@agminmyat1: စဉ်းစားကြည့်ရင်တော့ အချစ်ဆိုတာ အချိန်နဲ့ တိုင်းတာလို့ မရတဲ့ သဘောတရားတစ်ခုပါ။ တချို့က နှစ်နဲ့ချီပြီး စောင့်ဆိုင်းမှ ချစ်မိကြသလို၊ တချို့ကျတော့လည်း တစ်ချက်ကြည့်လိုက်ရုံနဲ့ တစ်ဘဝစာအတွက် လုံလောက်သွားတတ်ကြတယ်။ ဒါပေမဲ့ အဲဒီလို အစောပိုင်း အချိန်တိုလေးအတွင်းမှာ ရလာတဲ့ အချစ်တွေက အတုအယောင်ဖြစ်ဖို့ လွယ်သလို၊ တကယ်စစ်မှန်ခဲ့ရင်တောင် တာရှည်ခံဖို့အတွက် ပိုပြီးတော့ ရုန်းကန်ရတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အချစ်ဆိုတာ ကနဦးမှာ စွဲမက်မှုနဲ့ အထင်ကြီးမှုတွေပေါ်မှာ အခြေခံတတ်လို့ပဲ။ ရက်သတ္တပတ် အနည်းငယ်ဆိုတာ တစ်ဖက်လူရဲ့ ကောင်းကွက်တွေကိုပဲ မြင်တွေ့ရသေးတဲ့ အချိန်ဖြစ်ပြီး၊ အပြစ်အနာအဆာတွေနဲ့ အမှန်တရားတွေကို သေချာ မတွေ့ရသေးဘူး။ အဲဒီလိုအချိန်မှာ ဝင်လာတဲ့ အချစ်ဟာ နှလုံးသားက အားငယ်လွန်းလို့ ဖက်တွယ်စရာ ရှာတာလား၊ ဒါမှမဟုတ် တစ်ဖက်လူရဲ့ သွက်လက်ယဉ်ကျေးမှုတွေကို အမှန်တကယ် ယုံကြည်မိသွားတာလားဆိုတာ ခွဲခြားရ ခက်ပါတယ်။ အပေါစားဆန်တယ်ဆိုတာထက် လူတွေဟာ အချစ်ကို လိုအပ်နေကြလို့ အလွယ်တကူ ယုံကြည်မိကြတာလို့ ဆိုရင် ပိုမှန်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အလွယ်တကူ ရလာတဲ့ အချစ်မှန်သမျှဟာ အလွယ်တကူပဲ ပျောက်ကွယ်သွားတတ်စမြེ။ တကယ်တန်ဖိုးရှိတဲ့ အချစ်ဆိုတာကတော့ အချိန်ရဲ့ စမ်းသပ်မှုကို ခံနိုင်ရည်ရှိပြီး၊ နားလည်မှုတွေနဲ့ တည်ဆောက်ထားမှသာ ရေရှည်ခိုင်မြဲမဲ့အရာပါ။ -အောင်မင်း ကိုယ်တွေကျတော့လဲ သုံးနှစ်သုံးမိုးပါပဲ ကိုယ်ကပဲ ပလီပလာတွေမပြောတတ်လို့လား သူကပဲအမှန်တကယ်မနှစ်သက်လို့လားတော့မသိဘူး…😉 ချစ်တော့လဲစောင့်ရတာပါပဲ #fyp #foryoupage #🤎
𝙰𝙶 𝙼𝙸𝙽 12
Region: MM
Saturday 07 November 2026 09:00:43 GMT
Music
Download
Comments
ခို ခို Htet Myat :
အခုမြင်အခုချစ်မဟုတ်တော့
သေလောက်အောင်ခံရတယ်
2026-11-07 13:07:00
5
Theint🍎 :
စောင့်နေဖို့ဆိုတာကလဲ တစ်ဖက်လူက စောင့်လို့ရမယ့် အခြေအနေရှိအုန်းမှ ကိုယ်ဘယ်လောက်ဘဲစောင့်စောင့် သူကမရောက်လာရင် အလကားဘဲ အချစ်ကိုစောင့်လို့ ဇွဲကောင်းတဲ့ဆုလာဘ်အနေနဲ့ အချစ်ကိုရသွားကြတဲ့သူတွေရှိသလို ဘယ်လောက်ဘဲစောင့်စောင့် မရနိုင်မယ့်သူ တွေလည်းရှိတယ် အဓိကက စောင့်ရမယ့်သူ ကိုယ်စောင့်ချင်တဲ့သူပေါ်မူတည်တယ်
2026-11-07 16:13:41
1
🦕 :
ပုံလေး ယူသုံးပါရစေရှင့်
2026-11-07 15:03:19
1
Nang 🤍 :
ပြတ်တာတစ်ရက်ပဲရှိသေးတယ် ကိုယ့်ကို blk ပြီး အသစ်တန်းရသွားတာ အချစ်ကအာ့လောက်အပေါစားဆန်တာ
2026-11-07 14:43:49
1
Y :
စာသားးယူပါရစေ
2026-11-07 15:32:12
1
Aye Nge :
မှန်၏[Smile]
2026-11-07 14:20:28
1
lonelone :
🥰🥰🥰
2026-11-07 10:43:30
1
To see more videos from user @agminmyat1, please go to the Tikwm
homepage.