@barsi579: 💔 #မယူသင့်တဲ့ယောက်ျား (၈) မျိုး 💔 { #လင်မွဲ } ဘယ်လောက်ပဲချစ်ချစ် စီးပွားရေး အသိတရားမရှိဘူးဆိုရင် အိမ်ထောင်ရေးဟာ ရေမရှိတဲ့အိုင်မှာ နေရတဲ့ငါးလိုပဲ ပူလောင်ခြောက်သွေ့လွန်းပါတယ်။ ဒါ့ကြောင့်...မွဲတဲ့ယောက်ျား မယူလေနဲ့။ { #လင်နာ } မင်္ဂလာဦးညကစလို့ ဖြစ်လိုက်တဲ့ရောဂါ ကြီးသေးပေါင်းစုံ၊ ပိုးမွေးသလို မွေးနေရမယ့် ကိုချူချာ၊ ကုလိုက်ရတဲ့ဆေး၊ ရှိသမျှ အကုန်ပြောင်။ အကျိုးစီးပွား တိုးတက်ရာလမ်းမမြင် ဆုတ်ယုတ်ရန်သာရှိ မယူလေနဲ့အမိ။ { #လင်အရက်သမား_လင်သူရာကြိုက်) } အရက်သေစာ၊ ယခုခေတ်တော့ မူးယစ်ဆေးသောက်စား မူးယစ်တတ်တဲ့ယောက်ျား မိတ်ကောင်းဆွေ ကောင်းမရှိ၊ ဂုဏ်သိက္ခာကင်းမဲ့၊ ကျော်စောမှုနတ္ထိ၊ စီးပွားဥစ္စာပျက်ပြား။ ကိုယ့်လက်ထဲရောက်မှ ပြုပြင်ပါ့မယ်၊ ကိုယ်ကိုင်တွယ်ပါ့မယ်လို့ မတွေးနဲ့။ ကတိတွေအထပ်ထပ်ပေးလည်း မယုံလိုက်လေနဲ့။ လျှာမှာ အရိုးမရှိ။ အလကား ခွေးမြီးကောက် ကျည်တောက်စွပ်ပဲ။ { #လင်မိုက်_လင်ရမ်းကား) } ထစ်ခနဲရှိ ဆဲရေး၊ ပေးစား၊ အိုးခွက်ပန်းကန်မကျန် ကုန်အောင်ရိုက်ခွဲ။ ခြေပါလက်ပါ ရမ်းကား ယူမိရင် '' မျက်ရည်နဲ့ဒူးနဲ့ ဝမ်းဆက်ဖြစ်လိမ့်မယ်။ { } အစစအရာရာ မိန်းမကသာ ဦးဆောင်ရတယ်။ အစပိုင်းတော့ မိုက်တယ်။ ချစ်လို့ပဲ ဦးစားပေးသယောင်ယောင်၊ သာယာစရာလိုလို ဘာလိုလို။ ကိုယ်ပိုင်ရပ်တည်ချက် မရှိ။ ကိုယ်ပိုင်အစွမ်းအစ မရှိ။ နွားများလို သူများခိုင်းတာ နားစွင့်ပြီး လုပ်တတ်တဲ့ယောက်ျား။ လင်ရုပ်သေး ဝေးဝေးကသာ ရှောင်။ { } သေချာတယ် ချစ်သူဘဝမှာက တည်းက ထမင်းတောင်ခွံ့ ကျွေးရလိမ့်မယ်။ မိခင်စိတ်ရှိတတ်တဲ့ မိန်းကလေးတွေအဖို့ သေဘက်စရာပဲ။ ဒီလိုအစား ကြာကြာဝါးမှ ခါးမှန်းသိမယ်။ မိတ်ဆွေကောင်းမရှိ။ အပျင်းထူအရေထွက် စီးပွားမတက်။ { } အိုတဲ့ယောက်ျား သူများအတွက်ရော၊ မိန်းမအတွက်ရော ဘယ်နေရာများ အသုံးတဲ့တာရှိသတုန်း။ သဝန်တိုတတ်တာ နှစ်ယောက်မရှိ ။ သူမစွမ်းတာ သူသိတိုင်း လူတစ်ကာနဲ့ပေးစား။ စိတ်ကိုမီးလိုပူစေတဲ့ ယောက်ျား ဝေးရာကရှားလော့ ချစ်သမီး။ { } ဘယ်လောက်ပဲ... ကောင်းအောင် လုပ်ပေးပေး ကျေးဇူးတရားကိုမသိ၊ အဆိုးအပြစ်သာ မြင်တတ်ပြောတတ်တဲ့ ယောက်ျား။ အပြုသဘောမဆောင် အပျက်သဘော၊ အဖျက်သဘောသာရှိတဲ့ ယောက်ျား အလကားပဲ ။ ( ) လင်သူရာကြိုက် လင်မိုက် လင်ဖျင်း လင်ပျင်း လင်အို အလိုမဖြည့် မပြည့်ဆန္ဒ ရှိတုံကလျှင် မိန်းမဟူသည် ဤရှစ်မည်ကြောင့် မကြည်မသာ အနာတရ ရှိတတ်စွရှင်။....။ ( မဃဒေဝ ကျမ်းမှ ) အနာတရ=မထီမဲ့မြင် လေးစားစွာဖြင့်မူရင်းရေးသားသူကို credit ပေးပါသည် ❤️💖❤️✍️📚🏆🫡

🇺🇸 Bar si မောင်ဟန်ထွန်း♓️
🇺🇸 Bar si မောင်ဟန်ထွန်း♓️
Open In TikTok:
Region: US
Sunday 08 November 2026 01:55:56 GMT
130
8
2
1

Music

Download

Comments

tintinhtwe0190
Tin Tin (ဆြာမဂျီး) :
❤️‍🩹❤️‍🩹❤️‍🩹❤️‍🩹❤️‍🩹
2026-11-08 02:56:05
1
To see more videos from user @barsi579, please go to the Tikwm homepage.

Other Videos


About