@nyo78893: ဘာကိုကြောက်မိသလဲ မေးရင် ကံပါမလာတဲ့အရာတွေ အပေါ် ဇွဲရှိနေမိမှာ ကြောက်တာပဲ ။ လွယ်လွယ်လက်မလျော့ပဲ ခေါင်းမာတတ်တဲ့ကိုယ်က မြတ်နိုးမိတဲ့အရာတစ်ခုကို အမှားအမှန်မသိပဲ စိတ်အား ထက်သန်နေခဲ့မှာကို ကြောက်မိပါတယ် ။ လက်လျော့တာက မကောင်းပေမဲ့ … ကိုယ့်အတွက် ဖြစ် မလာမဲ့အရာအပေါ် ခွန်အားတွေသုံးမိနေတာကို ရပ်တန့် ဖို့လိုမယ် ။ မချစ်ချင်သူက ဘယ်လိုဖြစ်ဖြစ် မချစ်လာမှာမို့ စိတ်ဝင်စားမှုလျော့နည်းသွားသူက ဘယ်လောက် ကြိုးစားပေးပေး စိတ်မလည်လာနိုင်တော့တာမို့ … သဘောမကျသူက မကျမှာပဲမို့ … အလိုက်တသိပဲ ငြိမ် သက်လိုက်တာက ကိုယ့်အတွက် ပို ကောင်းမှာပါ ။ ပြန်မလာချင်သူက ဘယ်လောက်ခေါ်ခေါ်ပြန်မလာ တောမာမိတော့မှာမို့ .. ဆက်မစောင့်တော့ပဲ ကိုယ်တိုင်သာ အနေ ထိုင်တတ်ဖို့ ကြိုးစားရမှာပါ ။ ကိုယ်ဘယ်လောက်ပဲ လိုက်လျောသည်းခံပါစေ .. တချို့ အတွက်က ဘယ်တောမှ မလုံလောက်နိုင်တာမို့ … သူ့ အတွက် Energy တွေ အကုန်မခံတော့ပဲ အရှုံးပေးလိုက် တာက စိတ်အေးချမ်းရမှာပါ ။သေချာပေါက် ဖြစ်မလာ နိုင်မဲ့ … ကြိုးစားသမျှ အရာမထင်မဲ့ ကိုယ့်အတွက် ကံပါ မလာတဲ့ လူ ၊ အလုပ်ကိုင် ၊ ဝါသနာ ၊ နေရာ ၊ ရာထူး စ တာတွေကို ၊ နာကျင်စရာတွေပိုများမလာခင် ရပ်တန်းက ရပ်ပြီး အိမ် ပြန်လိုက်တာက ပိုကောင်းပါတယ် ။ လွန်လေပြီးတဲ့ အချစ် ၊ သံယောဇဉ် နှင့် effort တွေကို သင်ခန်းစာလို့ မှတ်ယူပြီး … ပိုကောင်းမဲ့အရာတစ်ခုကို သာ ထပ်ရွေးချယ်ရမှာပါ ။ ခေါင်းမာတဲ့ ကိုယ်က ကိုယ့်ဘက်မရှိတဲ့သူကို ဆွဲထားခဲ့ဖူးတယ် ။ ကိုယ် လက်လှမ်းမမှီတဲ့အရာကို လိုချင်ခဲ့ဖူးတယ် ။ ကိုယ်နဲ့ကံ မစပ်တဲ့အရာကို စွဲလမ်းခဲ့ဖူးတယ် ။ လက်မလျော့နိုင်ခဲ့ တဲ့ အရာရာအတွက် ကိုယ်ပြန်ရတာ အရှုံးတွေချည်းပါပဲ ဒီနေ့ ဒီအချိန်မှာတော့ … ရင့်ကျက်လာတဲ့စိတ်ကြောင့် ကြောက်တတ်လာတဲ့အရာတစ်ခုကလေ … ကိုယ့် အတွက် ကံပါမလာတဲ့အရာတွေအပေါ် ဇွဲရှိနေမိမှာကိုပဲ။🥀🍂

ညို 🤎
ညို 🤎
Open In TikTok:
Region: SG
Saturday 07 November 2026 11:17:54 GMT
11552
932
8
54

Music

Download

Comments

kyaw.zin0926
𝑲𝒚𝒂𝒘 𝒁𝒊𝒏 𝑳𝒊𝒏𝒏🎱 :
စာသားလေးပေးပါအုံးဗျ🥺
2026-11-07 11:32:15
1
ayeyatewai2
အေးရိပ်ဝေ :
စာသားလေး ကြိုက်မိတယ် တချိန်က ခံစားချက်လေးနဲ့ တိုင်ဆိုင်ခဲ့မိတယ်👍👍👍
2026-11-07 12:34:54
0
kyaw.myo.aung2948
𝐊𝐲𝐚𝐰 𝐌𝐲𝐨 𝐀𝐮𝐧𝐠 :
ဟာ...ထိတယ်ဗျာ စာသားက😞😟
2026-11-07 11:52:26
0
nyein.nan.wai
NYEIN NAN WAI :
အမှန်ပဲ😔😔😔
2026-11-07 11:20:48
0
thuzar.myint83
Thuzar Myint :
စာသားလေးကိုကူးယူခွင့်ပေးပါနော်
2026-11-07 13:53:58
0
nant.thri1
🖤မြောင်းမြသူ🖤🇲🇲 :
🥰
2026-11-07 12:34:18
0
user049048551
NyoNyo✂️✂️🪡🧵👗 :
[Heartwarming][Heartwarming][Heartwarming]
2026-11-07 11:30:40
0
myatminzawofficalacc
ကျေးကို.. :
🥰
2026-11-07 11:21:30
0
may.moe.hein
May🦋 :
🥰
2026-11-07 14:03:27
0
To see more videos from user @nyo78893, please go to the Tikwm homepage.

Other Videos


About