@userb5lkb6sls7: Francesca Next Door (2026) Vampire မလေးနဲ့ သာမန်လူသားကောင်လေးကြားက အချစ်ဇာတ်လမ်းလေးကို ပေါ့ပေါ့ပါးပါး ပုံဖော်ထားတဲ့ Teen Romance Fantasy စီးရီးသစ်လေး တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားထဲမှာတော့ Love Phobia, Cheer Up တို့ထဲက မင်းသား Kim Hyun Jin, မင်းသမီးချော Han Soo A နဲ့ မင်းသား Lee Seung Gyu တို့က အဓိက ပါဝင်ထားပါတယ်။ ရိုမေးနီးယားနိုင်ငံကနေ ကိုရီးယားနိုင်ငံကို ပြောင်းရွှေ့လာတဲ့ Pi Na-young (Han Su-ah) ဟာ လူသားတွေနဲ့အတူ သာမန်ကျောင်းသူတစ်ယောက်လို နေထိုင်ဖို့ ကြိုးစားနေတဲ့ Vampire မလေး တစ်ယောက်ပါ။ ဒါပေမဲ့ လူသားတွေရဲ့ နေထိုင်မှုပုံစံ၊ ကျောင်းစည်းကမ်းတွေနဲ့ ပတ်ဝန်းကျင်အသစ်ကို အသားကျဖို့က သူမအတွက် ထင်ထားသလောက် မလွယ်ကူလှပါဘူး။ကျောင်းပြောင်းလာတဲ့ ပထမဆုံးနေ့မှာပဲ ကျောင်းသားခေါင်းဆောင် Jang Woo-ju (Kim Hyun-jin) နဲ့ ဆုံတွေ့ခဲ့ပြီး Na-young ရဲ့ Vampire ဖြစ်တည်မှုကို Woo-ju တစ်ယောက် မတော်တဆ သိရှိသွားပြီးတဲ့နောက် သူမရဲ့လျှို့ဝှက်ချက် မပေါ်သွားစေဖို့ လိုက်ကူညီစောင့်ရှောက်ပေးရတဲ့အခြေအနေ ရောက်လာခဲ့ပါတယ်။ဒီလိုနဲ့ Vampire မလေးဟာ လူသားတစ်ယောက်အပေါ် ပထမဆုံးအကြိမ် ရင်ခုန်မိလာခဲ့ပြီးတစ်ဖက်မှာလည်း သူမရဲ့ပင်ကိုယ်ဗီဇဖြစ်တဲ့ သွေးစုပ်လိုစိတ်ကို လှုံ့ဆော်ပေးမယ့် တခြား Vampire တစ်ယောက် ရောက်လာတဲ့အခါမှာတော့ .... #francescanextdoor #kdramarecommendation #kdrama #fyp #မြန်မာစာတန်းထိုးဇာတ်ကားများ
Movie Heaven
Region: MM
Friday 06 November 2026 10:48:36 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @userb5lkb6sls7, please go to the Tikwm
homepage.