@mr.smartphonecollections: Snapdragon 8 Gen 5, 9000mah Battery, ကျောဖက်မှာ Display အသေးလေး နဲ့ ပွဲထွက်လာမယ့် Honor 700 Pro ========================== ဖုန်းရဲ့ ကျောဘက်မှာ Display အသေးလေးတွေ ပါတဲ့ ဖုန်းတွေကို ကြိုက်တတ်တဲ့ သူတွေ အတွက် ချစ်စရာ ကောင်းတဲ့ ဒီဇိုင်းလေးနဲ့ 1.72 လက်မ ရှိတဲ့ Rear Display အသေးလေး ပါလာမယ့် Honor 700 Pro ကို Official ချပြလိုက်ပြီ ဖြစ်ပါတယ်။ Honor 700 Series ကို Honor 700s, Honor 700 နဲ့ Honor 700 Pro ဆိုပြီး Model ၃မျိုးနဲ့ မိတ်ဆက် ပေးသွားမှာ ဖြစ်ပြီး ၃ခုလုံးမှာ Rear Display အသေးလေးတွေ ပါဝင်လာမယ်လို့ သိရပါတယ်။ CPU အနေနဲ့ Honor 700 မှာ Snapdragon 8s Gen 4, Honor 700 Pro မှာ 8 Gen 5 တို့ သုံးပေးထားမှာ ဖြစ်ပြီး Honor 700s မှာတော့ CPU ကို အတိအကျ ကြေညာထားတာ မရှိသေးပါဘူး။ ကင်မရာ အနေနဲ့ Honor 700 Pro မှာ 200MP Main Camera, 3.5x Optical Zoom ရမယ့် 50MP Periscope Telephoto Lens နဲ့ 12MP Ultra Wide Camera တို့ ပါဝင်လာမယ်လို့ သိရပါတယ်။ Honor 700 နဲ့ 700s တို့ရဲ့ ကင်မရာ အသေးစိတ် အချက်အလက်တွေကို မသိရသေးဘဲ၊ ထူးခြားမူ့ အနေနဲ့ Honor 700 နဲ့ 700 Pro တို့မှာ Magic Series ဖုန်းတွေမှာပဲ Support ပေးတဲ့ 200mm Telephoto Lens Extender နဲ့ တွဲသုံးလို့ ရမယ်လို့ ဆိုထားပါတယ်။ Battery အနေနဲ့ Honor 700 Pro မှာ 9000mAh အထိ ပါဝင်လာမှာ ဖြစ်ပြီး 80W Fast Charging နဲ့ 50W Wireless Charging တို့ပါဝင်လာမယ်လို့ သိထားရပါတယ်။ IP68/IP69K dust tight and water resistant ကိုတော့ ဖုန်း ၃ခုလုံးမှာ Support ပေးမယ်လို့ သိထားရပါတယ်။ ဖုန်းရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဒီလထဲမှာ Official မိတ်ဆက်ပေးမှပဲ သိရမှာ ဖြစ်ပါတယ်။ #MrSmartPhoneAndGadgetStore #honor700 #honor700pro #fyp #honor
Mr.Smart Phone And GadgetStore
Region: MM
Saturday 07 November 2026 01:33:10 GMT
Music
Download
Comments
Min Khant Bo :
Honor Winတုန်းကလည်းK70တို့K90တို့အထာ:))
2026-11-07 13:46:15
2
Rocky Walone :
ခန့်မှန်းဈေး🗿
2026-11-07 04:52:05
1
Win Ko Thant :
ကြိုက်တယ် မဝယ်နိုင်တာတစ်ခုပဲ
2026-11-08 13:26:34
1
Ko Han :
honorက နာမည်ပြောင်းရတော့မယ်
xiaophone ဆိုပြီးတော့🤣
2026-11-07 09:51:47
1
{"ⓀⓄ ⒽⓉⓊⓃ ⒽⓉⓊⓃ" } :
ဘယ်ကိုသွားချင်နေတာလဲ honor😂😂😂
2026-11-07 05:13:26
1
✅SAW MOE AYE✅ :
30ကျော်မလား
2026-11-07 09:30:28
0
Pyae Phyo Aung :
လှတယ်
2026-11-07 09:15:08
1
To see more videos from user @mr.smartphonecollections, please go to the Tikwm
homepage.