@libraaqp1vv: #ကြ က်သွန်ဖြူနှင့်ကျန်းမာရေး✅ (၁) ကြက်သွန်ဖြူသည် သွေးပျစ်ခြင်း ၊ သွေးကျဲခြင်းကို ကာကွယ်ပေးသည်။ နှလုံးသွေးကြောများတွင် အဆီပွားခြင်း ၊ နှလုံးသွေကြောကျဉ်းခြင်းကိုလည်း ကာကွယ်ပေးသည်။ ထို့ကြောင့် ကြက်သွန်ဖြူသည် သွေးတိုးနှင့်နှလုံးရောဂါများကို သက်သာစေသည်။ (၂) ကလေး/လူကြီး သွေးအားနည်းနေလျှင် ကြက်သွန်ဖြူဥတစ်လုံးကို နေ့စဉ်ပုံမှန်မီးဖုတ်၍ စားပေးခြင်းဖြင့် သွေးအားကောင်း၍ ကျန်းမာဝဖြိုးလာစေသည်။ (၃) ကြက်သွန်ဖြူကို အခွံခွာ၍ ညက်အောင်ထောင်းပြီး ခွေးကိုက်ခံရသော ဒဏ်ရာပေါ်တွင် အုံပေးပါက ခွေးရူးပြန်ခြင်း/ခွေးဆိပ်တက်ခြင်းမှ ကင်းဝေးစေသည်။ (၄) ကြက်သွန်ဖြူတွင် Vitamin -A ဓာတ်ပါဝင်သောကြောင့် အာရုံကြောအားနည်းခြင်းကို ပျောက်ကင်းစေသည်။ (၅) ကြက်သွန်ဖြူမှာ selenium၊ quercetin နဲ့ ဗီတာမင်စီတွေ များများ ပါဝင်ပါတယ်။ ဒီအာဟာရဓါတ်တွေဟာ မျက်လုံးထဲကို ပိုးဝင်တာကြောင့် ဖောင်းအစ်တာတွေ မဖြစ်စေဘဲ မျက်စိအားကောင်းစေပါတယ်။ (၆) ကြက်သွန်ဖြူ စားသုံးခြင်းက အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အူလမ်းကြောင်းရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်စေတဲ့အပြင် မအီမသာဖြစ်ခြင်းနဲ့ ယားယံခြင်းတွေကိုပါ သက်သာစေပါတယ်။ (၇) ကြက်သွန်ဖြူ စားမယ်ဆိုရင်တော့ အသည်းအားကောင်းစေပါတယ်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ အာဟာရဓါတ်တွေက အသည်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ (၈) ကြက်သွန်ဖြူကို အစိမ်းစားပေးမယ်ဆိုရင် အအေးမိဖျားနာခြင်းနဲ့ ချောင်းဆိုးခြင်းတွေကို သက်သာစေပါတယ်။ အအေးမိတာတွေ ဖြစ်နေတယ်ဆိုရင်တော့ ကြက်သွန်ဖြူ နှစ်မြွှာလောက် စားတာမျိုး လုပ်ပေးပါ။ (၉) ကြက်သွန်ဖြူမှာ ဆာလဖာဒြပ်ပေါင်းများများ ပါဝင်တာက ခန္ဓာကိုယ်အတွင်းကလီစာတွေကို ပျက်စီးစေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ (၁၀) ကြက်သွန်ဖြူ အမြွှာသေးသေးလေးတွေက အရိုးအဆစ်တွေကို ကောင်းမွန်စေတယ်ဆိုတာ နည်းနည်းတော့ အံ့သြစရာ ကောင်းပါတယ်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ အာဟာရဓါတ်တွေက အရိုးအဆစ်တွေကို သန်မာစေပြီး Estrogen တွေကို တိုးမြင့်စေပါတယ်။ (၁၁) နေ့စဉ်စားသုံးမှုမှာ ကြက်သွန်ဖြူ ထည့်သွင်းစားသုံးတာက ဝက်ခြံကို သက်သာစေနိုင်ပါတယ်။ ကြက်သွန်ဖြူက အနံ့ပြင်းလို့ မစားချင်ဘူးဆိုရင် မျက်နှာပေါ်က ဝက်ခြံလေးတွေမှာ ကြက်သွန်ဖြူ သတ္တုရည်ကို တို့ပေးလို့ရပါတယ်။ (၁၂) ကြက်သွန်ဖြူ တစ်မွှာကို ကြိတ်ပြီး ခရမ်းချဉ်သီး တစ်ခြမ်းစာအနှစ်တို့ကို ရောစပ်လို့ သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ အသားအရေကို ကြည်လင်စေပြီး ချွေးပေါက်တွေကို ကျဉ်းစေမှာပါ။ (၁၃) ကြက်သွန်ဖြူကို ပုံမှန် စားသုံးတာက အသားအရေ ကျန်းမာရေးအတွက် အရေးပါတဲ့ အာဟာရဓာတ် တစ်မျိုးဖြစ်တဲ့ ကော်လာဂျင်ထွက်ရှိမှု တိုးလာအောင် အကောင်းဆုံး လှုံ့ဆော်ပေးနိုင်ပါတယ်။ (၁၄) ပြင်းထန်အရေပြားပြဿနာတစ်မျိုး(Psoriasis) ၊ နှင်းခူ ၊ ရေဝဲစားတာ တွေကိုပါ သက်သာစေနိုင်ပါတယ်။ #ကျန်းမာရေးဗဟုသုတရကြပါစေ #credit #ChitOoMg #facebook
ဝန်းသိုပြည်သူ့စာကြည့်တိုက်
Region: MM
Friday 06 November 2026 09:39:37 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @libraaqp1vv, please go to the Tikwm
homepage.