@j398904: စိတ်ရင်းကောင်းတယ်။ အလိုက်မသိတာ။ စိတ်ရင်းကောင်းတယ်။ ဘာရည်ရွယ်ချက်မှမရှိဘူး။ စိတ်ရင်းကောင်းတယ်။ အလို့။ စိတ်ရင်းကောင်းတယ်။ လူတွေအကြောင်းနားမလည်လို့။စိတ်ရင်းကောင်းတယ်။ နောက်ကျောဓါးနဲ့ထိုးမယ့်သူမဟုတ်ဘူး။ အဲ့လိုလူတွေထက်စာရင်တော့ စိတ်ရင်းမကောင်းပေမယ့် အလိုက်ကမ်းဆိုး သိပြီး Boundary နားလည်၊ လူတွေအကြောင်း သိတဲ့သူတွေက ဘဝမှာကိုယ့်အတွက် ပိုအဆင်ပြေတာ။ အကြောင်းသိထားပြီး ခပ်ခွာခွာအလိုက်နေလိုက်လို့ရသေးတယ်။ အပေါ်ကလူစားမျိုးတွေကျ ဗြဟ္မာကြီးဦးခေါင်းလိုဖြစ်မှာ။ ကိုင်ထားရင်လည်း ပူလောင်တယ်၊ ပစ်ချလိုက်ဖို့ကျတော့လည်း စိတ်ရင်းကောင်းတာသိနေလို့ အားနာရပြန်ရော။ ပေါင်းရင်းသင်းရင်းနောက်ကျောဓါးနဲ့မထိုးခံရပေမယ့် မတော်တဆ သူတို့တွေကြောင့် ချောက်ကမ်းပါးထဲ ပြုတ်ကျနိုင်တယ်။ လောကကြီးမှာ စိတ်ရင်းကောင်းတာတခုတည်း ရှိပြီး ကျန်တဲ့ လူကြီး တယောက်မှာရှိရမယ့် maturity မရှိတဲ့သူတွေက ကိုယ့်အတွက်၊ကိုယ့်ဘဝအတွက် စိတ်ဒုက္ခ၊လူဒုက္ခ အများကြီးပို ဒုက္ခပေးနိုင်တယ်ဆိုတာ အခါခါ ကိုယ်တွေ့ပါ။ ကျနော့်အမြင်ကတော့ အလုပ်ကိစ္စတွေ၊ သာမန် အပေါ်ယံ အပေါင်းသင်း Social circle လောက်ဆို စိတ်ရင်းကောင်းဖို့မလိုဘူး။ သူ့အသက်ရွယ်နဲ့သူရှိထိုက်တဲ့ ရင့်ကျက်မှုအတိုင်းတာတခုအထိရှိပြီး မယုတ်ဖို့ပဲ။ Life partner, friendship တွေကတော့ကိုယ့်စိတ်ကြိုက်ရွေးပေါင်းမှာပေါ့။ သူ့အရွယ်နဲ့သူရင့်ကျက်မှုဆိုတာ- တာဝန်ယူထားတဲ့အလုပ်၊ သူများရဲ့အချိန် ကိုလေးစားတာ။ Yes ပြောပြီးရင်လဲ Yes အတိုင်းတာဝန်ယူတာ။ တာဝန်မယူနိုင်ရင်လဲ ပါစင်နယ်ဖီလင်မပါ No ပြောရဲတာ။ No ပြောခံရတဲ့အခါလဲ ပါစင်နယ်ဖီလင်တွေမဝင်တာ။ဝတ္ထုတွေ၊ ရုပ်ရှင်တွေထဲကစာသားတွေ၊ဒိုင်ယာလော့တွေ၊ ပုံဖော်မှုတွေနဲ့ လက်တွေ့ဘဝကြီးကို မကြည့်တော့တာ။Imagination/fantasy vs real lifeကို ခွဲတတ်တာ။ ပြတ်သားရဲသလို၊ခွင့်လွှတ်တတ်တာ။ ဒါကတော့ ကျနော်အဓိကကြည့်တဲ့အရာတွေ။ လူတကိုယ်အကြိုက်တမျိုး ကြည့်တဲ့အမြင်အမျိုးမျိုးဆိုပေမယ့် လူပေါင်းစုံဆက်ဆံဖူးတဲ့သူတွေ ဆို အမြင်တအားကြီးတော့ကွာမယ်မထင်ဘူး။ ခုကာလကြီးမှာ လူတိုင်းကတော့ ကိုယ်စီကိုယ်စီ ထရော်မာတွေ၊ စိတ်ပင်ပန်းဖိစီးမှုတွေ ရှိတာပဲ။ ကိုယ့်မှာ ထရော်မာ ရှိနေတာဟာ ကိုယ့်အပြစ် မဟုတ်ပေမယ့်၊ အဲဒီ ထရော်မာကို ဆင်ခြေပြပြီး ပတ်ဝန်းကျင်ကလူတွေကို ဒုက္ခပေးတာ၊ အလိုက်မသိတာ၊ မရင့်ကျက်တာတွေ လုပ်ဖို့ လိုင်စင်ရထားတာ မဖြစ်သင့်ဘူး။ အရင်ကတော့ အသက် ၃၀ လောက်အထိ ကို လက်ခံလို့ရသေး။ ခုခေတ်ကျ အသက်၂၁ လောက်ရောက်ရင် ကိုadult maturity မျိုးရှိရတော့မှာလို့ expectation ပြောင်းလာတယ်။ အဲ့ထက်အသက်ကြီးပြီး ကလေးတအားဆန်နေတာမျိုး၊ လက်တွေ့ဘဝနဲ့ဝေး idealist ဖြစ် ဒီလူလူဖြစ်နေတာမျိုး ဆို လူတွေက တဖြည်းဖြည်းလျှော်သွားကြမှာ။ အဲ့တော့ကိုယ့်ဘဝတက်လမ်းထိခိုက်တာပေါ့။ ငါပညာနဲ့ရှာစားမယ်။ ဒါတွေ$ဂရုမစိုက်ဘူးဆိုတာကလဲနောက်ထပ်မရင့်ကျက်တာတမျိုးပဲ။ ပညာနဲ့ရှာစားတဲ့အုပ်စုတွေကပိုတောင် Boundaries နဲ့ accountability ကိုတန်ဖိုးထားသေးတာ။ crd#

J
J
Open In TikTok:
Region: US
Friday 06 November 2026 04:35:14 GMT
346
22
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @j398904, please go to the Tikwm homepage.

Other Videos


About