@sagaingtimes: မော်လူးမြို့အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး ပိတ်မိနေသည့် ကားတန်းပေါ် ဒရုန်းဗုံးကျရောက်မှုကြောင့် ထိခိုက်မှုများရှိ နိုဝင်ဘာ ၆၊ စစ်ကိုင်းတိုင်းမ် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံများနှင့် ခရီးသည်ကားတန်းများ လမ်းတွင်ပိတ်မိကာ ထိခိုက်ပျက်စီးမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ ဟုမ္မလင်းလေတပ်စခန်းမှ တက်လာသည့် ဂျက်ဖိုက်တာများဖြင့် (၄)ရက်ဆက်တိုက် နေ့ရောညပါ ဗုံးကြဲတိုက်ခိုက်လျက်ရှိသလို မြို့တွင်း၌လည်း ဒရုန်းဖြင့် ဗုံးကြဲမှုများနှင့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများ ဖြစ်ပွားလျှက်ရှိ‌ကြောင်း သိရှိရသည်။ တိုက်ပွဲကြောင့် လမ်းခရီးတွင် ပိတ်မိနေသော ပြည်သူများ၏ ခရီးသည်ကားတန်းမှာ ရှေ့လည်းတိုးမရ၊ နောက်လည်းဆုတ်မရဘဲ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ ယင်းကဲ့သို့ လမ်းတွင် ပိတ်မိနေစဉ် ကားတန်းကြီးပေါ်သို့ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် လူနှင့်ကားတချို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသခံများက ပြောပြသည်။ "မနေ့က တော်တော်ဆိုးတယ်၊ ကျွန်မဆိုင်နားတင် ဒရုန်းကျတာ၊ မြို့ထဲမှာ လက်နက်ကြီးကျည်နဲ့ ဒရုန်းထိတာ တော်တော်များတယ်၊ အရင်နေ့ထက်စာရင် ဒီမနက်တော့ ငြိမ်နေတယ်၊ ဒါပေမဲ့ မြို့အခြေအနေကတော့ မကောင်းပါဘူး။ လန့်နေရတာပဲ" ဟု မြို့တွင်း အဝတ်အထည်ဆိုင် ဖွင့်လှစ်ထားသူတစ်ဦးက ပြောဆိုသည်။ ထို့အပြင် ကျောင်းရှေ့တွင် ဈေးရောင်းနေသည့် အမျိုးသမီးတစ်ဦးလည်း ခြေထောက်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ "ကျောင်းရှေ့မှာ ဈေးရောင်းတဲ့ အမျိုးသမီး ထိသွားတယ်။ ခြေထောက်ထိသွားတာ များတယ်။ လူ နည်းနည်းကျဉ်းကျဉ်း ထိခိုက်မိတာပါ။ သေတာ ပျောက်တာတော့ မရှိပါဘူး။ ကားတန်းကြီးပေါ် ကျသွားတာ" ဟု ဒေသခံတစ်ဦးက ဆိုသည်။ ယနေ့ (၅.၆.၂၆)မနက်ပိုင်းတွင်လည်း မြို့ပေါ်၌ ဒရုန်းများ ဆက်လက်ကျရောက် ပေါက်ကွဲနေဆဲဖြစ်ပြီး ခရီးသည်ကားများနှင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။ "မနေ့ကတည်းက ဖြစ်တာပါ။ အခြေအနေ မငြိမ်ဘူးဗျ။ ပိုဆိုးနေပါတယ်။ ရှေ့ပိတ်နောက်ပိတ် ဖြစ်နေတယ်ဗျာ။ အခုက အရှေ့လည်း တိုးမရ၊ နောက်လည်း ဆုတ်မရနဲ့ ဖြစ်နေတာ" ဟု နောက်ထပ် ဒေသခံတစ်ဦးက လက်ရှိအခြေအနေကို ရှင်းပြသည်။ မော်လူးမြို့ စာသင်ကျောင်းအနီးတွေနိုဝင်ဘာလ ၅ ရက်နေ့၊ မနက် ၁၀ နာရီကျော်ခန့်တွင် Drone ဗုံးကျလို့ အရေးပေါ် ကျောင်းဆင်းခဲ့ရတယ်လို့ ပြောပါတယ်။ မော်လူးမြို့တွင် တိုက်ပွဲ မဖြစ်ပွားမီ (၁)ရက်အလိုတွင် မော်လူးဒေသခံများသည် စစ်ကောင်စီလက်အောက်၌ ဘောလုံးပွဲများ ကျင်းပခဲ့ကြပြီး လက်ရှိတွင်မူ တိုက်ပွဲဒဏ်ကို ခံစားနေရသည်။ လက်ရှိတွင် မော်လူးမြို့၏ အခြေအနေမှာ ပိုမိုဆိုးရွားလာနေပြီး ဒေသခံများနှင့် ခရီးသွားပြည်သူများမှာ လုံခြုံရေး စိုးရိမ်ရသည့် အနေအထားဖြင့် တိမ်းရှောင်နေရကြောင်း သိရသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် KIA၊ ABSDF၊ NUG PDF၊ ပကဖ၊ အထူးတပ်ရင်းများ၊ ကဒူးတပ်နှင့် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် (EAO) ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲ ဖြစ်ပွားနေ‌ခြင်းဖြစ်ကြောင်း သိရှိရသည်။ #မော်လူး #အင်းတော် #တိုက်ပွဲ #creatorsearchinsights #tipsforpostingontiktok

𝑻𝒉𝒆𝑺𝒂𝒈𝒂𝒊𝒏𝒈𝑻𝒊𝒎𝒆𝒔
𝑻𝒉𝒆𝑺𝒂𝒈𝒂𝒊𝒏𝒈𝑻𝒊𝒎𝒆𝒔
Open In TikTok:
Region: MM
Friday 06 November 2026 07:00:05 GMT
501644
26289
624
2824

Music

Download

Comments

u.aung.yi28
U Aung Yi :
နိုင်ငံရေးကကိုယ်မဆိုင်ဘူးကိုယ်လုပ်မှကိုယ်စားရတာဆိုတဲ့သူများမြင်ကြည့်ကြပါ၊ခံရမှာကပြည်သူတွေဘဲအနီ၊အစိမ်းလဲမလွတ်ဘူး🥰🥰🥰🥰🥰
2026-11-06 09:11:46
68
ttlay738
T.. T.. Lay :
မော်လူကအေးချမ်းနေပီဆိုပြီးပျော်နေမိတာခုတော့စိတ်မကောင်းစရာကြီးပဲ
2026-11-06 07:56:51
57
aungtheinkyaw26
Aung :
အကြမ်းဖက်တွေနဲ့ဝေးဝေးနေကြ
2026-11-06 08:53:15
140
uparq6
User8765 :
ဘယ်ဖြစ်လို့တောထဲတောင်ထဲမတိုက်ကြတာလဲပြည်သူတွေရှိတဲ့ရွာထဲမြို့ထဲတိုက်နေကြတာလဲခေးတွေ
2026-11-06 09:08:29
55
user18886160025
ဒေါ် ဝါဝါ :
မော်လူးအေးချမ်းနေတာမမြင်နိုင်ဘူးအကြမ်းဖက်တွေက
2026-11-06 09:17:31
32
user5982802790881
Aung Myo :
ဆိုတော့ ဒရုန်းက တောဘက်အဖွှဲ့က လွတ်တာလား
2026-11-06 08:18:10
34
may.zin8991
May♎ :
အိမ်မက်ထဲမာအလိုဗုန်းကြဲခံရလိုပြေးလိုက်ရတာအိမ်မက်ထဲတောင်တအားကြောက်ဖို့ကောင်းတာအသက် ေတာင်ပြင်းပြင်းမရူရဲဖူးအပြင်မာဆိုဘလောက်များကြောက်နေမာလားနော်
2026-11-06 11:30:36
10
daw.aye.aye.mu695
Daw Aye Aye Mu :
ပီဒီအတ်ဖမကြိုက်တဲ့ပြည်သူလဲရှိတာပဲလေ
2026-11-06 11:18:07
75
water.man123
Water Man :
မြို့ရွားမှာလက်နက်ကိုင်ပီး ဘယ်သူမှ မနေရင်ကောင်းတယ် မြို့ရွာမှာပဲ တိုက်ပွဲခေါ်တာ ပြည်သူဒုက္ခရောက်စေတာပဲ
2026-11-06 12:16:42
18
myintsoe.2
💕💐Ma💐💕 :
အိမ်ကို စိတ်ပူနေရတယ်ဗျ အိမ်မှာက ညီမလေးနဲ့အမေပဲအိမ်မှာရှိတာဗျ
2026-11-06 12:30:36
9
nannsaikhan1
SanSanThein/ဘဲဥမ :
ပြည်သူတွေလဲ အေးချမ်းမှု့ကိုမရှိရဘူး😳စီးပွားကအဆင်မပြေ လုပ်စားရခက် ကုန်စျေးနှုန်းကကြီး ဘာတွေမသိတော့ဘူး
2026-11-06 09:02:55
22
aquamarineaquamar
Aquamarine 💜💜💜 :
တော်ပါတော့ သတ္တိရှိရင် အချင်းချငိးမြေပေါ် one one. ဆွဲ ပြည်သူတွေအထိနာတယ် စစ်ကိုင်းထိရင်တပြည်လုံးနာတယ်😢
2026-11-06 13:37:35
11
ohn.ohn057
Ohn Ohn :
အားလုံးဘေးရန်ကင်းကြပါစေ အမြန်အေးချမ်းပါစေ ဝဋ်ကြွေးရှိရင်အမြန်ကျေကြပါစေ
2026-11-06 08:53:40
8
ja.tawng60
Ja Tawng :
သတိထားကြအလုံးဘေးကင်းကြပါစေ
2026-11-06 11:34:27
5
aungsaytidhammasc
@aungsaytidhammaschool :
အမြန်ဆုံးဘေးအန္တရာယ်အပေါင်းမှကင်းဝေးပါစေ
2026-11-06 08:38:32
5
ma.cho5455
Ma Cho :
ငါတို့မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ
2026-11-06 10:50:12
5
matuzar
user37731973531173 :
ပြည့်သူအစစ်တွေဘေးကင်းပါစေ🙏🙏🙏
2026-11-06 12:57:08
8
userhs0psh7awf
လိုရင်သုံးပါချစ် :
စစ်အာနာကတော့လုပ်ပြန်ပြီး
2026-11-06 12:26:21
12
aungpo590
နီမောင် :
စစ်ကိုင်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် အင်းတော်မြို့နယ် မော်လူးကျေးရွာ ရွှေဘို မြစ်ကြီးနား ကားလမ်းပေါ်က ရွာပါခင်ဗျ
2026-11-06 09:38:24
17
real.sama0
Țöxîĉ Řôŝë🌹 :
ငြိမ်းချမ်းကြပါတော့ပြည်သူတွေကိုသနားပါတော့.နှစ်ဖက်လုံးကိုပြောတာ
2026-11-07 04:13:55
2
ukavidha
monicar :
အားလုံးဘေးကင်းကြပါစေ။
2026-11-07 03:37:22
1
maypoe100
K.K.H :
မန့်ထဲကလူတွေမှာကိုယ်ချင်းစာတရားရှိကျရဲ့လားဟိုဘက်ဒီဘက်အပစ်တင်နေကျတာလဲ ခံရတာပြည်သူတွေပါ မြေပြင်ကကျည်ကပုန်းလို့လွတ်မယ် ဝေဟင်ကလေယျဉ်ကလွှတ်ဖို့မလွယ်ကူဘူး🥺😭လက်တွေ့ခံစားဘူးမှသိကျမာပါ
2026-11-06 13:54:43
0
ym445.3
Hnin Wai Hlaing :
၇ရက်သားသမီးတွေဘေးကင်းကြပါစေ🙏🏻
2026-11-06 10:44:30
5
khaing.khaing.moe120
Wea yan :
နမ့်စီးအောင်ကနေ ဗမောက် ဘက် သွားတဲ့ ကွင်းလမ်း ကသွားလို့ ရသေးလားသိ့ချင်ပါတယ် အရေးကြီးသွားစရာလေးရှိ့လို့ပါ သိ့တဲ့သူ ဖြေပေးကြပါဗျ
2026-11-06 14:20:39
0
zar.chi33608
Zar.Chi :
ပုန်းဟုန်ရွာဘက်တွေရော အခြေနေကောင်းလား ဖြေပေးပါ အမျိုးတွေကပုန်းဟုန်ရွာမှာပါအဆက်သွယ်မရလို့ပါ
2026-11-06 09:03:48
1
To see more videos from user @sagaingtimes, please go to the Tikwm homepage.

Other Videos


About