@nangmoekham32: ☘️ ဘဝမှာ သိပ်ချစ်တဲ့လူနဲ့ တွေ့ရဖို့ ခက်တာမို့ ကောင်းစွာ ချစ်ဖို့လိုပါတယ်☘️ 1.❣️နေ့တိုင်းဆက်သွယ်ရမယ်❣️ ပြောစရာစကား မရှိရင်တောင် မောနင်းချစ်ကလေးဆိုတဲ့ တစ်ခွန်းလောက်လည်း အချစ်ရေး ပိုတည်တံ့ဖို့ အမှတ်တိုးစေတယ်။ ဘယ်လောက်ပဲ ချစ်ကြပါစေ နေ့တိုင်း မဆက်သွယ်ရင် တဖြည်းဖြည်းချင်း သွေးအေးသွားမှာပါ။ ချစ်သူနဲ့ စကားတွေ အများကြီး ပြောရပါမယ်...။🌹 2.❣️ပြောနေရင်း မပျောက်သွားပါနဲ့ ❣️ မပြောမဆိုနဲ့ လိုင်းပေါ်က ဆင်းသွားတာ၊ အဆက်အသွယ်ဖြတ်ထားတာ ဒါတွေ မလုပ်ကောင်းပါဘူး။ တစ်ဖက်လူက ပြန်စာလာဖို့ ဖုန်းကိုပဲ အာရုံစိုက် ကြည့်နေတဲ့အချိန် ကိုယ်က မပြောမဆိုနဲ့ ပျောက်သွားတယ်ဆို ဘယ်လောက်တောင် ဝမ်းနည်းပြီး စိတ်လုံခြုံမှု မရဘဲနေလိမ့်မယ်။ ဒီလိုဆက်ဆံတာက အချစ်ရေးကိုရော တစ်ဖက်လူကိုရော သိပ်ထိခိုက် စေပါတယ်...။🌹 3.❣️တစ်နေ့တာကို ဝေမျှခြင်း❣️ ကိုယ်ဘာလုပ်တယ်၊ ဘာစားတယ်၊ ဘယ်သူနဲ့တွေ့ခဲ့တယ်၊ ဒီနေ့ အဆင်ပြေလား မပြေဘူးလားဆိုတာ ပြောပြခြင်းက တစ်ဖက်လူကို သူ့စိတ်ထဲမှာ ငါ့ကို တစ်ချိန်လုံးထည့်ထားပါလားငါ့ကို မမေ့ထားပါလားဆိုတဲ့ခံစားချက်မျိုး ပေးပါတယ်။ တစ်ပြိုင်နက် စိတ်လုံခြုံမှု အပြည့်အဝ ရစေတယ်။ ဘယ်ရောက်နေတယ် ဘာလုပ်နေတယ်ဆိုတာ ပုံရိုက်ပြီး ပြောပြရင် ပို ကောင်းပါတယ်...။🌹 4.❣️ ပြန်စာ ရေးဖို့ မမေ့ပါနဲ့ ❣️ ပို့သမျှ ချက်ချင်းမပြန်နိုင်ရင်တောင် အားတဲ့အခါ တစ်ခုမကျန် အကုန်ပြန်စာရေးပါ။ လူတိုင်းက သိပ်ကိုအလုပ်များနေတဲ့အချိန်ဆိုတာ ရှိတတ်ပါတယ်။ ပို့စာကို ဖတ်ပြီး မပြန်နိုင်ရင်တောင် ခုလောလောဆယ် အလုပ်များနေလို့နော် ခဏနေ ပြန်စာပို့ထားမယ်နော် ပြောလိုက်ရင် တစ်ဖက်လူလည်း မဟုတ်ကဟုတ်က အတွေးများစရာမလိုတော့ဘူး။ စိတ်လည်း အေးချမ်းမယ်...။🌹 ဒါကြောင့် သိပ်ချစ်တဲ့လူနှစ်ယောက်က ဒီလိုသေးငယ်တဲ့ အချက်တွေကို ဂရုစိုက်ရမယ်။ အေးစက်စွာ မဆက်ဆံရဘူး။ စကားတွေ မပြောဘဲမနေရဘူး။ ပြန်စာတွေ မပြန်ဘဲ မနေရဘူး။ ဘဝမှာ သိပ်ချစ်တဲ့လူနဲ့ တွေ့ရဖို့ ခက်တာမို့ ကောင်းစွာ ချစ်ဖို့လိုပါတယ်...။🌹 #Crd#crd_to_owner_with_respect #fypage #foryou #Relationship
☘️
Region: MM
Friday 06 November 2026 03:02:47 GMT
Music
Download
Comments
🇲🇲 𝑀𝒶𝓎 𝒸𝒽💞 𝒯𝒽𝒶𝑒😊 :
🥰😊🥰
2026-11-06 13:37:19
1
❤Thae Su Mon❤ :
2026-11-06 14:05:27
1
Dar Da :
❤️
2026-11-07 10:11:15
0
To see more videos from user @nangmoekham32, please go to the Tikwm
homepage.