@htetf30: #မူရင်းစာသားပိုင်ရှင်အားcrdပေးပါတယ်🌿📖 အရမ်းကောင်းတဲ့သင်ခန်းစာပညာပေးပုံပြင် ဘ၀ထဲမှာ သဲအရင်မဖြည့်ပါနဲ့ ---------------------------------- ဒဿနိက ပါမောက္ခဆရာကြီးဟာ စက္ကူသေတ္တာကြီးတစ်လုံးထမ်းပြီး အတန်းထဲ၀င်လာတယ်။ သူက ဖန် ရေကရားကြီးတစ်လုံးကို သေတ္တာထဲက ထုတ်ပြီး စားပွဲပေါ်တင်လိုက်တယ်။ အဲဒီအချိန်အထိ စကားတစ်ခွန်းမှ မပြောသေးဘူး။ ပြီးတော့ သူက ကြက်ဥအရွယ် ကျောက်ခဲလုံး ကြီးကြီးတွေကို ရေကရားကြီးထဲ ထည့်လိုက် တယ်။ ရေကရားကြီး ထဲကို ကျောက်ခဲ တွေပြည့်သွားတော့ "တပည့်တို့ ထပ်ထည့်လို့ ရဦးမလား" လို့မေးလိုက်တယ်။ တပည့်တွေကလည်း "မရတော့ပါ ဆရာကြီး" လို့ ပြောလိုက်တယ်။ ဆရာကြီးက ကျောက်စရစ်ခဲသေးသေးလေးတွေ ထုတ်လိုက်ပြီး ရေကရားထဲကို လောင်းထည့်ပြန်တယ်။ ကျောက်ခဲတွေကြားထဲ ကျောက်စရစ်ခဲလေးတွေ ကျသွားပြီး ပြည့်သွားပြန်တယ်။ ထပ်ထည့်လို့ မရအောင် လျှံ ကျတော့ ဆရာကြီးက "ပြည့်ပြီလားဟေ့ .. ထပ်ထည့်လို့ မရတော့ဘူးလား" လို့ ထပ်မေးတယ်။ ကျောင်းသားတွေကလည်း "ပြည့်သွားပါပြီ မရတော့ပါဘူး ဆရာကြီး" လို့ဖြေကြတယ်။ သူတို့ ဆရာကြီး ဘာလုပ်နေတယ်ဆိုတာ သဘောမပေါက်သေးဘူး။ စိတ်၀င်စားလွန်းလို့ မျက်လုံးလေးတွေ ပြူးနေကြတယ်။ ဆရာကြီးက နောက်ထပ် သဲအိတ်တစ်အိတ်ထုတ်ပြီး သဲတွေကို ကရားထဲ လောင်းထည့်ပြန်တယ်။ သဲတွေဆိုတော့ ကျောက်ခဲနဲ့ ကျောက်စရစ်တွေကြား ထပ်ပြီး၀င်သွားပြန်တယ်။ သဲတွေ လျှံကျလာတော့ ပါမောက္ခကြီးက ထုံးစံအတိုင်း "ထပ်ထည့်လို့ ရဦးမလားဟေ့" လို့ မေးလိုက်ပြန်တယ်။ ကျောင်းသားတွေက "မရတော့ပါဘူး" လို့ ထပ်ဖြေကြ တယ်။ ပါမောက္ခကြီးက "မင်းတို့ကို ငါဒီနေ့သင်မယ့် သင်ခန်းစာပြီးပြီ" လို့ ပြောလိုက်တယ်။ တပည့်တွေက နားမလည်စွာနဲ့ တိတ်ဆိတ်နေရာက "ဆရာကြီး အဲဒီလို လုပ်မသွားပါနဲ့။ ကျွန်တော်တို့ကို တစ်ခုခု ပြောခဲ့ပါ" လို့ ဆိုလိုက်မှ ပါမောက္ခကြီးက "ဘ၀ဆိုတာ အဲဒီရေကရားကြီးတစ်လုံးလိုပဲကွ။ ကျောက်ခဲတွေဆိုတာကတော့ ဘ၀အတွက် အရေးပါတာတွေ ပေါ့ကွာ။ ဥပမာ မိသားစု၊ ပညာရေး၊ ကျန်းမာရေးလို့ သဘောထားလိုက်။ ဘ၀ထဲမှာ အဲဒါတွေကို ပထမဆုံး ဖြည့်ဖို့လိုတယ်ကွ။ ကျောက်စရစ်ခဲလေးတွေကတော့ မင်းတို့ရဲ့ အလုပ်အကိုင်၊ အိုးအိမ်၊ စည်းစိမ်၊ ကား၊ အိမ်ထောင်ဖက်၊ သားသမီးစတာတွေလို့ ပြောနိုင်တယ်။ အဲဒါတွေက ဒုတိယပေါ့ကွာ။ သဲဆိုတာကတော့ ကျန်တဲ့ လိုအပ်ချက်တွေ အားလုံးလို့ပြောရမယ်။ သိပ်အရေးမပါတာတွေပေါ့ကွာ။ ဘ၀မှာရှိလည်းဖြစ်၊ မရှိလည်းဖြစ်တဲ့ဟာတွေ။ ကဲ … တပည့်တို့ နားလည်ကြပြီလား" လို့ မေးလိုက်တော့ တပည့်တွေကလည်း သဘောမပေါက်သေးကြောင်း ပြန်ပြောကြတယ်။ ပါမောက္ခကြီးက ဆက်ပြီးတော့ "ဘ၀ထဲကို ဘာမှမဖြည့်ဘဲ သဲတွေချည်း အရင်ဖြည့်လိုက်ရင် ဘာဖြစ်သွားမလဲ။ ကျောက်စရစ်တွေ၊ ခဲတွေထည့် လို့ မရအောင် ဖြစ်သွားမှာပေါ့။ သဲတွေက အပြည့်နေရာယူလိုက်ရင် မင်းတို့ဘာမှထပ်ထည့်လို့မရတော့ဘူး။ ဒါကြောင့် တပည့်တို့ ပညာတတ်အောင်သင်၊ မိသားစုနဲ့ ပျော်ပျော်နေ၊ အိမ်ထောင်ပြုချင်လည်း ပြုလိုက်ဦး၊ အလုပ်လည်းကြိုးစား၊ တိုက်ဆောက်ကားစီးနိုင်ရင်လည်း ပိုကောင်းတာပေါ့" "ငါ့ တပည့်တွေကို တစ်ခုပဲ သတိပေးလိုက်မယ်။ မင်းတို့ဘ၀ထဲမှာ အရေးမပါတဲ့ သဲတွေကို အရင်မဖြည့်မိစေနဲ့" လို့ပြောပြီး ပါမောက္ခကြီးဟာ အပြင်ကို ငိုက်စိုက် ငိုက်စိုက်နဲ့ ထွက်သွားတော့တယ်။ #crd_to_owner_with_respect #foryourpage #fyp

𝓗𝓽𝓮𝓽 ☘️
𝓗𝓽𝓮𝓽 ☘️
Open In TikTok:
Region: MM
Friday 06 November 2026 02:55:57 GMT
169512
11628
48
840

Music

Download

Comments

neymar.nay8
Nnn www :
တကယ်နော့ နောက်ဆုံးမှာ ရေတစ်ခွက်ထည့်လိုက်ပါသေးတယ် အဲ့ဒီရေက ဘဝမှာ အလုပ်တွေဘယ်လောက်ပဲ့ရှုပ်နေပါစေ သူငယ်ချင်းနဲ့တွေရင် bယာလေးတစ်ခွက် အတူသောက်ပိ စိတ်အပန်းဖြေသင့်တယ်လို့ဆိုတာပါ🥰
2026-11-06 09:10:42
20
xing.xing4023
^"❤️Poe Poe "KWS"💓 😘"^ :
ပြန်တင်ခွင့်ပြုပါ😊စာသားလေးကြိုက်လို့
2026-11-08 07:48:33
2
user8748338280068
😍😍😍 :
ဦးနှောက်ရှိတဲ့သူကတော့ ဘယ်တော့မှမလိုအပ်တဲ့အိုးထဲကိုအပို တွေအပြည့်မခံဘူး ခွန်အားကြီးတဲ့သူကသာလိုက်ဖြည့်ထည့်နေတာ အဲ့လိုပြောရင် စော်ကားတယ်လို့အပြောခံရပြန်တယ် ဦးနှောက်မရှိတဲ့သူကိုအနိုင်ယူလိုရပေးမဲ့ ခွန်အားကြီးတဲ့သူကိုတော့ အနိုင်ယူဖို့ ကျမဘဝကမျက်နှသာမပေးခဲ့ဘူး😭 ရှင့်အတွက်ဂုဏ်ယူပါတယ်🙏🙏🙏ကျမမေတ္တာတွေကို ရှင့်အတ္တတွေနဲ့သိမ်းယူနိုင်ပါတယ်🙏
2026-11-06 17:07:24
2
getytg1
rrrrrrr :
ပန်းတိုင်မှာသဲဖည့်ပြီး အောင်မြင်သွားခဲ့ရင် ကျောက်တုံးတေရဲ့ လွပ်ဟနေတဲ့နေရာမှာ အဖေနဲ့အမေသာမရှိခဲ့ရင် သဲထဲရေသွန်သလိုပါပဲ
2026-11-06 06:58:36
1
myothantun992
Myothantun :
ပါမောက္ခကြီးကအပြင်ကို ငိုက်စိုက်ငိုက်စိုက်နဲ့ထွက်သွားပါတော့တယ်😁
2026-11-06 06:53:41
2
kay.thwe323
🌷😉𝓐𝓾𝓷𝓽𝓲𝓮 𝓣𝓱𝔀𝓮😉🌷 :
တကယ့်ပညာပေးကောင်းတဲ့စာသားလေး🤗🤗
2026-11-08 02:30:25
0
myat4287
K🥝 :
ကောင်းလိုက်တဲ့ပုံပြင်လေး🥰🥰🥰
2026-11-07 05:37:31
0
aung.ye.htet086
🧠T💖E🏃A🗝️ :
ရေထပ်ထည့်သေးလို့ရတယ်ဗျ။သေချာလေးလေးနက်နက်တွေးပြီးမှပြောတာပါ။ရေထပ်ထည့်မယ်ဆရာ။🥰🥰🥰
2026-11-10 13:27:14
0
yar.bar87
yar bar :
သဲအရင်ထည့်တော့ဘာဖြစ်လယ်[ပျော်ရွှင်မှုမျက်ရည်]
2026-11-18 13:45:52
0
maywathan1993
🦖🐾စာမတတ်ဘူး🐾 🦕 :
ကျနော်ဆို သဲတွေကို အရင်ဖြည့်မှာ
2026-11-06 09:34:22
0
yktnz7
Thet myo Naimg :
ကောင်းလိုက်တဲ့ဘဝသင်ခန်းစာလေ🥰🥰🥰
2026-11-06 06:04:44
0
b..fernandes72
B. FERNANDES :
ကောင်းလိုကတဲ့စာသားလေးပါ🥰တင်ပေးလို့ကျေးဇူးတင်ပါတယ်👍
2026-11-06 13:10:19
0
sfi.tun
Sfi Tun :
တကယ့်ကိုမှတ်သားထိုက်ပါတယ်🥰🥰🥰
2026-11-08 09:45:02
0
m.s.h694
marlia :
ကောင်းလိုက်တဲ့စာသားလေးပါရှင်
2026-11-10 02:31:59
1
zuzuh250
Zu Zu :
တကယ်မှတ်သားစရာပါ
2026-11-06 14:31:15
0
junery259
Arkar :
ရေလိုနေတယ်လေ
2026-11-06 13:29:00
0
user312735941
lin htet oo htet htet htet lin :
ok🥰🥰🥰🥰
2026-11-06 10:34:28
0
xgcg.xgd
@xgcg xgd :
♥️♥️
2026-11-08 10:23:06
0
naing.myo.satt71
🅝🅐🅘🅝🅖 🅜🅨🅞 🅢🅐🅣🅣 :
တကယ်ကိုကောင်းလွန်းတဲ့ 🥰🥰ပညာပေးစာသားတွေပါဗျာ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ် သေချာစဥ်းစားကြည့်လေ အဓိပ္ပါယ်ပိုနက်လေ ဘဝအတွက် အရေးပါတာကိုပဲ အရင်လုပ်ဖို့လိုတယ် 🥰ဒီလိုဘဝအတွက်ခွန်အားဖြစ်စေတဲ့ စာတိုတွေကိုတင်ပေးလို့ကျေးဇူးတင်ပါတယ်ဗျာ😍😍
2026-11-11 12:56:27
0
moethandar2803
moethandar :
သင်ခန်းလေးကို ကြိုက်တယ့
2026-11-06 06:26:38
0
heinhzlcomh
Peter Seng :
ခွန်အားရတယ်
2026-11-06 09:18:33
0
user5304381159126
စိန်ပန်း :
လူတယောက်ဖြစ်လာပြီးဆိုရင် အရင်ဆုံးလုပ်ရမဲ့အလုပ်က ကိုယ်ကျင့်တရားနဲ့စရိတ်တ. ပြီးမှ ကျန်မားရေး ပညာ ဘဝရဲ့အမှန်တရားတွေက နောက်မှာထားရင် အမှားများစွာနဲ့ဘဝကိုရှင်သန်ဖြတ်သန်ရမယ် နောက်ထက်မျိုးဆက်တွေလဲ ရှင်သန်ဖို့ပိုခက်ခဲမယ် ပညာကြောင့် ငွေကြေး လူမူဘဝ စီပွားရေး အိမ်ထောင်ရေး အရာအားလုံး ဟာကွဲပြာခြားနာတယ် ဒါပေမဲ့ တခုရှိတာက ကိုယ်ချင်စားစိတ် နဲ့လေးစားမူကိုတော့ လက်ကိုင်ထားပြီးလောက နဲ့ လူသားဘဝကို အလှစင်ပြီးအေးချမ်းစွာဖြတ်သန်ပါ
2026-11-07 05:46:50
0
sisminnaing12
💫 S M N💫🥀2005 :
လေးစာပါတယ်ဗျ နောက်လည်ထပ်တင်ပေပါအုံးဗျ followလုပ်ခဲ့တယ်
2026-11-06 13:10:31
0
arrwar49
Arr War :
👍👍👍
2026-11-09 03:32:05
0
khantkhantkyaw563
KhantKhantKyaw5634 :
[Thumbs up]
2026-11-06 06:22:39
0
To see more videos from user @htetf30, please go to the Tikwm homepage.

Other Videos


About