@ngwesandarlwin1: မုလအိတောင် (သို့) မေ့မရသောနေ့စွဲများ ကရင်ပြည်နယ်ရဲ့ ဒုတိယအမြင့်ဆုံးတောင် တည်နေရာ-ကရင်ပြည်နယ်(ကြာအင်းဆိပ်ကြီးအပိုင်) နှင့် ထိုင်းနယ်စပ်အနီး တောင်-၃၃လုံး အမြင့်ပေ-၆၅၇၈ သားသတ်လွတ်နယ်မြေ ဖြစ်ပါတယ် တောင်အတက် အဆင်းကြာချိန်-၂၄ မှ ၂၆ နာရီထိ ဘုရားအမည်-မုလအိ မုလအ မုလအဲ့ (ဘုရားရှင် ဆံတော်ဌာပနာ)၃ဆူရှိပါတယ် ရသေ့ညီအကိုတွေတည်ထားတာပါ တဆူကတော့ ထိုင်းနိုင်ငံထဲမှာပါ တရက်တော့ သွားဖူးမှာပါ တောင်ထိပ်ပေါ် စုံတွဲများ မဖက်ရ လက်မကိုင်ရ (စကားချပ်-တော်ရုံတောင်တက်နိုင်ရုံလောက်နဲ့မရပါဘူး သေချာ training ယူခဲ့ပါရန်) မန္တလေးကနေ မုလအိသွားဖို့ လွန်ခဲ့တဲ့ ၅နှစ်ထဲက စီစဉ်ခဲ့ပေမဲ့ မရောက်ဖြစ်ခဲ့ပါဘူး ဒီနှစ်ထဲ အမျိုးသားနဲ့တိုင်ပင်ပြီး မုလအိသွားဖို့အစီစဉ်ဆွဲခဲ့တယ် ရက်တော့အတိအကျမရှိသေးဘူးပေါ့ ဒါပေမဲ့ ဝါသနာတူ တောင်တက်ညီမလေး ၂ယောက်နဲ့ ကိုယ်တွေ လင်မယား ၂ယောက်နဲ့ ဒီသီတင်းကျွတ်သွားဖို့စီစဉ်လိုက်တယ် VIP package-၁ဦး (၅၀၀၀၀၀ကျပ်) ထမင်းက အလယ်စခန်းမှာ တနပ်ပဲကျွေးတာပါကျန်တာအားလုံး ကိုယ့်အစီစဉ်နဲ့ကိူ စားသောက်ရပါမယ် 25.10.2026 ရွှေမန္တလာ (မန်းလေး မုဒုံ တိုက်ရိုက်) ညနေ၆ခွဲကား(65000kyat)နဲ့ စီးလိုက်တာ 26.10.2026 မနက် ၁၀နာရီခွဲရောက်တော့ မုဒုံမှာ မဆင်းပဲ မော်လမြိုင်ဂိတ်မှာ ဆင်းလိုက်ကြတယ် မုဒုံဂိတ်မှာဆင်းလဲရ ကိုယ်တွေက မော်လမြိုင်လည်ချင်လို့ပါ မော်လမြိုင်မှာ ခေတ္တလည် ရာမည(A1)ကမ်းနားလမ်းမှာ မနက်စာစား ပြီးတော့ ဝင်းစိန်တောရ ထပ်လည် (ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူရှိရာနေရာနဲ့ ဝင်းစိန်ဆရာတော်ဘုရားကြီးရဲ့ မပုပ်မသိုးထားရှိရာနေရာ) ဘုရားဖူးပြီးတော့ ၁နာရီခွဲလောက်မှာ မုဒုံကို ရောက် (မုဒုံ မော်လမြိုင်က မိုင် ၂၀ နီးပါး ရှိပါတယ်) မုဒုံက ဒေသခံ မနန်းအိမ်မှာ နားကြပါတယ် မနန်းက ထိုင်းစာ ဆူကီးကြော်ကျွေးတယ် (ဆူကီးက ကြာဇံကြော်ကိုပြောတာပါ) ညနေရောက်တော့ မုဒုံမိန်းလမ်းဘေးက ညဈေးတွေမှာ ရေစိုမုန့်တီ ကရင်ငပိရည် ကြက်ကင် ထမင်း ဒေသအစားစာတွေ အစုံပတ်စားကြတာ ည ၇နာရီရောက်တော့ စီစဉ်ပေးတဲ့ ညစာ ထပ်စားခဲ့သေးတယ် နက်ဖန် တောင်တက်ဖို့အားမွေးရင်းပေါ့ ညရောက်တော့ အိပ်စက်အနားယူ (နိုးတဝက် အိပ်တဝက်ပေါ့) 27.10.2026 မနက် ၆နာရီမှာ မုဒုံကနေ ကျိတ်ရွာတောင်ခြေထိ ဆိုင်ကယ်စီးဖို့ လာခေါ်ကြပါတယ် (ဒီနေရာမှာ လိုအပ်ချက်က နောက်က ဆိုင်ကယ်စီးသူတွေအတွက် ဦးထုပ်မပါတာပဲ ကိုယ်တွေကမန်းလေးသူဆိုတော့ ဆိုင်ကယ်ဦးထုပ်ပါမှ လုံခြုံတယ်လို့ခံစားရတာပါ) မုဒုံကနေ မုလအိတောင်ခြေထိ ၅နာရီ သို့ ၆နာရီ စီးရမှာမို့ ရင်တွေခုန်နေမိတယ် ဒါနဲ့ မုဒုံ ကနေ တောလမ်း ရွာလမ်းတွေကို ချိုင့်ခွက်တွေကြားစီးရင်း ဇက်ဆိပ်တွေဖြတ်ရင်း(လမ်းကကောင်းလိုက်မကောင်းလိုက်ပေါ့) တောင်ခြေ ကျိတ်ရွာကို နေ့လည် ၁၂နာရီအတိမှာရောက်လာပါပြီ ကျိတ်ရွာကနေ ဆိုင်ကယ်ထားလို့ရတဲ့ရွာထိ နာရီဝက်ထပ်စီးရပါသေးတယ် သဲဖြူချောင်းဖြတ်ပြီး မကြာမီ ဆိုင်ကယ်နောက်ဆုံးသွားလို့ရတဲ့ တောင်ခြေကို ရောက်သွားပါတယ် တောင်တက်လမ်းကြောင်းများ ၁-တောင်ခြေရွာ ကွမ်းခြံ/စမ်းချောင်း/နတ်စင်/ခွေးလျာထွက်/အိုအေစစ်/ဝါးတော/ဖြတ်ရပါမယ် ၂-ရသေ့ကျောင်း ၃-ငှက်ပျောတောစခန်း တောင်သူငိုဆိုတဲ့ကုန်းတွေဖြတ်ရပါမယ် ၄-သင်္ဘောဦးစေတီ ၅-ဆရာလေးကျောင်း(သို့)အလယ်စခန်း(ညအိပ်) ၆-စဉ့်အိုးကွဲစခန်း ၇-တာဝါတိုင်ကုန်း(ယခုတော့တာဝါတိုင်မရှိတော့ပါ) ၈-လွမ်းစေတီစခန်း ၉-မုလအိတောင် အဲ့မှာ တောင်တက်ဖို့ပြင်ဆင်/ နေ့လည် ၁နာရီခွဲမှာ တောင်ခြေရွာကနေ စတက်ပါပြီ နေ့လည်ရောက်ပီဆိုတော့တောက်တက်ချိန် သိပ်မကျန်တော့တာမို့ အလယ်စခန်းမှာ ညအိပ်ဖို့ လမ်းစလျောက်ရပါပြီ ပထမဆုံးက ကွမ်းခြံတွေ စမ်းချောင်းတွေ ၄/၅ခုဖြတ်ပြီး နတ်စင်ကိုရောက်ပါတယ် နတ်စင်ကနေ စတက်ပါပြီ အတက်ကြမ်းတွေ ခွေးလျှာထွက် ကတော့ အကြမ်းဆုံးပေါ့ အိုအေစစ် မှာ ရေနွေးသောက် ဌက်ပျောသီးစား ရသေ့ကျောင်းရောက်တော့လဲ ဌက်ပျောသီးစား သောက်ရေဖြည့် ဆက်တက် ဝါးတော အဲ့ဒီမှာပဲ ညနေ၄နာရီဆိုပေမဲ့ တောအုပ်ဝါးအုပ်ကြောင့် မှောင်စပြုနေပါပြီ အမျိုးသားရဲ့ ကြွက်ကစတက်ပါပြီ တလှမ်းတောင်လှမ်းမရတော့တဲ့အခြေနေ ဆေးလိမ်းလိုက် နှိပ်ပေးလိုက်နဲ့ အတော့်ကို ပင်ပန်းသွားတယ် သူ့ကျောပိုးအိတ်ကို ကိုယ်လွယ်ပေးလိုက်တယ် တတောလူံး သူရယ်ကိုယ်ရယ်၂ယောက်ထဲ ဒါနဲ့ အားတင်းလျောက်လာတာ ရှေ့မှာ မနန်းကစောင့်နေပေးပြီး ဝါးတော မှောင်မှောင်မဲမဲထဲ ငှက်ပျောတောစခန်းထိ ကြွက်တက်နေတဲ့ကြားက ၂နာရီလောက်ဆက်တက်လိုက်တယ် တလှမ်းချင်းပေါ့ ငှက်ပျောတောရောက်တော့ ကိုကြီးက ခြေသလုံးတင်မကတော့ဘူး ပေါင်တွေပါ ကြွက်တက်လာတော့ အော်နေရတာ ကိုယ်လဲ ကိုကို မတက်နိုင်ရင်မတက်နဲ့တော့ ဒီမှာပဲ ညအိပ်လိုက်မယ်ပြောလိုက်တယ် သူလဲမရတော့ဘူး (ဒါနဲ့ မုလအိတောင်ကို သစ္စာပြုလိုက်တယ် တပည့်တော်မ ဖူးချင်တာ ၅နှစ်ရှိပြီ ခုမှ ရောက်ရတာ ဖူးရပါလိုဧ ပေါ့) ပြီးမှ ကိုကိုကပြောတယ် သူဘယ်လိုမတတ်နိုင်တော့ဘူးတဲ့ သူနေခဲ့ရင် ကျမလဲ မတက်တော့ဘူးဆိုတာသိလို့အားတင်းလျောက်ခဲ့တာတဲ့ 🙏🙏🙏 ကိုယ်လဲ မနန်းပေးတဲ့ဆေးတဗူးလုံး သူ့ကိုလိမ်း ဆေးတိုက် လိုက်တာ နာရီဝက်နေတော့ သက်သာလာတယ် ဒါနဲ့ ကိုကိုက ဆက်တက်မယ်တဲ့ ကိုယ်တွေလဲပျော်သွားတယ် သူ့ကျောပိုးအိတ်ကို ကိုယ်သယ်ပေးရင်း ငှက်ပျောတောက

❤️ Ngwe Sandar Lwin ❤️(2.9M)
❤️ Ngwe Sandar Lwin ❤️(2.9M)
Open In TikTok:
Region: DE
Friday 06 November 2026 13:49:48 GMT
66720
3738
109
138

Music

Download

Comments

u.soe.lwin134
U Soe Lwin :
ဘယ်လမ်းကသွားရတာလဲ
2026-11-07 04:32:33
1
user2201540371790
thet_01 :
သမီးလေးကျေးဇူးအများကြီူတင်ပါတယ်အန်တီအရမ်းသွားချင်တဲ့နေရာလေး မိဘကိုပြုစုရင်းမသွားဖြစ်အခုဆိုအသ်၆၀ရှိသွားပြီခါးကြောကညှပ်နေတော့ဒီလိုလမ်းမလျောက်နိုင်တော့ပါဘူးသမီးတို့ရိုတ်ပြတဲ့ဗီ ဒယိုလေးကြည့်ပြီဦးခိုက်ကန်တော့လိုက်ပါတယ်
2026-11-07 01:51:40
2
kolwanwai700
ကိုလွမ်းဝေ :
အမတို့က ရတနာသိုက်ရှာတာလားဗျ😳
2026-11-07 02:42:40
0
ko.maung5790
Ko Maung :
ဒီလောက်အဝေးကြီးကိုဘုရားတည်ခဲ့တဲ့သူဘုရားဒကာတွေကိုကျေးဇူးလဲတင်တယ် သာဓု လည်းခေါ်ပါတယ် ဘယအလိုတည်ခဲ့သလဲလည်းသိချင်ပါတယ်
2026-11-07 02:55:56
2
waiwainwe9732
Wai Wai Nwe :
ဘယ်ကသွားကြတာလဲ
2026-11-07 09:26:00
0
daniel.xtoo
𝕏𝕥𝕠𝕠 𝕃𝕪𝕟𝕟 𝕏𝕥𝕖𝕥♌ :
2013တုန်းကိုတွေတစ်ဖွဲ့သွားတာ သဘော်ဦးဘုရားမရောက်ခင်သရဲခြောက်လို့ပြေးကြတာတစ်ဖွဲ့လုံး😂
2026-11-07 04:57:04
0
kuanglixian
Kuang :
ညီမလေးဘယ်နှစ်ခေါက်ရှိပြီလဲ?မူလအိတောင်ကို
2026-11-07 03:49:34
0
tha..zin3493
သဇင် :
တော်လိုက်တာ မုလအိကနတ်ကြီးလို့လူတိုင်းမဖူးနိုင်ဘူး
2026-11-07 02:22:52
0
tun.lwin876
Tun Lwin :
ကားနဲ့တက်လို့မရတော့ဘူးလား
2026-11-07 05:57:10
0
unclehtuttattooartist
Atlantic tattoo studio :
off road ဆိုင်ကယ်နက်တက်လို့ရလောက်လားဗျ
2026-11-07 02:47:12
0
nugwar515
💙 moe 💙❄️ Hnin Lay ❄️♈️❤️‍🔥 :
တော် လိုက်တာမမရေ ညီမလေးတို့လဲ ၁၂ ပိုင်းသွားမှာ😁💗💗🥰
2026-11-06 16:29:07
0
user9615424570467
user9615424570467 :
ဘယ်နေရာမာရှိတာလဲ
2026-11-06 23:06:15
0
moe.d3107
Moe D :
နိူင်ငံရေးကောင်းရဲ့လား သွားချင်အဲ့လိုမျိုး
2026-11-07 02:24:09
0
sa.aungaung6
SA AungAung :
အဲတောင်က12နာရီတောင်တက်ရတာလား
2026-11-06 17:47:25
0
kokyawkyaw689
🇲🇲Kyaw gyi 🇲🇲 :
အခုသွားလို့ရလား
2026-11-07 01:13:29
0
ye.ye88075
ye ye :
959697သုံးနစ်သိသိ တက်ခဲ့ဘူးတယ် ကြိတ်ဘတ်ရော ရိူးထ ပူရေ ဘတ်ရော
2026-11-06 16:22:04
0
nan.thuzar662
Nan ThuZar🖤❤️🌷 :
ဟောင်သရောချောင်းပါ
2026-11-07 02:26:34
1
user496058411
Myint Myint🌻🌈 :
2026-11-06 14:25:10
0
nay..oo..lin
Nay. Oo. Lin :
ခရီးလမ်းလေးညွှန်ပေးပါဦးခင်ဗျာ။
2026-11-07 01:43:46
1
winenini
ဝိုင်နီနီ :
အစအဆုံးကြည့်လိုက်တယ်အမရေ မိုက်တယ် ဖိုက်တင်း
2026-11-06 15:56:30
0
mi.thet795
Thet Thet Mon :
ဝန်းရံခဲ့ပီး
2026-11-07 12:36:13
0
ko.soe2728
ko soe :
ကားလမ်းမရှိဘူးလား ညီမ 12ပိုင်းကြရင် ကားနဲ့သွားမယ်
2026-11-07 12:48:02
0
user6170529697908
Daw Moe Moe :
ရောက်ဖူးချင်ပါတယ်
2026-11-07 12:43:31
0
myo.myint0594
myo myint :
👍👍👍
2026-11-07 12:20:59
0
nay674521
nay :
2026-11-06 14:16:22
0
To see more videos from user @ngwesandarlwin1, please go to the Tikwm homepage.

Other Videos


About