@user4637233736594:

chamsuhuni
chamsuhuni
Open In TikTok:
Region: KE
Sunday 08 November 2026 04:00:23 GMT
158
26
1
2

Music

Download

Comments

izooo203
izooo :
congratulations 👏
2026-11-08 06:12:13
1
To see more videos from user @user4637233736594, please go to the Tikwm homepage.

Other Videos

ဦးသန်းရွှေဟာ ဦးနေဝင်းရဲ့ အစီအမံ နဲ့ ရှေ့က စီနီယာ တိုင်းမှူးများကို ကျော်ဖြတ်ကာ ထိပ်ဆုံးကို ရောက်ခဲ့ရပါတယ် ။ ဦးသန်းရွှေဟာ ဦးနေဝင်းရဲ့ လွှမ်းမိုးမှုအောက်မှာ ၄ နှစ်ခန့် နေလာပြီး သူ့ဩဇာအာဏာကို ခိုင်မာအောင် တည်ဆောက်ခဲ့ပါတယ် ။      ၁၉၉၆ နှစ်ကုန်ခါနီးမှာတော့  ဦးသန်းရွှေဟာ ဦးနေဝင်းရဲ့ လွှမ်းမိုးမှု လောင်းရိပ်ကို စတင်ဖယ်ရှားစပြုလာပါတယ် ။ ဦးနေဝင်းရဲ့ ဩဇာကို ၁၀၀% တွန်းလှန်လိုက်ကြောင်းကိုတော့ ၁၉၉၇ မှာ ထင်ရှားစွာ ပြခဲ့ပါတယ် ။       ၁၉၉၇ မှာ အင်ဒိုသမ္မတ. ဆူဟာတိုရဲ့ ပုဂ္ဂလိကဖိတ်ကြားချက် အရလည်းကောင်း ၊ စင်္ကာပူသို့ ဆေးစစ်ရန်အတွက်လည်းကောင်း ဦနေဝင်းတယောက် ပြည်ပခရီးထွက်ဖို့ ကိစ္စရှိလာပါတယ် ။       အဲဒီ ပြည်ပထွက်ခွင့်ကို ဦးသန်းရွှေ ခွင့်မပြုလို့ ၅ ကြိမ်အထိ  တင်ပြခဲ့ပြီးမှ သွားခွင့်ပြုလိုက်ပါတယ် ။ ဒါဟာ နဂါးမှန်းသိအောင် အမောက်ထောင်ပြခြင်း ဖြစ်သလို ဦးနေဝင်းလည်း သူမွေးတဲ့မျောက်က သူ့ပြန်ခြောက်တာ ခံရတာပါပဲ ။       အင်ဒိုနီးရှားဟာ ဒတ်ချ် တို့ထံမှ လွတ်လပ်ပြီးနောက် ၁၉၄၉ မှာ မြန်မာနဲ့ သံအဆက်အသွယ် ရှိပေမယ့် နိုင်ငံရေး စီးပွားရေး အဆက်အဆံ မရှိခဲ့ပါဘူး ။  အင်ဒို၌ ၁၉၆၅ စက်တင်ဘာ လှုပ်ရှားမှု ( တပ်တွင်းက ကွန်မြူနစ်ပါတ်သပ်တဲ့ ဗိုလ်ချုပ်ကြီး ၆ ယောက်ကို သေဒဏ်ပေးခဲ့ပြီး ကွန်မြူနစ် ၅ သိန်း မှ တသန်း ကြား သတ်ပစ်ခဲ့တဲ့ ဖြိုခွဲမှု) အပြီး ၁၉၆၇ မှာ အာဏာသိမ်းမှု ဖြစ်ခဲ့ပါတယ် ။      အာဏာသိမ်းခေါင်းဆောင် ဆူဟာတိုရဲ့ Ideology များဟာ ဦးနေဝင်းနဲ့ တူနေပြီး သူတို့ရဲ့ နိုင်ငံရေး ဖြတ်သန်းမှုပုံစံကလည်း ထပ်တူကျနေလို့ အကိုကြီး ညီလေး ဆက်ဆံရေး စတင်လာပါတယ် ။      ဦးနေဝင်းက အသက် ၉ နှစ်ကြီးပြီး အာဏာသိမ်းသက်တမ်း ၅ နှစ်စောခဲ့တော့ အကိုကြီး ပေါ့ဗျာ ။ ဦးနေဝင်းက ပြည်သူပိုင်သိမ်းခဲ့ပေမယ့် ဆူဟာတိုက မသိမ်းပါဘူး ။  New Order လို့ခေါ်တဲ့ အစီအစဉ်အသစ်နဲ့ ရေနံလုပ်ငန်းကို ဖွံ့ဖြိုးဖို့ ကြိုးစားခဲ့ပါတယ် ။ (သမ္မတဟောင်း ဆူကာနို ရဲ့ လမ်းစဉ်ကို Old Order လို့ ခေါ်ပါတယ်)      ၂၄-၁၀-၁၉၆၄ ကတည်းက ထူထောင်ခဲ့ Golkar ပါတီမှာ ဆူဟာတိုလည်း ပါတီဝင်ဖြစ်ခဲ့ပါတယ် ။ ဦးနေဝင်းရဲ့ လမ်းညွှန်မှုနဲ့ ဗိုလ်ချုပ်ခင်ညွှန့်   ဦးဆောင်ပြီး နဝတ အဖွဲ့ဝင်တွေ Golkar ပါတီဥက္ကဌထံ ၁၉၉၃ မှာ အလည်လာကြပါတယ် ။      အဲဒီက ပြန်လာပြီး နဝတဟာ ကြံ့ခိုင်ရေး အသင်း ထူထောင်ခဲ့ပါတယ် ။ Golkar ပါတီရဲ့ ဆောင်ပုဒ် Golkar's voice is people's voice ဆိုတာလည်း နောင်တချိန် မြန်မာ့လွှတ်တော် ရဲ့ လွှတ်တော်အသံ ပြည်သူ့အသံဆိုပြီး ဖြစ်လာရပါတော့တယ် ။        ဆူဟာတို အာဏာသိမ်းပြီးနောက် လှို့ဝှက် ပုလိပ်အဖွဲ့များ ဖွဲ့ပြီးနောက် အာဏာခိုင်မာအောင် တည်ဆောက်ဖို့ ထောက်လှမ်းရေးကွန်ယက်ဖြန့်ပြီး အုပ်ချုပ်နေတဲ့ ဦးနေဝင်းက ဆူဟာတိုကို အကြံပေးခဲ့ပါတယ် ။ ထို့အတူ ဆူဟာတိုထံမှ ပညာယူရန် ဦးခင်ညွှန့်အား အင်ဒိုသို့ သွားစေခဲ့တဲ့ ဦးနေဝင်းကြောင့် ကြံ့ခိုင်ရေး အသင်း ပေါ်လာရတာလည်း အရှိတရားပါပဲ ။       အဲလိုနဲ့ ကိုယ်မွေးတဲ့မျောက် ပြန်အခြောက်ခံရတဲ့ ဦးနေဝင်းဟာ ဆူဟာတိုဆီ သွားခွင့်ရဖို့ ၅ ကြိမ်တိတိ ခက်ခဲစွာ ကြိုးပမ်းမှ မီးစိမ်းပြခဲ့ပါတယ် ။      ၂၃-၉-၁၉၉၇ မှာ အင်ဒိုက အကြိုထောက်တဲ့ စင်းလုံးငှား အထူးလေယာဉ်ပေါ်ကို ဦးနေဝင်း ၊ ဒေါ်ခင်စန္ဒာဝင်း ၊ ဗိုလ်မှူးဘိုဘို ၊ ဗိုလ်ကြီးသိန်းလှိုင် နဲ့ ထောက်လှမ်းရေးတပ်ကြပ် တဦး အပါအဝင် လူ ၅ ဟာ တက်ရောက်ခဲ့ပြီး ဂျကာတာကို ထွက်ခွာခဲ့ကြပါတယ် ။       ညနေစောင်းမှာ ဂျကာတာလေဆိပ်ဆင်းတော့ အင်ဒို သမ္မတ ဆူဟာတို ကိုယ်တိုင် ဆင်းကြိုနေပြီး အာဏာလက်လွှတ် ငှက်တောက်ကျွတ်ဖြစ်နေရှာသူ ဦးနေဝင်းကို အကိုကြီး လို့ အားပါးတရခေါ်ပြီး ဖက်ကင်းတလှဲ အားပါးတရ ကြိုဆိုရှာပါတယ်။ (စာလုံးရေကန့်သပ်ချက်ကြောင့်(  ၁၀-ခ )တွင်ဆက်လက်ဖတ်ရှုပါရန်)#tiktokmyanmar🇲🇲 #ခွန်အားရှိသောစာတ်ိုများ💙 #creatorsearchinsights #အစိမ်းရောင်နယ်မြေ💚💚💚💚💚

About