည်ပေးမယ့်သူတွေ၊ ကိုယ့်ရဲ့တန်ဖိုးကို အသိအမှတ်ပြုပေးမယ့်သူတွေနဲ့လည်း ဆုံတွေ့ရပါစေ။ ◾အထူးသဖြင့် ကိုယ်ကြိုးစားခဲ့သမျှအတွက် စိတ်ကျေနပ်စရာ ရလဒ်ကောင်းတွေ ရရှိပါစေ။ ကိုယ်မျှော်လင့်ထားတဲ့ အိပ်မက်တွေထဲက တချို့ဟာ လက်တွေ့ဘဝမှာ အကောင်အထည်ပေါ်လာပြီး မထင်မှတ်ထားတဲ့ ကောင်းခြင်းတွေလည်း တံခါးလာခေါက်ကြပါစေ။ ဘဝမုန်တိုင်းတွေကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရသူ တစ်ယောက်အတွက် အေးချမ်းတဲ့နေ့ရက်တွေဟာ အလွန်တန်ဖိုးရှိပါတယ်။ အဲဒီလိုနေ့ရက်တွေကို ရရှိဖို့ ကိုယ်တိုင်လည်း ထိုက်တန်ပါတယ်။ ◾တစ်နေ့နေ့မှာ အတိတ်ကို ပြန်လှည့်ကြည့်တဲ့အခါ ဝမ်းနည်းစရာတွေကိုပဲ ပြန်မမြင်ချင်တော့ဘူး။ အဲဒီအခက်အခဲတွေကြားကနေ ကိုယ့်ကိုယ်ကိုယ် မပျောက်ဆုံးအောင် ထိန်းသိမ်းနိုင်ခဲ့တဲ့ သတ္တိကိုပဲ ပြန်မြင်ချင်ပါတယ်။ ဖြတ်သန်းလာပြီးတဲ့ ကျော်ဖြတ်ခဲ့ရတဲ့ဘဝကို… နောက်လာမယ့်အလှည့်မှာတော့ ကျွန်တော်တို့ကို နည်းနည်းလောက် ပိုညှာတာပေးဖို့ သတိရပေးပါ။ အရင်က မျက်ရည်ကျခဲ့ရသမျှအတွက် ပြုံးရတဲ့အကြောင်းရင်းလေးတွေ ပိုပေးပါ။ ရုန်းကန်ခဲ့ရတဲ့နေ့ရက်တွေအစား စိတ်အေးလက်အေး နားခိုနိုင်တဲ့ အချိန်ကောင်းလေးတွေ ရောက်လာပါစေလို့ ဆုတောင်းပါ။ ချစ်ခြင်းမေတ္တာများစွာဖြင့်။ — Prof. Dr. Sai Naw Jar Thursday. 5. November. 2026 Crd.Prof.Dr.Sai Naw Jar

About