@myatsfxl2xs: #လွမ်းတာကလည်း #ညက အိပ်မက်မက်တယ်.. အိပ်မက်ထဲမှာ ကိစ္စတခု ကြုံရတော့ သူ့ဖုန်းကို လှမ်းခေါ်မိတာ.. အမြဲတမ်း ဖုန်းခေါ်ရင် တန်းကိုင်တတ်တဲ့ သူ့ဖုန်းလေးက မကိုင်ခဲ့ဘူး.. အဲ့ကျမှ အော် သူမှ မရှိတော့တာ လို့ သတိရသွားတယ်.. နောက်တခါထပ်ပြီး အန္တရာယ်ရှိတဲ့ အနေအထား ကြုံရတော့ သူ့ဖုန်းကိုပဲ ထပ်ခေါ်မိပြန်တယ်.. သူ ကျနော့်ဖုန်းကို မကိုင်တော့ဘူး.. ကျနော် တခါထပ်ပြီး သတိရသွားပြန်တယ်.. သူ မရှိတော့ဘူးလေ သူ မရှိတော့ဘူး သတိကပ်ထားစမ်းပါ ဆိုပြီး ပြောမိနေရင်း နိုးလာခဲ့တာ.. အိပ်မက်ထဲမှာတင် ၂ခါ ဆက်တိုက်ကြီး ဖုန်းခေါ်မိပြီး ၂ခါဆက်တိုက်ကြီး သူ မရှိတော့ဘူး ဆိုတာ သတိရစေခဲ့တယ်.. နိုးလာတော့ သူ မရှိတော့ဘူးဆိုတဲ့ ခံစားချက်ကြီးကဗျာ.. သူ မရှိတော့ဘူးဆိုတာ လက်ခံစေချင်တာလား လို့ တွေးမိတယ်.. သူက ဒါကို လက်ခံလိုက်စေချင်တာလားဗျာ.. သူ တကယ်ပဲ ကျနော့်ဖုန်းကိုတောင် မကိုင်ခဲ့တော့ဘူး.. ဘယ်လိုနေရာရောက်ရောက် ကျနော့်ဖုန်းကို မကိုင်ပဲ မနေခဲ့တဲ့သူက ဘော်ဒါတွေနဲ့ရော သူ့ယောက်ဖနဲ့ရော KTV ခိုးသွားကြတုန်းက ဖုန်းမကိုင်ခိုင်းတာတောင် အိမ်သာထဲသွားပြီး ကျနော့် ဖုန်းကို ကိုင်တဲ့သူက ခု အိပ်မက်ထဲမှာတောင် ကျနော့်ဖုန်းကို မကိုင်တော့ဘူး.. ဒါတောင် အိပ်မက်ထဲမှာမို့.. ကျနော် သူ့ဖုန်းကို ခုထိ မခေါ်ရဲသေးဘူး.. သူ ဖုန်းမကိုင်မှာ ကြောက်လို့လေ.. ကျနော် လက်ခံရမှာတွေ ရှိပေမယ့် သိလည်း သိပေမယ့် ကျနော် လက်မခံချင်သေးဘူး.. မရှိတော့ဘူးဆိုတာကြီး ကျနော် လက်ခံရအောင် ဒီလို အိက်မက်ကြီးတွေတော့ မမက်ပါရစေနဲ့တော့ဗျာ....#aicatsoftiktok #creatorsearchinsights #aicatstory
May Oh
Region: SG
Friday 06 November 2026 14:05:44 GMT
Music
Download
Comments
ES အထည်ချုပ်ရုံ :
ဒီစာ ဖက်ရတော့ ဝမ်းနည်းပြီး ငိုချင်မိတဲ့အထိ ခံစားလိုက်ရတာ ။ အဲ့ ခံစားချက်ကြီးကို ကိုယ်တွေ့ခံစားနေရဆဲမို့ပါ။
ကျမ လည်း အချစ်ရဆုံးကြီးကို လက်လွှတ်ခဲ့ရတာ ၅ နှစ်ရှိပါပေါ့ ။
2026-11-06 21:54:08
1
Ku Mu Dra Khin :
စိတ်ထဲကို မကောင်းဘူး
မယ်အိကို သနား လွန်း လို့
ကိုယ်ယောကျား သေရင်ကော အဲ လို ဖြစ်နေမှာစိုးပြီး ရင်တေ ကိုအောင့် တဲ့ထိ ခံစားရပါတယ်
အားတင်းထားပါ နော်❤️❤️
2026-11-06 14:17:35
3
Hla Lay Sein :
စိတ်မကောင်းလိုက်တာကွယ် ထပ်တူခံစားမိပါတယ်ဘယ်လောက်တောင်ခံစားနေရ ရှာမလဲ 🥺🥹🥹🥲😭
2026-11-06 15:13:41
0
Hsu Mon Aung :
အားတင်းထားပါ အမရယ်🥺
2026-11-06 14:09:26
1
Mayhsukyaw🫧🌸 :
စိတ်ထည့်မှာတစ်မျိုးကြီးပါဘဲ အားတင်းထားပါရှင့်😥
2026-11-06 14:15:11
1
Thu Zar Soe :
ကိုယ်ချင်းစာတယ်
မရှိတော့ဘူးဆိူတာကြီးမတေ့းချင်လူး
2026-11-06 14:16:06
1
ကျော်အရာရာသိန်း :
ညီမလေးရေဖြေသိမ့်ပေးစရာစကားလုံးရှာမရတော့ဘူး🥺🥺🥺🥺
2026-11-06 15:24:52
1
Ni Ni Aung :
စိတ်မကောင်းလိုက်တာစာဖတ်ပြီးတကယ်မျက်ရည်ကျရတယ်
2026-11-06 17:10:29
0
PannYoon(ရွှေပင်လယ်) :
အရမ်းချစ်ကြတော့လဲ အတွေးနဲ့တင်ဝင်မခံစားကြည့်နိုင်ဘူး သနားပါတယ် ခံစားရရှာမှာပဲ
2026-11-06 17:57:08
0
မင်္ဂလာ မအိ :
မိသားစုဲ့တနေရာလေးလပ်သွားတာတကမ္ဘာလုံးပြောင်းပြန်ဖြစ်သွားသလိုမျိူးလေဟာနယ်ထဲမှာအားကိုးရာမဲ့သွားတဲ့ခံစားချက်
2026-11-06 17:38:22
0
Ka Lay :
အားတင္းထားပါဦးမမေရ 😢😢😢
2026-11-06 14:47:05
0
May Zon ♥️🧕🕋 :
စိတ်တွေမကောင်းလိုက်တာ🥺
2026-11-06 14:10:46
0
Kyawt Kyawt :
စာလေကိုဖတ်ပီးငိုချင်လားတယ်🥺🥺🥺😭😭
2026-11-06 15:04:31
0
mayzin7858🤎🤎🤎သမီးလေးမေမေ :
အမရယ်😭
2026-11-06 16:07:04
0
TRIXIE :
အားတင်းထာပါညီမရယ်
2026-11-06 15:09:54
0
maayemyint32 :
ရင်ထဲထိ
2026-11-06 15:00:50
0
Ni Ni :
😳😳😳
2026-11-06 17:05:03
0
မိုးမိုး🌈🌈🌈. (wppn)fan :
😭😭😭😭
2026-11-06 15:07:20
0
Ei ei Phyo :
😳😳😳
2026-11-06 14:34:16
0
user1008273618769 :
😭😭😭
2026-11-06 17:49:03
0
To see more videos from user @myatsfxl2xs, please go to the Tikwm
homepage.