@min.khant.thu117: " ဗစ်တာက အရမ်းကောင်းခဲ့ပါတယ် " ဆိုပြီး ယောကရက်ကို အထူးတလည် ချီးကျူးခဲ့တဲ့ နည်းပြ အာတေတာ။ ဆလားဗီးယား ပရက်နဲ့ ချန်ပီယံလိဂ်ညမှာ ဗစ်တာ ယောကရက် ပြသသွားတဲ့ ခြေစွမ်းခြေစကို နည်းပြ အာတေတာက အထူးတလည် သဘောကျနေပြီး ချီးကျူးသွားခဲ့တယ်။ ဒီပွဲမှာ ဆွီဒင်သား တဂိုးသွင်း၊ တဂိုးဖန်တီးပေးပြီး အာဆင်နယ်အတွက် အနိုင်သုံးမှတ် ဖြစ်စေခဲ့တာပါ။ သွင်းဂိုးနဲ့ ဖန်တီးမှုတွေသာမက အသင်းနဲ့ပါ ချိတ်ဆက်ကစားနိုင်ဖို့ တတ်နိုင်သမျှ ကြိုးစားပေးခဲ့တာကြောင့် ကျွန်တော်ကိုယ်တိုင်လည်း ယောကရက်ရဲ့ခြေစွမ်းကို အားရပြီး ပွဲပြီးပြီးချင်းမှာပဲ ဘုန်းတော်ဖွဲ့တပုဒ် ရေးတင်ခဲ့သေးတယ်။ ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ယောကရက်ပဲ ထိုက်ထိုက်တန်တန် ရသွားခဲ့တာ ဖြစ်တယ်။ အာတေတာကလည်း ဒီပွဲက ယောကရက် စွမ်းဆောင်ရည်ထွက်မဲ့ပွဲဆိုတာကို စိတ်ချလက်ချ ယုံကြည်ထားခဲ့တယ်။ " ဗစ်တာက အရမ်းကောင်းခဲ့ပါတယ်။ ဒီလိုပွဲမျိုးက အပြည့်အဝ အသုံးချနိုင်တဲ့ နေရာလွတ်တွေ ရှိနိုင်တာကြောင့် သူ့အတွက် အသင့်တော်ဆုံးပွဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ခဲ့ပါတယ်။ " လို့ အာတေတာက ပြောပါတယ်။ တကယ်လည်း ယောကရက်က နည်းပြရဲ့ ယုံကြည်မှုကို အပြည့်အဝ စားသုံးခဲ့တာ ဖြစ်တယ်။ သွင်းဂိုးနဲ့ ဖန်တီးမှုတင် မကပါဘူး။ ယောကရက်ရဲ့ အရွေ့တွေ၊ ဆုံးဖြတ်ချက်တွေအပြင် အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားမှုတွေကပါ အာတေတာ စိတ်ကြိုက် ဖြစ်ခဲ့ပါတယ်။ " သွင်းဂိုးနဲ့ ဖန်တီးမှုတွေကြောင့်တင် မဟုတ်ပါဘူး။ ဗစ်တာဟာ အသင်းနဲ့ အချိတ်အဆက် မိနေခဲ့ပါတယ်။ " " ဒါဟာ အသင်းအတွက် သတင်းကောင်းပဲ ဖြစ်ပါတယ်။ သူဟာ ဒီလိုစွမ်းဆောင်ရည်မျိုး လိုအပ်နေတာပါ။ " ယောကရက်က နောက်ဆုံး ၅ ပွဲမှာ အသင်းအတွက် သွင်းဂိုး ၂ ဂိုးနဲ့ ဖန်တီးမှု ၃ ကြိမ် လုပ်ခဲ့ပြီး ဂိုးပါဝင်ပတ်သက်မှု ၅ ကြိမ်အထိ ရှိခဲ့ပါတယ်။ သွင်းဂိုးတွေတင်သာမက အသင်းဖော်တွေအတွက် အခွင့်အရေးတွေ ဖန်တီးပေးနေနိုင်တာ ဖြစ်တယ်။ ပွဲဆက်ပွဲကျပ်တွေ များနေပြီး အရေးပါတဲ့ပွဲတွေကို ဆက်တိုက်ကစားရတော့မဲ့အချိန်မှာ အသင်းရဲ့ နံပါတ် ၉ စစ်စစ်ဆီကနေ စွမ်းဆောင်ရည်ကောင်းတွေ ပြန်ထွက်လာတာက ပရိသတ်တွေအတွက် ဝမ်းသာစရာပါပဲ။
𓃰𝐌𝕚𝕟 𝐊𝕙𝒂𝗻𝕥 𝐓𝕙𝙪 𓃰
Region: MM
Thursday 05 November 2026 16:13:51 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @min.khant.thu117, please go to the Tikwm
homepage.