@lwin.aung538: မိဘ "သို့မဟုတ်" တစ်ကျော့ပြန် ကလေးတွေ ******************* ဖတ်ကြည့်နော်... #မိဘတွေ မစားနိုင်တဲ့နေ့မှ မိဘကြိုက်တဲ့ အရာတွေ ဝယ်မကျွေးပါနဲ့။ အချိန်တွေ နှောင်းတဲ့အခါမှ “မှားပါတယ်” လို့ မိဘကို မတောင်းပန်ပါနဲ့။ မိဘတွေ ခွန်အားမရှိခါမှ ဘယ်ဘုရားတွေ ဖူးစေချင်တယ် ဘယ်ခရီးတွေ လိုက်ပို့ချင်တယ် လို့ စိတ်မကူးပါနဲ့။ ဘယ်တော့မှ ပြန်မရနိုင်တဲ့နေ့မှ အမေ့ကို လွမ်းလိုက်တာ အဖေ့ကို သတိရတယ် လို့ မတမ်းတပါနဲ့။ ဓါတ်ပုံတွေပဲ ကျန်တော့တဲ့နေ့မှ ကိုယ့်မိဘကို မပွေ့ဖက်ချင်ပါနဲ့။ ဘဝရဲ့နောက်ဆုံးနေ့မှ မိဘခြေအစုံကို ရှိခိုးဖို့ မစောင့်ပါနဲ့။ မိတ်ဆွေရဲ့ မိဘဟာ သူမွေးထားတဲ့ သူ့ရင်သွေး မိတ်ဆွေကို တစ်သက်လုံးလည်း စောင့်နိုင်ပါတယ်။ ဒါပေမဲ့... မိဘတွေရဲ့ ရှင်သန်မှုက ထာဝရ မတည်မြဲနိုင်လို့ မိတ်ဆွေ မိဘအပေါ် သိတတ်တဲ့အချိန်ထိ မိဘက မစောင့်နိုင်ပါဘူး။ #ဒါကြောင့်... မိဘနဲ့ အတူနေခွင့်"ရ"တဲ့အခါ... မိဘကို တန်ဖိုးထားပါ။ အိုးခွဲ အိမ်ခွဲ အိမ်ထောင်ခွဲတွေ ဖြစ်လို့ သား သမီး အသံတွေ ကြားတဲ့အခါ... မိဘကို မြင်တွေးပြီး ဇနီး၊ ခင်ပွန်း၊ သား သမီး ပန်းကန်ထဲ ဟင်းတစ်ဖတ် ထည့်တဲ့အခါ... ကိုယ့်မိဘ ပန်းကန်ထဲမှာရော အရံသင့် စားဖို့ရှိလား မြင်ကြည့်ပါ။ လူပျို၊ အပျိုလည်း ဒီမိဘက မွေးထားတာ အိမ်ထောင်ခွဲလည်း ဒီမိဘရဲ့ သား သမီးတွေပါပဲ။ အားလုံးမှာ တာဝန်ရှိတာမို့ သေမှ ငိုမပြပါနဲ့။ ပတ်ဝန်းကျင်က... မိဘအပေါ် သင် ကောင်း မကောင်းကို သိပါတယ်။ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်တွေမှာ ကိုယ့်သိက္ခာအတွက် မိဘအမည် ကမ္ပည်းထိုးဖို့ ဦးစားမပေးပါနဲ့။ ကိုယ့်မိဘတွေ ကိုယ်မရှိလည်း နေဝင်ချိန်တွေ အဆင်ပြေရဲ့လား လို့ အရင်တွေးပါ။ ပြီးတော့... လိုအပ်နေတဲ့ ကွက်လပ်လေးတွေ ရှင်သန်နေတုန်း ဖြည့်ပေးပါ။ သူတို့ ပြောမထွက်တာဘဲ ရှိတာပါ။ မိဘဆိုတာ... သင်တို့ရဲ့ ယုယမှုတွေ သိတတ်မှုတွေကို လိုအပ်နေတဲ့ တစ်ကျော့ပြန် ကလေးတွေပါ။ မူရင်း-Credit- ဆြာချစ် မေတ္တာဖြင့်♥♥♥ အရှင်ပုည( ဝကုန်း ) မဟာအောင်မြေကျောင်းတိုက် နေပြည်တော် တပ်ကုန်းမြို့
အရှင်ပုည( ဝကုန်း )မဟာအောင်မြေ
Region: MM
Friday 06 November 2026 13:41:05 GMT
Music
Download
Comments
(May)မေ :
မှန်ပါတယ် မိဘ စားနိုင်တုန်း တတ်နိုင်တာလေးတွေကျွေးပြီး စိတ်ချမ်းသာအောင်ပြောပါ ထားပါ🙏
2026-11-06 14:03:53
1
Daw mi :
မှန်လှပါမိဘတွေမရှိတော့ပါဘုရား🙏
2026-11-06 14:20:50
0
သဲနု :
🙏
2026-11-06 13:56:26
1
Ma Nyunt :
မှန်ပါ့ဘုရား မိဘနှစ်ပါးလုံးမရှိတော့ပါဘူး🥺
2026-11-06 14:10:59
0
Ma Phyo :
မှန်သောပါဘုရားမရှိတော့ပါဘူးမိဘနှစ်ပါးလုံး🙏🙏🙏
2026-11-06 13:57:28
0
ဒေါ်စန်းဦး :
မှန်လှပါဘုရားအဖေနဲအမေမရှိတော၀မ်းနဲရပါတယ်ဘုရား🙏🙏🙏😥
2026-11-06 14:14:27
0
လေးလေး :
မှန်လှပါဘုရား🙏🙏🙏🙏🙏
2026-11-06 13:49:42
0
ဖွား စိန္ :
မှန်လှဘုရား🙏🙏🙏🙏🙏
2026-11-06 14:28:27
0
pk :
hi
2026-11-06 14:40:30
0
Win Aye :
🙏🙏🙏
2026-11-06 15:10:32
0
Khiln Lay :
🙏🙏🙏
2026-11-06 16:22:39
0
Cho Cho :
မှန်လှပါဘုရား🙏🙏🙏
2026-11-06 14:30:31
0
🍁ကျော်ရီး🙄 :
🙏🙏🙏
2026-11-06 15:13:39
0
Thar Thar :
🙏🙏🙏🙏🙏
2026-11-06 15:57:50
0
Zaw Zaw :
🙏🙏🙏🙏🙏
2026-11-06 15:02:52
0
poe poe😍😍😍 :
🙏🙏🙏🙏🙏
2026-11-06 14:56:11
0
တင်တင် :
2026-11-06 14:08:27
0
♥️ငယ်လေးရဲ့ ကိုကြီး♥️ :
2026-11-06 14:50:23
0
Daw Pan Oo :
သာဓု သာဓု သာဓုပါဘုရား
2026-11-06 16:42:31
0
👑Mommy Queen👑 :
မှန်လှပါဘုရာ[Pray][Pray][Pray][Pray][Pray][Pray][Pray][Pray][Pray][Pray][Pray][Pray][Pray][Pray][Pray][Pray][Pray][Pray][Pray][Pray][Pray][Pray][Pray][Pray]
2026-11-06 13:46:44
0
Naylinn Aung :
🥰🥰🥰
2026-11-06 13:47:44
1
Cho Cho Pyone :
🥰🥰🥰
2026-11-06 14:34:24
1
Winwin :
🙏🙏🙏
2026-11-06 14:35:54
1
💓ကာရံမဲ့💖နလုံးသာ💝💗💞💘 :
[Heartwarming][Heartwarming][Heartwarming]
2026-11-06 13:54:04
1
Daw wine Sein :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-11-06 14:40:21
1
To see more videos from user @lwin.aung538, please go to the Tikwm
homepage.