@hlaing5741: မိသားစုတိုင်းမှာ ဒုက္ခပေးလွန်းသူ ပါလာခဲ့တဲ့အခါ..... တစ်ခါက မိသားစု တစ်စုဟာ လှေတစ်စင်းနဲ့ ခရီးထွက်လာကြတာပေါ့... အဖေဖြစ်သူက ရှေ့မှာ အားရပါးရလှော်တယ်။ အမေဖြစ်သူကတော့ လိုရာရောက်ဖို့ နောက်ကနေ လှေကိုပဲ့ကိုင်လို့ပေါ့ မြစ်ကမ်းဘေးက ကြည့်ရင် အင်မတန်မှ အားကြစရာပဲပေါ့ လှေပေါ်က အခြေနေကိုပြောပြမယ်နော် အဖေဖြစ်သူက ရှေ့ကိုအားပါးတရနဲ့ ခရီးမြန်ဖို့ လှော်ခတ်နေလို့ နောက်ကိုလှည့်မကြည့်အားဘူး အမေကတော့ နောက်ဆုံးကနေ လှေထိမ်းနေရတော့ အားလုံးကို မြင်နေရတာပေါ့ အထူးသဖြင့် အလယ်မှာ ထိုင်စီးနေတဲ့ သားတစ်ယောက်က သူ့အောက်ကိုငုံ့ပြီး ဓားချွန်တစ်ချောင်းနဲ့ ထိုးဖောက်နေတာ သတိထားမိတယ်။ အမေဖြစ်သူက အဖေကြီးမသိအောင် တားပေမဲ့ မရဘူး။ နောက်ဆုံး ရှေ့ရောက်အောင် အားပါးတရလှော်နေတဲ့ ဖခင်က သိသွားတယ်။ မင်း..ဘာလုပ်တာလဲ...လို့။ လှည့်ပြီးမေးတော့ သားက လှေကို ဓားချွန်နဲ့ ဖောက်နေတာ လို့ ပြောတယ်။ မင်း ဘာလို့ ဒီလိုလုပ်တာလဲ မေးတော့ ဘာဖြစ်လဲ ဘယ်သူ့အောက်မှာမှ အပေါက်ဖောက်တာ မဟုတ်ဘူး.. ကိုယ့်အောက်ကိုယ် ဖောက်တာ လို့ ပြောပြီး အားနဲ့ထိုးစိုက်လိုက်တယ်။ လှေထဲကိုရေတွေ အရှိန်နဲ့ ဝင်လာတာပေါ့ အားလုံးဟာ ရေကူးတတ်တဲ့ သူတွေဆိုတော့ အသက်တွေတော့ မဆုံးရှုံးဘူးပေါ့။ ဒါပေမဲ့ လှေလေးကတော့မြုပ်ပြီး ခရီးကတော့ပျက်စီးသွားတယ်လေ။ ဒီအဖြစ်ပျက်လိုပါပဲ။ တစ်ခါတစ်ရံ မိသားစုတစ်ခုမှာ ဘာမှလဲ မလုပ်နိူင်။ အလယ်ကနေ ထိုင်စီးပြီး ဒုက္ခပေးမဲ့သူတွေ ပါတတ်ပါတယ်။ သူတို့စိတ်ထဲမှာ လှေရဲ့ အလယ်ကထိုင်စီးနေသူလိုပါပဲ။ ကိုယ့်အောက် ကိုယ်ဖောက်တာ ကိုယ်ဖြစ်ရင် ကိုယ်ခံမယ်လို့ တွေးတတ်ပါတယ်။ တစ်ကယ်တော့ လှေပေါ်မှာ တစ်မိသားစုလုံး ထိုင်စီးလာကြရတာပါ။ တစ်ခရီးတည်းသွားနေတဲ့ တစ်မိသားစုလုံး ဒုက္ခရောက်ကုန်တာပါ ဒါ့ကြောင့် မိသားစု တစ်ခုမှာ ကိုယ့်ဘာသာကိုယ်လုပ်တာ ကိုယ်ဖြစ်ရင် ကိုယ်ခံမယ်ဆိုတာ မရှိပါဘူး တစ်ယောက်ယောက်က ဖောက်လာရင် ကျန်တဲ့သူတွေပါ အကုန်လုံး ဒုက္ခရောက်ရတာပါပဲ ကိုယ့်ကြောင့် ဒုက္ခမဖြစ်ဖို့.... တစ်ခြားသူများကိုလဲ တွေးပူတတ်ဖို့ တွေးပေးတတ်ဖို့ လိုအပ်ပါတယ်။ ဘဝခရီးမှာ အဖော်မွန်ကောင်းတွေနဲ့ တွေ့ဆုံကြပါစေ..... နွေးထွေး ကျင်နာတတ်တဲ့ မိသားစုဘဝတွေကို ထာဝရ ပိုင်ဆိုင်နိူင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းရင်....... Hlaing

Hlaing
Hlaing
Open In TikTok:
Region: MM
Friday 06 November 2026 04:31:15 GMT
104305
4309
280
901

Music

Download

Comments

user622760135
စနေမ :
ငါတို့မိသားစုမှာကအိမ်ထောင်ဦးစီးကမကောင်းတော့မိန်းမနဲ့ကလေးတွေကလောကဓံကိုကျောကော့အောင်ခံရင်းသန်မာချင်ယောင်ဆောင်ရင်းလောကကြီးကိုအံတုနေရတာပါ
2026-11-07 04:59:43
8
user4537341654564
💫နေ့သစ်ဆီသို့🌤 :
ဒုက္ခပေးမဲ့မိသားစုတွေနဲ့ပဲ့ပတ်ချာလည်ဝိုငိးအောင်တွေ့နေရပြီးနောက် ကိုယ့်အတွေးနဲ့အပြုမူကိုပြင်လိုက်တယ်.. သံသရာကြွေးတွေအမြန်ကုန်ချင်လို့ယူတဲ့လက်ကိုရပ်တန်ပြီး ပေးတဲ့လက်ဖြစ်အောင်ကျိုးစားရင်း သံသရာခရီးတိုအောင်ကျိုးစားနေမိတယ်..
2026-11-06 15:00:46
12
mother3970
Mother :
Very.Good
2026-11-07 07:25:37
0
user3335986137688
Keanu Reeves :
အမှန်တကယ် မိုက်မဲနေတဲ့မိသားစုဝင် ကတော့ ဘယ်လိုစကားလုံးနဲ့ ဥပမာပေးပါစေ မပြောင်းလဲပဲ မိုက်မြဲမိုက်ဆဲပါ..သတိပြုဆင်ခြင်ရရင် လှေကို ဖောက်မယ့် မိသားစုဝင်ကို လှေပေါ်ခေါ်မလာတာ အကောင်းဆုံးပဲ..နားလည်အောင်ပြောရရင် ကိစ္စကြီးတွေရှိရင် ဘေးသာဖယ်ထားသင့်ပါတယ်..အကုန်ဒုက္ခမရောက်ရလေအောင်
2026-11-07 09:43:37
2
u.myo.nyunt31
Uym :
ဆင်ချင်တုံတရားမရှိသောလူမိုက်ကြောင့် မိသားစု တွေ ခက်ခဲကြရတယ်
2026-11-06 17:31:15
9
dawnguwar240
zarni :
မှန်လိုက်တာရေမကူးတတ်တဲအမေကတော့ခရီးမရောက်ခဲ့ပါဘူးပြတ်ကျန်ခဲ့ပါတယ်ကွယ်
2026-11-07 07:20:35
1
sy.aye8
💝💝ကိုဖြိုးဝေမောင်မိန်မ💝💝 :
ဟုပ်ပါတယ်ကျွန်မတို့အိမ်မှာလဲအလိုပဲမိသားစုကိုအရှက်ခွဲးမဲ့သမီးတယောက်ပါလာပါတယ်
2026-11-07 08:19:50
1
myatmon1034
myatmon1034 :
ကောင်းလိုက်တဲ့စာသားလေး
2026-11-07 06:43:09
1
khinkhinsu150
Khin Su :
ဟုတ်တယ်နော်ဘဝကြီးတွေးကြည့်ရင်ဝမ်းနည်းစရာပါလိမ်မာတဲ့သားသမီးနဲ့တွေ့မှ
2026-11-07 09:49:28
1
u.shwe.maung3
U Shwe Maung :
Thanks.
2026-11-06 22:46:30
1
paing.say.oo
ပိုင်စေဦး ကြက်ဆီထမင်း :
ပြန်တင်ခွင့်ပြုပါ🤗🤗
2026-11-07 05:29:40
1
thinthidasoe1
thinthidasoe5905 :
ကျေးဇူးတင်ပါတယ် မျှဝေပါရစေ
2026-11-07 07:04:04
1
user5850167726086
မန်းစိုးလေး :
မှန်တာပေါ့
2026-11-07 07:48:42
1
myint.ko771
Myint Ko :
ကူးယူခွင့်ပြုပါ
2026-11-07 05:19:33
1
nyopyar09
LaYateCho :
ကောင်းလိုက်တဲ့စာလေး
2026-11-07 05:19:23
1
xiaomi2837
လမင်း အထည်နှင့်(စက်ချုပ်ဆိုင်) :
အမှန်တရားပါဘဲ
2026-11-07 07:32:27
1
user9224063129
user9224063129 :
အရမ်းကိုမှန်တယ်🥺
2026-11-07 06:27:05
1
yuthandar072
လျှမ်းထက်ဦး :
မှန်ပါတယ်
2026-11-07 02:22:09
1
elysia9197
Daw Khin Lay :
🥺
2026-11-07 04:43:50
1
user48755206312130
ဆရာသန်းထိုက်အောင် :
2026-11-06 13:38:37
1
user525228342190016
Khin Khin :
အရမ်းကိုကောင်းတဲ့ဥပမာလေးပါ။မိသားစုထဲမှာဒီလိုလူပါရင်ကျန်လူအကုန်စိတ်ဆင်းရဲရပါတယ်။
2026-11-07 07:57:36
1
usan.nyein3
USan Nyein :
မိသားစုဆိုတာအဖော်ကောင်းတေဖြစ်မှစည်းလုံးညီညွတ်ပျော်စရာ၊တိုးတက်စရာတွေ၊အေးချမ်းစရာတွေနဲ့ပေါ့၊ဒါပေမဲ့အတိတ်ကံကရှိနေပြန်တော့လောကဓံတရားတွေကနှိပ်စက်
2026-11-07 08:21:51
1
nunu26814
007 :
ကောင်းလိုက်တဲ့စာနောက်လည်းတင်ပေးပါအုံး
2026-11-07 05:43:49
2
u.win.myint1055
U Win Myint :
ကြွေး ဟောင်းလာတောင်းတဲ့ သား/သမီးနဲ့ ကြွေးသစ်လာဆပ်ကူညီကုသိုလ်ယူတဲ့သား/သမီး နှစ်မျိုးရှိတယ်။ အကြွေးရှိရင်ကျေအောင်ဆပ်ရတော့မှာပေါ့။သာဓု သာဓု သာဓု
2026-11-07 07:37:24
1
u.thein.toe74
U Thein Toe :
လေးစားလျက်ပါ
2026-11-06 06:14:28
4
To see more videos from user @hlaing5741, please go to the Tikwm homepage.

Other Videos


About