@samiyahmo: Set from @Shellaya Miller | NWI WAXER #bestie #matchingsets #2pieceset

Miyah💕
Miyah💕
Open In TikTok:
Region: US
Saturday 07 November 2026 14:39:35 GMT
390
58
2
0

Music

Download

Comments

samiyahmo
Miyah💕 :
Launching sooonnn yall be ready my sista snapped w these 😻😻😻😻
2026-11-07 14:47:03
0
shellayamiller
Shellaya Miller | NWI WAXER :
POPPED IT FOR SUREEEE😍😍😍
2026-11-08 00:47:31
0
To see more videos from user @samiyahmo, please go to the Tikwm homepage.

Other Videos

အချိန်ကို အကျိုးရှိရှိ သုံးပါ ********************* ဖတ်ကြည့်နော်… အမှန်အတိုင်း ပြောရရင်… ဒီစာဖတ်ပြီး ဝမ်းနည်းလာတယ်။ အားငယ်တာ မဟုတ်ဘူးနော်… ဝမ်းနည်းလာတာပါ။ ( ၁ဝ )စုနှစ် ၄ ကြိမ် ကျော်လို့ နေခဲ့ပြီးပြီ။ ငါ့မှာ( ၁ဝ )နှစ် အစု ( ၃ ) ကြိမ်ပဲ ကျန်ပါတော့လားလို့ တွေးပြီး ဝမ်းနည်းလာတာ။ မသိလိုက်တဲ့ အချိန်တွေကို သတိမထားလိုက်မိဘဲ နှစ်ပေါင်း( ၄၀ )နှစ် ကျော်သွားခဲ့ပြီလေ။ အစု( ၃ )ကြိမ်ဆိုတာကလဲ သက်တမ်းစေ့ နေရပါမှ။ #ဒါကြောင့်… ကျန်တဲ့ နှစ်တွေကို မေ့မထားဘဲ ကျန်တဲ့ ရက်ကလေးတွေ လက်ချိုးရေရင်း အကုသိုလ်ကင်းကင်းနဲ့  ပျော်ရွှင်အောင် နေသွားမယ်လို့။ ဘဝမှာ အကြောက်ဆုံးက… ဝဋ်လည်မှာရယ်  အကုသိုလ်စိတ်ကြောင့် ငရဲကျမှာရယ် အကြောက်ဆုံးပဲ။ အဲဒီအတွက်  ဝစီကံကို အဓိက ထိန်းတယ်။ မနောကံ စိတ်ကမပါပေမယ့် လွှတ်ကနဲ ပြောတတ်တဲ့ ဝစီကံကြောင့်  ဝဋ်ဆိုတာ ကြောက်တယ်။ ဝဋ်ဆိုတာ… အချိန်တန်ရင်  လည်ပြီး ရောက်လာတတ်တာ မဟုတ်လား-? #ကျွန်မတို့ဘဝမှာ… ( ၁ဝ )နှစ်အစု ဘယ်နှစ်ကြိမ်ရကြမလဲ-? ကျွန်မတို့ လူ့သက်တမ်းကို  ပျမ်းမျှ အနှစ်( ၇ဝ )သတ်မှတ်မယ် ဆိုရင်  ကျွန်မတို့ ( ၁၀ )နှစ် ( ၇ )ကြိမ်ပဲ  ရကြမှာပါ။ ပထမ-( ၁ဝ )နှစ်ကတော့… ဘာမှတတ်သိ နားလည်မှု မရှိသေးတဲ့ ကလေးဘဝနဲ့ပဲ အချိန်ကုန်ခဲ့ရတယ်။ ဒုတိယ-( ၁ဝ )နှစ် ကျပြန်တော့… ကျောင်းစာတွေ သင်ကြား လေ့ကျင့်ရင်း  အချိန်ကုန်ခဲ့ကြပြန်ရော။ တတိယ-( ၁ဝ )နှစ်ကျတော့  သင်တန်းတွေ တက်ရင်း  အလုပ်တွေ တစ်ခုပြီးတစ်ခု ပြောင်းလုပ်ရင်း  အချိန်တွေ ကုန်လို့ ကုန်မှန်းမသိ  ဘဝကို ဖြတ်သန်းခဲ့ကြတယ်။ စတုတ္ထ-( ၁ဝ )နှစ်ကျပြန်တော့  စီးပွားရှာ မိသားစုဘဝ တည်ဆောက်ရင်းနဲ့ ပေါ့။ ပဉ္စမ-( ၁ဝ )နှစ်မှာကျတော့  ရှာဖွေစုဆောင်းထားသမျှကို  အသုံးပြုရင်း  တည်မြဲအောင် ထိန်းသိမ်းရင်း  အချိန်တွေ ကုန်သွားပြန်ရော။ ဆဋ္ဌမ-( ၁ဝ )နှစ်ထဲရောက်လာတော့  ကိုယ်ကျန်းမာရေး  စိတ်ကျန်းမာရေးတွေ  ကောင်းမွန်ဖို့အတွက် လုံးပန်းရပြန်တယ်။ နောက်ဆုံး-( ၁ဝ )နှစ်ထဲမှာ ရောက်တော့  အရာရာလွှတ်ချထားခဲ့နိုင်ဖို့ ကြိုးစားရင်း  လာလမ်းအတိုင်း ပြန်ဖို့အချိန်ကို  စောင့်ဆိုင်းကြရတယ်။ ( ဒါတွေဟာ ယေဘုယျအားဖြင့်ပါ )  ကျွန်မတို့ ဖြတ်သန်းပြီးခဲ့တဲ့ အချိန်တွေကို  သေချာ ပြန်စဉ်းစားကြည့်ပါ။  ၁၀နှစ် တစ်စုချင်းစီက  ကုန်ဆုံးသွားလိုက်တာ အလွန် မြန်ဆန်လွန်းလို့ မျက်လှည့်ပြလိုက်သလိုပါပဲ။ သိပ်မကြာခင်အချိန်မှာဘဲ ကျွန်မတို့ လက်ရှိ( ၁ဝ )နှစ်အပိုင်းအခြားလေးက  ကုန်ဆုံးသွားတော့မယ်။ ကျွန်မတို့  လုပ်ဆောင်ပြီးခဲ့တာတွေလည်း  အများကြီး ရှိသလို  မလုပ်ရသေးတာတွေလည်း  အများကြီးကျန်နေသေးတယ်။ ကျွန်မတို့ရဲ့ အချိန်တွေကို  ကိုယ်လိုချင်တဲ့ အရာဝတ္ထုတွေနဲ့  လဲလှယ်ခဲ့ကြတယ်။  ကျွန်မတို့ရဲ့ အချိန်တွေကို  အလုပ်တွေနဲ့ သွားလဲခဲ့ကြတယ်။ ကျွန်မတို့ရဲ့ အချိန်တွေကို  ငွေတွေနဲ့ သွားလဲခဲ့ကြတယ်။ ဒါပေမဲ့… ကျွန်မတို့တွေ ငွေနဲ့  ကုန်သွားတဲ့ အချိန်တွေကို  ပြန်ဝယ်လို့ မရတော့ဘူး။ အချိန်ဘဏ်တိုက်ဆိုတာ  မရှိတဲ့အတွက်  ကျွန်မတို့မှာ နောက်ထပ်သုံးဖို့ အချိန်တွေ  ဘယ်လောက်ကျန်သေးလဲ ဆိုတာ  ပြန်စစ်ဖို့  အချိန်စုစာအုပ် မရှိကြဘူး။ ကျွန်မတို့ သိနိုင်တာတစ်ခုက  ကျွန်မတို့ ( ၁ဝ )နှစ်အစုတွေ ဘယ်နှစ်ကြိမ် ထုတ်သုံးခဲ့ကြပြီလဲ။ ကျန်နေသေးတဲ့ ( ၁ဝ )နှစ်အစု အချိန်တွေကို  အကုန်ပြည့်အောင်  သုံးခွင့်ရပါ့မလားဆိုတာကိုတော့  ဘယ်သူမှ မသိနိုင်ပါဘူး။ ကျွန်မတို့ သုံးပြီးခဲ့တဲ့ ဆယ်နှစ်အစုတွေ အတွက်ကရော  တန်ခဲ့ကြရဲ့လား-? နောက်ပြန် လှည့်ကြည့်မိတဲ့ အခါတိုင်းမှာ  ပြန်နှမြောနေစရာ မလိုအောင် အကျိုးရှိရှိ အသုံးချခဲ့ကြရဲ့လား-? ပြောချင်တာက… လက်ရှိပစ္စုပ္ပန် ( ၁၀ )နှစ်အစုကို အကျိုးရှိရှိ အသုံးချကြရအောင်။ မဖျားနာသေးပေမယ့် ကြိုတင် ကာကွယ်ထားပါ။ မဆာသေးဘူးဆိုပေမယ့် ရေများများ သောက်ပေးပါ။ ဘဝက အလွန်ရှုပ်ထွေးနေတယ် ဆိုရင်… လွှတ်ချသင့်တာ လွှတ်ချထားခဲ့ပါ။ ပတ်သက်ဖို့  အကြောင်းတရား ရှိနေသေးတယ်  ဆိုရင်လည်း အလျှော့ပေး ဆက်ဆံလိုက်ပါ။ ရာထူးအာဏာရှိတယ်ဆိုရင်တောင်  ကိုယ့်ကိုယ်ကို နှိမ့်ချပါ။ လူက မပင်ပန်းဘူးဆိုရင်တောင်  စိတ်ကိုတော့ အနားပေးလိုက်ပါ။ မချမ်းသာသေးဘူးဆိုပေမယ့်  ရှိတာနဲ့ တင်းတိမ် ရောင့်ရဲပါ။ အလုပ်တွေ ဘယ်လောက်များများ  မိသားစုနဲ့ အပန်းဖြေလိုက်ပါ။ စားချင်တာရှိရင် စားပါ။  လည်ပတ်ချင်ရင် လည်ပတ်လိုက်ပါ။ စိတ်ဆင်းရဲစရာ  စိတ်မချမ်းသာစရာတွေကို သိပ်များများ မထားပါနဲ့။  ပျော်ပျော်ရွှင်ရွှင်သာ နေပါ။ လက်တွဲခွင့်ရတုန်း  တွေ့ဆုံခွင့်ရကြတုန်း အပေါင်းအသင်းတွေနဲ့  ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင်  ပွင့်ပွင့်လင်းလင်း နေလိုက်ပါ။ တစ်ယောက်နဲ့ တစ်ယောက်  ဖက်ထားလို့ ရနေသေးချိန်မှာ  အားရပါးရ ဖက်ထားလိုက်ပါ။ အမေ အဖေ ညီအစ်ကို မောင်နှမ  သူငယ်ချင်း ချစ်သူ ဇနီး ခင်ပွန်း  စတဲ့  ရောက်ရာတာဝန်တွေမှာ  အကောင်းဆုံးဖြစ်အောင် နေလိုက်ပါ။ အတူတူရှိနေကြတုန်းမှာ  ဘာ အကြောင်းကြောင့်ပဲဖြစ်ဖြစ်  လွယ်လွယ်နဲ့ မမုန်းတီးကြပါနဲ့။ အာဃာတ မထားကြပါနဲ့။ အရေးအကြီးဆုံးကတော့… ဘဝကို  ကိုယ်က အသုံးချတဲ့သူဖြစ်နေပါစေ။  ဘဝက ကိုယ့်ကိုပြန်အသုံးချပြီး  ဒီအတိုင်း သေဆုံးသွားရတာမျိုး မဖြစ်ပါစေနဲ့။ Credit- မေတ္တာဖြင့်… အရှင်ပုည( ဝကုန်း ) မဟာအောင်မြေကျောင်းတိုက် နေပြည်တော် တပ်ကုန်းမြို့ @daw san mya oo

About