@mg.naing3076: #လှိုင်တွင် စစ်မှုထမ်းအတွက် အိမ်ပေါ်တက် လူဆွဲနေသဖြင့် လူငယ်များ ကိုယ့်အိမ်ကိုယ် မအိပ်ရဲ 7 Nov 2026 By Ko Myo MPA ရန်ကုန်မြို့၊လှိုင်မြို့နယ်တွင် စစ်မှုထမ်းအတွက် အိမ်ပေါ်တက် ဖမ်းဆီးနေသဖြင့် လူငယ်များ ကိုယ့် အိမ်ကိုယ် မအိပ်ရဲတော့ကြောင်း သိရသည်။ မကြာမီ လှိုင်မြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြောင်းလဲခန့်အပ်တော့မည်ဖြစ်ရာ နောက်ဆုံးငွေရှာခြင်းအဖြစ် နိုဝင်ဘာ ပထမပတ်မှ စတင်၍ စစ်မှုထမ်းအကျုံးဝင်လူငယ်များအား ညအချိန် အိမ်ပေါ်တက်၍ ဖမ်းဆီးခြင်းကို လက်ရှိရာထူးပြုတ်ကာနီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှုးတို့ ပေါင်းကာ လုပ်ဆောင်နေကြောင်း လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “လှိုင်ထဲက ရပ်ကွက်တိုင်းလိုလို လုပ်နေတာ။ အုပ်ကြီးတွေက ရာထူးပြုတ်တော့မယ်ဆိုတော့ နောက် ဆုံးပိတ် အိတ်နဲ့လွယ်ဆိုတာမျိုး အားကြိုးမာန်တက် ရေခပ်ကြတာ။ လက်ရဲဇက်ရဲရှိတဲ့ အုပ်ကြီးတွေ က ပိုအတင့်ရဲနေကြတယ်။ဘယ်နှစ်ယောက် အိမ်ပေါ်တက်ဆွဲခံရသလဲဆိုတဲ့ စာရင်းအတိအကျ တော့ မသိဘူး”ဟု ၎င်းက MPAသို့ပြောသည်။ နိုဝင်ဘာ၅ရက်၊ ည၁၁နာရီခန့်က လှိုင်မြို့နယ်၊၁၃ရပ်ကွက်၊သစ္စာလမ်းနေ အသက်၂၀ခန့်အရွယ်ရှိ လူငယ်အမျိုးသားကို ၁၃ရပ်ကွက်အုပ်ချုပ်ရေးမှူး ဇော်ထူးနှင့်အဖွဲ့က အိမ်ပေါ်တက်၍ ဖမ်းဆီး သွား သလို ယင်းညမှာပင် ဆေးခန်းသွားသည့် မာလာလမ်းနေ လူငယ်တစ်ဦး ကိုလည်း ပန်းခြံကျောင်း လမ်းပေါ်၌ ဖမ်းဆီးသွားကြောင်း သိရသည်။ “အဲညက ၃ယောက်ပါသွားတယ်။ ပါသွားတဲ့ကောင်လေးတွေက မိသားစု စီးပွားရေးအဆင်မပြေတဲ့ ကလေးတွေ”ဟု အင်းစိန်လမ်းမပေါ်တွင် နေထိုင်သည့် အိမ်ရှင်မတစ်ဦးက ပြောသည်။ ၁၃ရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်ထူးနှင့်အဖွဲ့သည် ရပ်ကွက်အတွင်းရှိ မိသားစုစီးပွားရေးချို့တဲ့သည့် လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးနေကြောင်း သိရသည်။ လှိုင် ၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းမြင့်၊ အုပ်ချုပ်ရေးအဖွဲ့ဝင် အေးမွန်နှင့် ရာအိမ်မှူး ဝက်ကြီး ခေါ် မျိုးမင်းထွန်းတို့အဖွဲ့ကလည်း အုတ်ကျင်းလမ်းမတစ်လျှောက် ည ၆နာရီကတည်းက ချောင်း မြောင်းကာ ဘုရင်နောင်လမ်းမှ အုတ်ကျင်းမှတ်တိုင်၊ ဗဟိုလမ်း အုတ်ကျင်းမှတ်တိုင်၊ မာလာမြိုင် ၆ လမ်းမှတ်တိုင်များတွင် အလုပ်ပြန်လာသည့်လူငယ်များကို စောင့်ဖမ်းနေကြောင်း သိရသည်။ ယခုနိုဝင်ဘာလတွင် လှိုင်မြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်မှုများ ကို စတင်လုပ် ဆောင်လျက်ရှိရာ ပြုတ်တော့မည့် လက်ရှိ အုပ်ကြီးနှင့် လမ်းမှူးများမှာ နောက်ဆုံး ငွေရှာခြင်းအဖြစ် ညတိုင်း လူလိုက်ဖမ်းနေကြောင်း ထို့ကြောင့် ရပ်ကွက်အတွင်းရှိ အသက် ၁၆ နှစ် အထက် သားယောက်ျားရှိသည့်မိဘများက မိမိသားများကို နေရာရွှေ့ပြောင်းအိပ်ခိုင်းရသည်အထိ ဖြစ်နေကြောင်း သိရသည်။ ဓာတ်ပုံ-ပေးပို့ ပုံစာ-လှိုင်မြို့နယ်၊၁၃ရပ်ကွက်၊ ပန်းခြံကျောင်းလမ်း ညမြင်ကွင်းနှင့် ၁၃ရပ်ကွက်အုပ်ကြီး ဇော်ထူး။ #mpa #စစ်မှုထမ်း #လှိုင်
*ZLNZ*🦚🦚🦚
Region: MY
Saturday 07 November 2026 10:50:19 GMT
Music
Download
Comments
KhinAmarChit @ :
ကျမ မောင်လေးတေ့ာပါသွားပီ
2026-11-07 18:17:44
3
Thet Ko Ko Maung :
ဘယ်ရပ်ကွက်လဲ
2026-11-07 15:06:04
3
KoShein :
အမှန်ဘဲ လှိုင်မြို့နယ်တခုဘဲ အဆိုးဆုံးဖစ်နေတာ အထူးသဖြင့် ၁၃ရပ်ကွက်အဆိုးဆုံးဘဲ ဘဝတေက အိမ်ရှိပီးကို့အိမ်ကို မနေရတဲ့ဘဝတေ...
2026-11-07 17:17:12
16
Zay 🙊😝ゼー :
ခုမှရန်ကုန်ကပါကျုပ်တို့ရွာဆိုကောင်လေးတွေပုန်းအိပ်ရတာ
2026-11-07 19:30:48
5
user1568701171381 :
ကျမကလေးက ၅ရက်ညနေကထွက်သွားတာ အခုခိန်ထိအိမ်ပြန်မလာဘာဆက်သွယ်မှမရသေးဘူးရှင် လိူင်မြို့နယ် (၁၀)ရပ်ကွက်၊ဓမ္မရုံလမ်းကပါရှင် ၊😭
2026-11-08 00:56:31
1
kokomin :
စိတ်ဆင်းရဲဖို့ကောင်လိုက်တာ
2026-11-07 14:48:07
3
utinssyxlwj :
ပေါ်တာဆွဲကြမ်း။ သမတကခိုင်းတာလား။ ကာချုပ်ခိုင်းတာလား။
2026-11-08 01:29:50
1
Saw Pa Pa Naing :
မိဘတိုင်းသောကဒုက္ခတွေကင်း ေ၀းကြပါစေ
2026-11-08 06:49:46
0
Ýåîř Ÿìńț :
အမလေးတော်သေးတယ်အာ့ညကပါမသွားတာဥည့်စာရင်းစာအုပ်ကြည့်ပီးပြန်ပေးသွားလို့ 😩😩😩
2026-11-07 16:47:46
0
🇲🇲Kyaw Zin Lin🇲🇾 :
2026-11-07 11:34:45
16
Ei Thinzar Kyaw :
အဲဒါအမှန်တွေနော်
2026-11-07 17:50:29
2
ZarZarSoe :
တကယ်ပြောင်းအိပ်ရင်ယော လာစစ်ရင်ဘယ်လိုပြောရမလဲ😑
2026-11-07 14:58:09
0
The Future :
ဖြစ်ရမယ်လေ
2026-11-07 19:28:47
1
ညိုမာတင် :
စိတ်ဆင်းရဲတာစိတ်မကောင်းဘူးသနားပါတယ်တော်တော်ရက်စက်ကြတယ်
2026-11-08 02:56:43
1
Axy :
အပူတွေပေးနေတာ ... ဒီလိုလူတွေကျ ဒုက္ခမရောက်ဘူးနော် ဘုရားက ပေါ်တာဆွဲခံရတဲ့သူတွေကို အပြစ်ပေးနေတာ
2026-11-07 14:52:48
7
Joker 11:11 :
ကိုယ်မဖြစ်လို့ပြောတာမဟုတ်ဘူးနော် ပိုင်နက်ကျူးလွန်မှု့ဆိုတာရှိတယ် ဝင်လာတဲ့ကောင်မှန်သမျှကြိုက်သလိုစီမံလို့ရတယ်
2026-11-07 17:24:00
2
user800338158001 :
ရပ်ကွက်ညီဘို့လိုတယ်စုစည်းကြပါ
2026-11-07 21:35:52
0
Gemini♊@Lux969♊ :
@KYAW MYO LWIN 🇲🇲🇲🇲🇲🇲
2026-11-07 17:43:02
2
Nwe Nwe :
😭😭😭
2026-11-07 12:25:02
4
Ni Ni Aye :
[ဝမ်းနည်း][ဝမ်းနည်း][ဝမ်းနည်း]
2026-11-07 12:56:40
1
SoeMinAung :
[Innocent][Innocent][Innocent]
2026-11-07 13:57:40
1
user400631011532Me :
😳😳
2026-11-07 15:24:45
0
nilarhtin :
😭😭😭😭😭😭😭😭😭😭😭😭
2026-11-08 03:26:18
0
To see more videos from user @mg.naing3076, please go to the Tikwm
homepage.