@user5710730471662: #ကွာရှင်းပြီးသား ယောကျာ်းတစ်ယောက်ရဲ့ ရင်ဖွင့်ချက်...# အိမ်ထောင်ရှိတဲ့ ယောကျာ်းတွေကို ကျွန်တော် တစ်ခုတော့ ပြောချင်တယ်။ ကျွန်တော်လည်း အရင်တုန်းက ကိုယ့်ကိုယ်ကို လူဆိုးလို့ မထင်ခဲ့ဘူး။ မဖောက်ပြန်ဘူး။ အလုပ်လုပ်တယ်။ အိမ်ကို ပိုက်ဆံပေးတယ်။ ကလေးတွေကိုလည်း ချစ်တယ်။ ဒါနဲ့တင် ကိုယ့်ကိုယ်ကို ခင်ပွန်းကောင်းတစ်ယောက်လို ထင်ခဲ့တာ။ မိန်းမက မပျော်ဘူးပြောရင်တောင် "နင့်မှာ ဘာလိုသေးလို့လဲ" လို့ ပြန်မေးခဲ့တယ်။ သူက ကျွန်တော်နဲ့ စကားပြောချင်တယ်။ အိမ်အလုပ်လေး ဝိုင်းကူစေချင်တယ်။ ကလေးတွေအတွက် သူတစ်ယောက်တည်း အကုန်စဥ်စားနေရတာ ပင်ပန်းတယ်လို့ ပြောတယ်။ ကျွန်တော်ကတော့ အလုပ်ကပြန်လားတာနဲ့ ပင်ပန်းနေပြီး။ ဒါကြောင့် သူပြောတိုင်း "ငါလည်း ပင်ပန်းတာပဲ" ဆိုပြီး ပြန်ပြောခဲ့တယ်။ တစ်ခါတလေ သူငိုတယ်။ တစ်ခါတလေ ရန်ဖြစ်တယ်။ တစ်ခါတလေ " ဒီလိုနေရတာ မပျော်တော့ဘူး" လို့ ပြောတယ်။ ကျွန်တော်ကတော့ သူ ခြိမ်းခြောက်နေတာပဲလို့ ထင်ခဲ့တာ။ ဘယ်သွားမှာလဲ... ကလေးတွေလည်း ရှိတာပဲ... စိတ်ဆိုးပြီး ပြောတာပါ ... ဆိုပြီး အလေးအနက်မထားခဲ့ဘူး။ နောက်ပိုင်း သူမပြောတော့ဘူး။ ရန်လဲ သိမ်မဖြစ်တော့ဘူး။ ကျွန်တော် ဘယ်အချိန်ပြန်လားလဲလည်း မမေးတော့ဘူး။ ကျွန်တော် ဘာလုပ်နေလဲလည်း စိတ်မဝင်စားတော့ဘူး။ အဲဒီအချိန်မှာ ကျွန်တော်က "နောက်ဆုံးတော့ နားအေးသွားပြီး" လို့တောင် ထင်ခဲ့သေးတယ်။ တကယ်တော့ သူက အိမ်ထောင်ရေးကို စိတ်ထဲကနေ လက်လွှတ်နေပြီး။ တစ်နေ့ သူ တကယ်သွားတော့မှ ကျွန်တော် ကြောက်သွားတာ။ အဲဒီကျမှ "ငါပြောင်းမယ်" "အခွင့်အရေး တစ်ခါပေးပါ" "ကလေးတွေအတွက် ပြန်ကြိုးစားရအောင်" ဆိုပြီး ပြောခဲ့တယ်။ ဒါပေမယ့် သူပြောခဲ့တဲ့ စကားတစ်ခွန်းကို အခုထိ မှက်မိတယ်။ ငါ နင့်ကို ဒီနေ့မှ လက်လွှတ်လိုက်တာ မဟုတ်ဘူး။ နင့် ငါစကားကို မကြားခဲ့တဲ့ နှစ်တွေထဲမှာ တဖြည်းဖြည်း လက်လွှတ်ခဲ့တာ"တဲ့ ။ အခု ကလေးတွေကို နေတိုင်းမတွေရတော့ဘူး။ အိမ်ပြန်ရောက်ရင် အိမ်က တိတ်နေတယ်။ အရင်တုန်းက သာမန်လို ထင်ခဲ့တဲ့ မိသားစုနဲ့ ညစာစားရတဲ့အချိန်တွေ၊ ကလေးတွေ ဆူညံနေတဲ့အသံတွေ ၊ သူက " ဘယ်အချိန်ပြန်လာမလဲ" လို့ ဖုန်းဆက်မေးတာတွေကိုတောင် ပြန်လွမ်းမိတယ်။ ကွာရှင်းပြီးမှ နားလည်လာတာတစ်ခုရှိတယ်။ မဖောက်ပြန်တာတစ်ခုတည်းနဲ့ ခင်ပွန်းကောင်းဖြစ်ပြီးလို့ မဆိုလိုဘူး။ ကိုယ့်မိန်းမက ကိုယ့်ဘေးမှာရှိနေလို့ ဘယ့်တော့မှ ထွက်မသွားဘူးလို့လည်း မထင်နဲ့။ သူ စကားများနေသေးရင် နားထောင်ပါ။ ဘာလို့လဲဆိုတော့ ... တစ်နေ့ သူဘာမှ မပြောတော့တဲ့အချိန်ရောက်ရင် မင်းပြောင်းချင်လာတာတောင် မရတော့ဘူးတဲ့။ ကျွန်တော်ရဲ့ နောင်တများစွာဖြင့်။ ။🥀🥀🥀
user5710730471662
Region: MM
Thursday 05 November 2026 16:49:11 GMT
Music
Download
Comments
Ma Khaing :
ဟုတ်တယ်တခါတရံအဲ့ဒီလိုလုပ်ချင် သားသမီးအတွက်တွေးပြီမပြတ်သားနိုင်ဘူး
2026-11-07 11:34:05
15
may :
တနေ့ငါလည်းအဲ့လို ထားခဲ့မိမယ်ထင်တယ် ပင်ပန်းနေပြီ နေရတာမပျော်တော့ဘူး
2026-11-07 05:31:54
18
zayar :
ကျမလဲကိုယ်ဘာသာကိုယ်နေချင်ပီအဓိကကသူတို့လိုကိုယ်ဘက်မှာဆွေမျိုးသားချင်းမရှိတာဘဲ
2026-11-08 06:39:53
3
Thin nu htwe :
ငါလဲစိတ်တွေကုန်နေပြီးအခုပြောပြချက်တွေငါနဲ့ထပ်တူကြနေတယ်ငါတကယ်ဘာမှမပြောတော့ဘူးစိတ်ကုန်နေပြီ
2026-11-07 16:20:57
1
Hnin Wai :
တနေ့ကျရင်ထွက်သွားဖို့ကြိုးစားနေပြီ
2026-11-07 08:59:52
9
Roselyn♊🌪 :
လွှတ်ချချင်ပီဝန်ထုပ်ဝန်ပိုးတစ်ခုလိုခံစားရတယ် ကလေးတွေအတွက်နဲ့ဆုံးဖြတ်ချက်မချနိုင်သေးဘူး
2026-11-07 13:55:49
6
ei. mon :
ပြီးသွားမှနောင်တရတော့. နောက်ကျသွားပြီလေ. မ်န်းမတွေရဲ့ဘဝမှာအလိုအပ်ဆုံးကပိုက်ဆံမဟုတ်ပါဘူးရှင်. ခင်ပွန်းသည်ရဲ့ဂရုစိုက်မူ့အလေးထားမူ့ကြင်နာမူ့တွေပါ
2026-11-07 00:57:28
6
အိဂျန်တူး ဂျန်တူး :
ကိုယ်တိုင်လဲစိတ်ထဲကလက်လွတ်နေပြီခလေးတွေရှိလို့ထွက်သွားဖို့အဆင်သင့်မဖြစ်သေးဘူး
2026-11-07 11:55:55
4
Dawna Thazin :
ဘယ်တော့မှပြန်မစိမ်းတော့မဲ့မီး
2026-11-07 08:10:09
6
Yi Thandar :
ကိုယ်တစ်ယောက်ထဲအဲ့လိုဖြစ်တယ်ထင်နေတာ🥺
2026-11-08 07:02:58
3
မမ :
တကယ်တော့အဲလိုပြတ်သားပစ်ရမှာ ဂုဏ်ယူပါတယ်
2026-11-07 07:07:35
5
myintmyint8704 :
ထားခဲ့နိုင်တဲ့မိန်းမကိုအားကြနေပါပိ❤️❤️
2026-11-07 16:43:29
2
Hla Hla Nwe :
ထပ်တူကြုံရတာခုတော့လက်လွှတ်လိုက်ပြီအေးချမ်းလိုက်တာ
2026-11-08 02:25:19
1
aye nilar :
ကျမကတော့ခွဲနေတာကြာပါပြီ၃နစ်ပါ
အေချမ်းသွားပါတယ်
ဒါတောင့်သူမရှီရင်မဖြစ်ဘူးထင်နေတာပါ
ခုနောက်ပိုင်သူဖုန်းဆက်ရင်စကားပြောတယ်ကိုယ်ကတော့ဖုန်းတောင်မဆက်တော့ပါဘူး
2026-11-08 07:29:01
1
Ma Ye Myint🌻 :
ကျမယောက်ကျားကြတော့ ကျမကစွဲထားတာဘဲရှိတာ အနှစ် ၂၀ ရှိပြီး ကျမကိုယ်မချစ်ဘူးနဲ့တူပါတယ် သူကရုန်းထွက်ဖို့အမြဲတန်းလုပ်နေတာ အခုလည်းကျမတို့တူတူမနေကြဘူး အိမ်ခွဲနေကြတာ ကျမပြန်ခေါ်တာ ဘယ်လိုမှမရဘူး ကျမပင်ပန်းနေပြီး လွှတ်ခြဖို့အထိတောင်တွေးနေပြီး😔😔😔
2026-11-08 01:19:00
1
Zar Zar Khine799 :
မှန်လိုက်တာ
2026-11-08 07:23:57
1
ဖေ့ဖေ့တုန် မေမေ :
နောင်တမရခင် ပြင်ကြပါ
2026-11-07 09:58:10
1
Thu Zar Theint Theint Thu :
မှန်တယ်
2026-11-07 15:47:16
1
Aung Chan Myae :
ကျွန်မလည်းလွှတ်ချချင်နေပါပြီ။ကျွန်မကသူ့အတွက်တော့လိုသုံးပေါ့။အရာရာချုပ်ချယ်သူပေါ့။ကျွန်မအတွက်တော့သူကသားတို့ရဲ့အဖေခေါ်စရာတယောက်ပေါ့။ပျော်စရာမရှိ၊နွေးထွေးမှုမရှိ၊အချစ်မရှိတဲ့အိမ်ထောင်တခုပေါ့။
2026-11-07 13:42:50
6
shwesin nge1987 :
လူ့ဘဝကရခဲတယ်လေကိုယ့်ကိုယ်ပိုချစ်ပါပျော်ရွှင်အောင်နေကြပါ
2026-11-07 17:34:26
1
Nyan Lin Htun :
မှန်ပါတယ်
2026-11-07 16:12:06
1
မင်းလေးရဲ့ကိုပါ :
မရှိတော့မှတန်ဖိုးသိကျမှာ
2026-11-07 18:15:04
1
Swe Thu Htike :
စိတ်ကုန်နေလို့ဘာမှကိုမပြောတာ
2026-11-07 15:29:56
1
thi ha :
တနေ့ ကျရင်ကိုလဲသွားမယ်သေချာနေတာကြာပြီ
2026-11-07 18:03:08
1
Ni Ni Cho :
ကိုယ် တော့ လွှတ်ချ ခဲ့ပါပြီ
2026-11-07 18:18:29
1
To see more videos from user @user5710730471662, please go to the Tikwm
homepage.