@sarto8526: အချစ်စစ်ကိုရှာတွေ့ဖို့ အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုသာဖြစ်ကြောင်း သက်သေပြခဲ့တဲ့ ဂျာမနီက အသက် (၆၇) နှစ်အရွယ် အမျိုးသမီးရဲ့ ကြည်နူးဖွယ် မင်္ဂလာပွဲ ​ အက်ဗ် (Ev Schwarz-Moenius) နဲ့ ပီတာ (Peter) တို့ဟာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလက ဂျာမနီနိုင်ငံရှိ နိုက်ကလပ်တစ်ခုမှာ စတင်တွေ့ဆုံခဲ့ကြတာပါ။ ညစာစားပွဲ နှစ်ကြိမ်လောက် ဆုံတွေ့ပြီးချိန်မှာပဲ ကိုဗစ်ကပ်ရောဂါကြောင့် လော့ခ်ဒေါင်းချလိုက်ရာကနေ သူတို့နှစ်ဦး အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။ ​သုံးနှစ်အကြာမှာတော့ သူတို့ ပြန်လည်အဆက်အသွယ် ရခဲ့ပါတယ်။ ပီတာအတွက်ကတော့ ဒါဟာ ဒုတိယအကြိမ် မြင်မြင်ချင်း ချစ်မိသွားတာဖြစ်ပေမယ့်၊ အက်ဗ်အတွက်ကတော့ အချိန်အနည်းငယ် ယူခဲ့ရပါတယ်။ တစ်နေ့မှာ ပီတာက အက်ဗ်ရဲ့ လသာဆောင်အတွက် ပန်းအိုးတွေ ကားတစ်စီးစာအပြည့် လာပို့ပေးခဲ့ရာကနေ သူမရဲ့နှလုံးသားကို အောင်နိုင်ခဲ့ပြီး လက်ထပ်ခွင့်တောင်းတာကို လက်ခံခဲ့ပါတယ်။ ​သူတို့နှစ်ဦးဟာ မြစ်ကမ်းဘေးက သမိုင်းဝင် ရဲတိုက်ကြီးတစ်ခုမှာ မိသားစုဝင်တွေ၊ ဆွေမျိုးမိတ်ဆွေ (၆၀) ခန့်နဲ့အတူ မင်္ဂလာပွဲကို ကျင်းပခဲ့ပါတယ်။ အဲဒီအထဲမှာ အက်ဗ်နဲ့ နှစ် (၆၀) နီးပါး ခင်မင်လာခဲ့တဲ့ သူငယ်ချင်းတွေလည်း ပါဝင်ပါတယ်။ အသက် (၂၅) နှစ်အရွယ် တူမဖြစ်သူ ဗနက်ဆာက ဒီမင်္ဂလာပွဲ ဗီဒီယိုကို TikTok မှာ တင်ခဲ့ရာကနေ ကြည့်ရှုသူ (၅) သန်းနီးပါးအထိ ရှိခဲ့ပါတယ်။ အက်ဗ်အတွက်ကတော့ ဒီမင်္ဂလာပွဲနေ့လေးဟာ သားဖြစ်သူကို မွေးဖွားခဲ့တဲ့နေ့ကလွဲရင် သူမဘဝရဲ့ ဒုတိယမြောက် အရေးအကြီးဆုံးနဲ့ အပျော်ရွှင်ရဆုံးနေ့တစ်နေ့ ဖြစ်တယ်လို့ ဆိုပါတယ်။ #TrueLove #NeverTooLate

ဗီလိန်
ဗီလိန်
Open In TikTok:
Region: MM
Thursday 05 November 2026 11:54:22 GMT
4395
107
0
12

Music

Download

Comments

There are no more comments for this video.
To see more videos from user @sarto8526, please go to the Tikwm homepage.

Other Videos


About