@malnyo90letkyan: အားလုံးထင်ခဲ့ကြသလိုပဲ သူ့သားကို ယူထားတဲ့အတွက် နှိပ်ကွပ်မှာ ဖိနှိပ်မှာကို ကျွန်မကိုယ်တိုင်လည်း စိုးရိမ်ခဲ့ဖူးပါတယ်။ အိမ်ထောင်ပြုပြီးတဲ့အခါမှ သိပ်ကံကောင်းတယ်ဆိုတာ သိလိုက်ရပါတယ်။ တကယ်လို့များ ယောက္ခမဆိုးဆိုးနဲ့များ တွေ့ခဲ့ရမယ်ဆိုရင် ကျွန်မရဲ့ပြင်အလုပ်တွေလည်း ကောင်းကောင်းလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ကျွန်မဝါသနာပါတဲ့ အလုပ်ကိုလည်း မစွန့်လွှတ်နိုင်ပါဘူး။ အလုပ်မလုပ်ရတော့ဘူးဆိုရင်လည်း ကိုယ့်မိဘကို တစ်ဖက်တစ်လမ်းကနေ ပြန်ထောက်ပံ့နိုင်မှာ မဟုတ်တော့ပါဘူး။ အခုဆိုရင် ကျွန်မဝါသနာပါတဲ့ အလုပ်ကလေးရယ်၊ ဆိုးတူကောင်းဘက် အလုပ်လုပ်နေတဲ့ အမျိုးသားရယ်၊ နားလည်မှုရှိတဲ့ ယောက္ခမတွေကြောင့်သာ အပူအပင်တွေ ကင်းနေခွင့်ရနေပါတယ်။ ကျွန်မကို ယောက္ခမနဲ့ အဆင်ပြေရဲ့လားဟေ့လို့ လာမေးတိုင်း ကျွန်မ အပြုံးနဲ့ လက်မထောင် တုံ့ပြန်နိုင်ခဲ့ပါတယ်။ ကျွန်မမှာ နားလည်မှုရှိတဲ့ ယောက္ခမကောင်းတစ်ယောက် ရှိနေတယ်လို့။ ယောက္ခမဖြစ်သူကလည်း ကျွန်မချွေးမ ဘယ်လိုအလုပ်တွေ လုပ်ပြီး ဘယ်လိုအောင်မြင်နေလဲဆိုတာကို သူများကို အမြဲကြွားလေ့ရှိပါတယ်။ ကျွန်မကလည်း အမေနားလည်ပေးလို့ သမီး ကောင်းကောင်းမွန်မွန် အလုပ်လုပ်လို့ရတာဆိုပြီး အမြဲယောက္ခမကို ကျေးဇူးတင်မိပါတယ်။ ချွေးမကောင်းဖြစ်ဖို့ ယောက္ခမကောင်းတစ်ယောက် ရှိဖို့ လိုအပ်သလို ယောက္ခမကောင်းတစ်ယောက် ရှိဖို့ ချွေးမကလည်း လိမ္မာသိတတ်ပြီး တိုးတက်ရာ တိုးတက်ကြောင်း အလုပ်လုပ်တတ်ဖို့ လိုအပ်သေးတယ်။ ဆက်ဆံရေးတွေကို နားလည်မှုတွေ၊ ကိုယ်ချင်းစာစိတ်တွေနဲ့ တည်ဆောက်တတ်မယ်ဆိုရင် အဆင်မပြေဘူးဆိုတဲ့ စကားလုံး ကြားတောင် မကြားရတော့ပါဘူး။ #မယ်ညိုစာရိပ်မြုံ #KnowledgeSharing #ဘဝအတွက်စာဖတ်ကြမယ် #BookTok #fypシ
မယ်ညိုစာရိပ်မြုံ
Region: US
Saturday 07 November 2026 02:26:26 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @malnyo90letkyan, please go to the Tikwm
homepage.