@uzin3052: #သီတဂူ ၊ထေရ်တဆူ ပဓာနရယ်နှင့် အရင်က…. စစ်ကိုင်းတောင်ဆိုတာ အင်မတန်ရေရှားတယ်။ ဧရာဝတီမြစ်က ခွေထားပေမယ့် တောင်ပေါ်ကို ရေမတင်နိုင်ကြဘူး။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃ထောင်အတွင်း မင်းပြုသွားတဲ့ ဘုရင်၁၉၁ ပါး မှာ ဘယ်ဘုရင်မှ စစ်ကိုင်းတောင်ပေါ် ရေမတင်နိုင်ခဲ့ကြဘူး။ လူထု ဒေါ်အမာရဲ့ စာမှာ_ အင်္ဂလိပ်လက်ထက်မှာ အရှေ့ဣစ္ဆာသယချောင်ဆရာတော်ကြီး ဥုးရာဇိန္ဒဦးဆောင်တဲ့ _ " သရက်ပင်ဆိပ် ရေစက်အသင်းကြီး" တော့ ပေါ်ခဲ့ဖူးတယ်။ ချောင်ပေါက်စေ့ ရေမရောက်ခဲ့ဘူးတဲ့ ။ ထိုခေတ်က လူနာမည်နောက်မှာ " ရေစက်အသင်း" ဆိုပြီး ဘွဲ့ထူးတစ်ခုအနေနဲ့ ကို ထည့်ကြတယ်။ သီတဂူဆရာတော်ကြီးဟာ တစ်နိုင်ငံလုံးကို အစုန်အဆန် မမောမပန်း တရားတွေဟောပြီး စစ်ကိုင်းတစ်တောင်လုံးကိုရေပေးဝေခဲ့တာ ဒီနေ့ထိပဲ။ ပုံမှန်ဆို _ အညာမိုးက တမိုးတွင်းလုံးရွာမှ လက်မ ၃၀လောက်သာ ရေတက်တာပါ။ ထိုမိုးရေကို အားကိုးပြီးနေရတာမို့ မလောက်ငှကြဘူး။ ဧည့်သည်လာမှာ အရမ်းကြောက်ရတဲ့ အခြေအနေပါ။ အလှူအတန်းလာလုပ်ရင်တောင် ရေကိုချင့်ချိန်နေရတာမို့ တွေးတွေးဆဆ နဲ့ လက်ခံရတဲ့သဘောရှိတယ်။ ဆရာတော်ရွှေကိုင်းသားတို့ သီတင်းသုံးသွားတဲ့ အစွန်ဆုံး အနုရုဒ္ဓါချောင် ဆိုရင် နွေအခါ ဝတ်ချက်ရွာက ရေအိုးတွေရွက်ပြီး လာလှူထားမှ အဆင်ပြေပါတယ်။ နန္ဒမူချောင် ဆရာတော်ကြီးဆို ရေခွက်ထဲ ရေထည့်ပြီး ရေပတ်ဝတ်လေးနဲ့သာ သုတ်သင်သန့်ရှင်းရသတဲ့။ တောင်အောက် ကော ရေပေါသလာဆိုရင် _ သရက်ပင်ဆိပ်နားကပ်နေတဲ့ ဂူနီချောင် ၊ ချပ်သင်းချောင်၊ ခေမေသကချောင် ၊ သမိဒ္ဓေါချောင် စတဲ့ ချောင်ဆရာကြီး ဆရာလေးတွေအကုန် မြစ်ထဲဆင်းချိုးရပါတယ်။ အပြန်ကို မြစ်ရေတစ်အိုး တစ်အိုး ရွက်ပြီး ပြန်ရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း မဟာဂန္ဓာရုံ ဝိပဿနာချောင်မှာ ၁၁ နှစ်နေခဲ့တဲ့ ဆရာကြီး ဒေါ်ဝိဇ္ဇေသီ တို့ခေတ်က ရေရဖို့အတွက် တောင်အောက်က မြစ်ထဲ တဝေးတလံကြီး သွားချိုး ၊ ဒါတောင် ဦးခန္တီစောင်းတန်းကြီးသာမရှိရင် တွေးတောင် မတွေးဝံ့ဘူးလို့ ဆိုပါတယ်။ လျှပ်စစ်မီးက မရှိ ၊ ညဘက်ဆို ကျားသစ်တွေက ခွေးတွေကို လာလာဆွဲ၊ မေ့နေတဲ့စာတွေကို လက်နှိပ်ဓာတ်မီးနဲ့ ထိုးပြီး ပြန်ပြန်ကြည့်ရသတဲ့။ ထိုခေတ်က စစ်ကိုင်းတောင် ချောင်အများစုက ဆရာကြီး ဆရာလေးတွေကို ဇေယျသိန်ပါဠိတက္ကသိုလ်ဆရာတော်ကြီးက အထက်တန်းစာဝါတွေ သင်ပေးပါသတဲ့။ ခုတော့ သီတဂူဆရာတော်ရဲ့ ကျေးဇူးကြောင့် သောက်ရေ သုံးရေ လိုသလောက်ပြည့်လျှံနေအောင် ရပါသတဲ့။ "တောင်ထိပ် ကြာပေါက်၊ အနောက် နေထွက်" ဆိုတဲ့ အလင်္ကာစာဝါလိုက်တုန်းက" ဝိရောဓိဒေါသ" ဟာ သီတဂူဆရာတော်ရဲ့ လုံ့လဝီရိယကြောင့် ဒေသဝိရောဓိ မဖြစ်တော့ဘူးလို့ ဆရာကြီးက ဆိုပါသည်။ စစ်ကိုင်းသူ ဆရာမကြီး ဒေါ်ရီကြိန်ကတော့ သား သမီးတွေကို စစ်ကိုင်းတောင်ပေါ်မှာ ရှင်ပြု နားသ အလှူကြီးလုပ်ချင်တာ ရေရှားတာမို့ တောင်အောက်မှာသာ လုပ်ခဲ့ရသတဲ့ ။ သူတို့ခေတ်က စစ်ကိုင်းမှာ မီးလောင်ရင် မြစ်ထဲ ရေသွားခပ်နေတုန်း အိမ်၁၀လုံးလောက် ကုန်နှင့်နေပြီ ဟူသတဲ့။ ထို့ကြောင့် သီတဂူဆရာတော်ကြီးရဲ့ ရေအလှူတော်ကို ၂ဦး နှစ်ဖက် အကျိုးကြီးတာမို့ " ဥဘတောသုဒ္ဓိကဒါန " ဟု ရေးသွားပါသည်။ ဆရာမကြီး "အမ်၊ အေ၊ မအုန်း " ကတော့ သီတဂူဆရာတော်ကြီးရဲ့ ဘုန်းတန်ခိုးသိဒ္ဓိအရှိန်ကို _ " အဟော ဝတ သုလဒ္ဓ" ဆိုပြီး အကြိမ်ကြိမ် အထပ်ထပ် ထောမနာပြုသွားပါသည်။ ဆရာဦးဆန်းထွန်း ( မန်းတက္ကသိုလ်) ကတော့ " ဤကားချီးမွမ်းဖွယ်ပါတကား " ဟု သက်တမ်းကမ္ဘာထောင်ချီကြာသည့် အသက်ရှည်သည့်ပုဂ္ဂိုလ်ကြီးပင် ကုန်စင်အောင် မချီးမွမ်းနိုင်ကြောင်းကို အထက်က ဧရာဝဏ်ဆင် ဥပမာနှင့် "သီတဂူ ရေအလှူ"ကို ဂုဏ်တင် ခဲ့ပါသည်။ " သီတဂူ စန်းလ ၊ ပန်းသကမဉ္ဇူ ၊ အိုင်သာ အနောတတ် ၊ ပြောစမှတ်ရှင်လူ၊ မေတ္တာအမ္ဗု ၊ စန္ဒကူး အရည်တူ ၊ ရေဒါန ၊ သာစွ သီတဂူ " ဆိုတာ ဆရာကြီးရေးခဲ့တာပါ။ နောက်_ " ဇွဲမနှုန်းသာဘူး၊ သဲကုန်းရယ်တဲ့ ဆရာတော်။ တောင်စစ်ကိုင်း ၊ ချောင်တိုင်း ရေလှူဖို့ ၊ နေပူ လေပူကြမ်းငဲ့ပြင် ၊ ဆောင်းချမ်း ဖုန်ဒဏ်နဲ့ ။ စုန်အဆန် သာသနာပြုတယ်၊ မောနိုင်ဘူးနော် " ဟု ချီးကျူးဖွဲ့ဆိုခဲ့ပါသေးသည်။ ထို့နောက်... " နောတတ်မှာ ၊ မာန်ကြွတဲ့ ၊ ပန္နဂ အသာခြွေသည်၊ ရှင်သာမဏေ ရေယူသို့၊ ဇေယျပူ သာတံတိုင်း ( ၆၇၇) စစ်ကိုင်းရယ်တဲ့ တောင်ပေါ် ၊ ချောင်တော်အနှံ့ ရေချမ်း။ သီတဂူ၊ ထေရ်တဆူ ပဓာနရယ်နှင့် ၊ သာဝက သာဝကာတို့ ၊ သဒ္ဓါရှိစွာပါဝင်လို့ ပေါင်းကြတယ်၊ သောင်းသိမ့်သိမ့်လွှမ်း " ဟု သာဓုခေါ်ခဲ့ပါသည်။ ထိုစဉ်က လျှော်ဖြူချောင် သို့မဟုတ် သဒ္ဓမ္မသီတဂူချောင် သီတဂူဆရာတော်ကြီးဟာ _ ရေစုပ် ရေတင် စက်ရုံ ၂ရုံတည်ပြီး ဂါလံတစ်သိန်းထိဝင်သော ရေလှောင်ကန်၄လုံးဖြင့် ရေပိုက်လိုင်း ပေ ၅သောင်းကျော်သွယ်တန်းပြီး ရေလှူခဲ့ပါသည်။ ဒါတွေဟာ လွယ်ကူခဲ့သည်မဟုတ်ကြောင်း ခုလောက်ဆို ရိပ်မိလောက်ပေပြီ။ ထို့ကြောင့်... ဓမ္မာစရိယဆရာကြီးဦးဌေးလှိုင်က ဆရာတော်ကြီးကို " မပြီးဆုံးသေးသော ဂုဏ်ပြုလွှာ" ဖြင့် ဂုဏ်ပြုကွက်လပ် ချန်ထားခဲ့တာပါ။ ခုဆိုရင်... သီတဂူဆေးရုံအလှူတွေ ၊ စက္ခုဒါနအလှူတွေအပြင် ဗုဒ္ဓတက္ကသိုလ်တွေ သဘာဝဘေးအလှူတွေနဲ့ မကုန်နိုင်သော ကျေးဇူးဂုဏ်များဖြစ်နေပါပြီ...။ ဩကာသ ဩကာသ ဩကာသ ပါ ဆရာတော်ကြီး ဘုရား 🙏။ သက်ပိုင်စိုး

မဟာမြိုင်ကြယ်တစ်ပွင့်
မဟာမြိုင်ကြယ်တစ်ပွင့်
Open In TikTok:
Region: DE
Friday 06 November 2026 13:59:49 GMT
16794
2822
208
61

Music

Download

Comments

yy96240
YY :
ဆရာတော်ကြီးပြုသမျှကုသိုလ်အဖို့ကို တပည့်တော်က လှိုက်လှိုက်လှဲလှဲဝမ်းမြောက်စွာဖြင့် သာဓုသာဓုသာဓုခေါ်ပါသည်။ ဆရာတော်ဘုရား ကျန်းမာချမ်းသာစွာဖြင့် သက်တော်ရာကျော်ရှည်ပါစေ။
2026-11-06 22:25:11
13
r.m.849
N.y.zoan. :
ကိုယ်တွေကလက်တွေ့လေ့လာဖူးသူဆိုတော့..သီတဂူဆရာတော်ဘုရားကြီးကိုယ်.မအိုအောင်..အမြဲဆုတောင်းနေရတာ..🙏🙏🙏
2026-11-06 14:45:19
18
user1819193528323
ဘိုးဘိုးအောင်(မနောရမ ပဏ္ဍိတ) :
ဆုကြီးပန် ဆရာတော်၊ တသာသနာ တပါးသာ ပေါ်လိမ့်။ နေ့စဉ်နှင့် အမျှ ဦးတင်မိပါသည်ဘုရား။ ဖုန်းမည်သံပင်လျင် ဆရာကြီး ဦးဆန်းထွန်းရဲ့ သီတဂူ စန်းလ၊ ပန်းသက မဉ္ဇူ-- ကဗျာလေးနဲ့ မြတ်မြတ်နိုးနိုး ဦးတင်မြဲပါဘုရား။
2026-11-07 07:18:45
2
user3811069456192
ဥယ်ာဥ္မႉး ေမေမ :
အသက်၁၈စစ်ကိုင်းတောင်မှာဘုရားဖူးရင်းရေသောက်ဖို့ခက်ခဲပေမဲ့အသက်၃၀နောက်တခေါက်ရောက်တော့ဆရာတော်ကြီးကျေးဇူးကြောင့်တတောင်လုံးစိမ်းစိုပီးရေဗူးယူဖို့မလိုတော့ပါဆရာတော်ဘုရားအားရိုသေမြတ်နိုးစွာကန်တော့ပါသည်ဘုရား
2026-11-07 06:24:38
6
nyunt577
nyunt :
ဆရာ တော်ကြီးသက် တော်ရှည် သာသနာဆထက်တိုးလို့ ဆောင်ရွက် တော်မူနိုင်ပါ စေ ဆရာ တော်ကြီးပြုစု နေ သောရဟန်းသံဎာလူများသက်ရှည် ဘေးကင်းပါ စေ
2026-11-07 00:52:15
12
user0163955811
Ma Swe :
ဆရာတော်ဘုရားသက်ရှည်ကျန်းမာပါစေ
2026-11-07 10:52:59
2
user9382216208295
ခတောက္ကန်ဆရာတော် :
သာဓုသာဓုသာဓုပါ ဘုရားဆရာတော်ဘုရားကြီးသက်တော်ရာကျော်ရှည်ပါစေဘုရား
2026-11-07 12:53:25
2
u.san.win1161
U San Win :
ဦးခိုက်ကန်တော့ပါ၏
2026-11-07 00:56:29
7
hnin.moe.hlaning
မိုးကောင်းကင် :
🙏🙏🙏🙏🙏ဆရာတော်ကြီးပြုသမျှကုသိုလ်များကို တပည့်တော်တို့က လှိုက်လှိုက်လှဲလှဲဝမ်းမြောက်စွာဖြင့် သာဓုသာဓုသာဓုခေါ်ပါသည်။ ဆရာတော်ဘုရား ကျန်းမာချမ်းသာစွာဖြင့် သက်တော်ရာကျော်ရှည်ပါစေ။🙏🙏🙏🙏🙏🙏🙏🙏
2026-11-07 10:31:22
5
user9770383218779
၁၉၆၉ပါ :
မဂ်လာနံနက်ခင်းပါဆရာတော်ဘုရားကျန်းမာပါစေဘုရား
2026-11-06 23:38:33
6
hhkhfihrteii
user104297366821 :
ဦးခိုက်ပါသည်ဆရာတော်ဘုရား
2026-11-06 22:18:43
4
jon.ni967
Jon ni :
တကယ့်ချီးမွမ်းစရာ အံ့ဩဖွယ်ကောင်းလေစွ အဟော အစ္ဆရိယံ ပါဘုရား
2026-11-07 09:14:45
1
khinmayaung833
khinmayaung833 :
2026-11-07 12:00:41
1
daw.khin.aye396
Daw Khin Aye :
ဆရာတော်ကြီးသက်ရှည်ကျန်းမာပါစေ
2026-11-07 06:48:03
1
user5009133942796
အားလုံးအဆင်ပြေချောမွေ့ကြပါစေ :
ဆရာတော်မြတ်ကြီးဟာ အတုမရှိပါတဲ့ မုနိဆုမြတ်ရှင် ဖြစ်တာကြောင့် အရာရာမှာ သာလွန်ကာ ကြီးမြတ်တယ်ကွယ် လောက ထွတ်ထား 🙏🙏🙏🙏🙏
2026-11-07 08:39:34
1
88lulu_y
K.💫 :
2026-11-07 10:42:32
1
khat.zaw62
အလွမ်းတွေနဲ့ ငါ...🕺🤦‍♂️ :
တပည့်တော်က လက်တွေ့အပြင်မှာဖူးမျှော်ခွင့်မရခဲ့ပေမယ့် ဆရာတော်ကြီးရဲ့တရားတော်အသံ ခွေတွေ ဖုန်းတွေမှာပဲ ပူဇော်ရနေပါတယ်အရှင်ဘုရား သံဃံသရဏံ ဂစ္ဆာမိပါအရှင်ဘုရား[Pray][Pray][Pray]
2026-11-07 06:41:33
1
than3766
ပဒေသာပင် :
🙏🙏🙏🙏
2026-11-07 10:03:43
1
shwenyar233
ရွှေညာ :
တောင်စစ်ကိုငပးချောင်တိုင်းရေနေတာဆရာတော့ကျေးဇူးပါဆိုရိုးစကားရှိပေ၏ရွှေကိုမလိုရေကိုသာလို၏
2026-11-07 06:32:38
1
win.win4808
Win Win :
ရှိခိုး ပူဇော်ပါ၏ဆရာတော်ကြီးဘုရားကျန်းမာ စွာဖြင့်သက်တော်ရာကျော်ရှည်ပါစေ
2026-11-07 05:00:40
1
komyintthein059
KoMyintThein :
သာဓုသာဓုသာဓုပါ
2026-11-07 00:21:06
1
pankabar13579
လောကစက္ခု :
ပြည်မြန်မာ သီတဂူတစ်ပါးသာ ရေဒုက္ခဝေဒနာကို ကုစားန်ိုင်သူမို့ ချောင်ပေါင်းရဲ့ နေ လ ပမာ အအေးဓာတ်ဆောင်သည့် လမင်ကြီးလို ကျေးဇူးအနန္တ ကြီးမားသည်မို့ ထေရ်ဆရာတော် အသက်ရာကျော်ရှည်လို့ ဝေဒနာကင်းစင်းလျက် ဘဝခရီးဆက်နိုင်ပါစေ ကြည်ည်ိုကာဆုတောင်းပါဘုရား။
2026-11-07 06:20:20
1
swe.swe.0325
Ma Swe :
ဆရာတော်ကြီး၏မေတ္တာတရားအားဦးခိုက်ရှိခိုးပါ၏။ ဆရာတော်ကြီးအသက်ရှည်ကျန်းမာပါစေဘုရား
2026-11-07 02:25:40
1
user3562659
သံသရာခရီးသွား :
ဆရာတော်ရေလိုအေးလို ့ အပူမသန်း ဘေးဘျမ်းကင်းပါစေဘုရား 🙏🙏🙏
2026-11-07 04:39:45
1
ma.myat.moe248
Ma.Myat Moe :
🙏🙏🙏🙏
2026-11-06 15:26:20
1
To see more videos from user @uzin3052, please go to the Tikwm homepage.

Other Videos


About