@kaw.a.w: ဗလင်စီယာ ၀ - ၃ ရီးရဲလ်မက်ဒရစ် FullTime မက်စတာယာမှာ အာဏာပြခဲ့တဲ့ မော်ရင်ဟိုရဲ့ ရီးရဲလ်မက်ဒရစ် ၈ ပွဲဆက်တိုက် အနိုင်ရလဒ်နဲ့ လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီ။ မက်စတာယာကွင်းဟာ ဘယ်အသင်းအတွက်မဆို လာရောက်ကစားဖို့ မလွယ်ကူတဲ့ ကွင်းတစ်ကွင်းပါ။ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ကတော့ အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ယူပြီး အဖိုးတန် ၃ မှတ်ကို ရယူသွားခဲ့ပါတယ်။ ဒီပွဲမှာ ရလဒ်ကောင်းတစ်ခုထက် ပိုပြီး ဝမ်းသာစရာကောင်းတာက အသင်းရဲ့ ကစားပုံနဲ့ စိတ်ဓာတ်ပါပဲ။ ခံစစ်ပိုင်းမှာ ပိုမိုကျစ်လျစ်လာတယ်၊ ကွင်းထဲမှာ ယုံကြည်မှုရှိလာတယ်။ အသင်းတစ်သင်းအနေနဲ့ ဘာလုပ်ရမယ်ဆိုတာကို ပိုမိုနားလည်လာကြတဲ့ပုံစံကို မြင်တွေ့နေရပါပြီ။ မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်မှာ တစ်စုံတစ်ခုကို တည်ဆောက်နေပါပြီ။ ပွဲစဉ်တစ်ပွဲပြီးတစ်ပွဲ အသင်းရဲ့ ယုံကြည်မှု၊ တည်ငြိမ်မှုနဲ့ အနိုင်ရလိုစိတ်တွေ ပိုမိုအားကောင်းလာနေပါတယ်။ အရေးကြီးဆုံးကတော့ ကစားသမားတွေဟာ အသင်းအတွက် အတူတကွ တိုက်ပွဲဝင်နေကြတာပါပဲ။ ဒါဟာ မက်ဒရစ်စတာတွေ အချိန်အတော်ကြာ စောင့်မျှော်ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ အသွင်အပြင်တစ်ခုပါ။ အခုတော့ နိုင်ငံတကာပွဲစဉ်နားရက်ကို အမှတ်ပေးဇယားထိပ်ဆုံးကနေ အပြုံးတွေနဲ့ ဖြတ်သန်းနိုင်ပါပြီ။ နားရက်အပြီးမှာလည်း ဒီခြေစွမ်း၊ ဒီစိတ်ဓာတ်နဲ့အတူ ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ #realmadrid #madrid #madridistas Madridista Arakannese Real Madrid C.F.

Madridista Arakannese
Madridista Arakannese
Open In TikTok:
Region: MY
Saturday 07 November 2026 22:12:46 GMT
218
18
1
0

Music

Download

Comments

mr.ball011
🔥A97🔥( Black Dragon ) :
Viniပွဲပယ်နေလို့တော်သေးတာ😁 Dioကတော်တော်ကောင်းတာပဲ နောက်ပီး အရေးကြီးပွဲဆို Silvaကို ပဲ ထုတ်သုံးတာ Gullerကတော်တော်ကောင်း ကြည့်ကောင်းချက်ဟေ့ အိပ်ရေးပျက်ရကျိုးနပ်ပီ
2026-11-07 22:39:11
0
To see more videos from user @kaw.a.w, please go to the Tikwm homepage.

Other Videos


About