@uan18277ucy:

Kamiya
Kamiya
Open In TikTok:
Region: US
Sunday 08 November 2026 07:36:23 GMT
1765
53
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @uan18277ucy, please go to the Tikwm homepage.

Other Videos

မေတ္တာသုတ်ဟာ အလွန်မွန်မြတ်ကြောင်း အခု သိခဲ့ရပါပြီး။ ၁။ ကရဏီယမတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။  ငြိမ်းချမ်းခြင်း (နိဗ္ဗာန်) ကို ရောက်လိုသူသည် စွမ်းဆောင်နိုင်သူ၊ ဖြောင့်မတ်သူ၊ နူးညံ့သိမ်မွေ့သူ၊ ဆုံးမလွယ်သူ၊ မာန်မာန မရှိသူ ဖြစ်ရမည်။ ၂။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။ သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသု အနနုဂိဒ္ဓေါ။ ရောင့်ရဲတတ်သူ၊ ရိုးရှင်းစွာ နေထိုင်သူ၊ အလုပ်ရှုပ်နည်းသူ၊ ဣန္ဒြေစောင့်ထိန်းသူ၊ ပညာရှိသူ၊ မရိုင်းပျသူ၊ လောဘမကြီးသူ ဖြစ်ရမည်။ ၃။ န စ ခုဒ္ဒံ သမာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ။ သုခိနော ဝါ ခေမိနော ဟောန္တု၊ သဗ္ဗေ သတ္တာ ဘဝန္တု သုခိတတ္တာ။  ပညာရှိသူများ အပြစ်တင်ရမည့် အပြုအမူ အသေးအဖွဲကိုပင် မပြုလုပ်သင့်ပါ။ သတ္တဝါအပေါင်းတို့ ဘေးကင်း၍ ကိုယ်စိတ်ချမ်းသာကြပါစေဟု မေတ္တာပို့ရမည်။ ၄။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာ ဝါ အနဝသေသာ။ ဒီဃာ ဝါ ယေ ဝ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။ အသက်ရှိသော သတ္တဝါအားလုံး၊ အားကြီးသူ၊ အားနည်းသူ၊ ကြီးသူ၊ ငယ်သူ၊ ရှည်သူ၊ တိုသူ၊ မြင်ရသူ၊ မမြင်ရသူ စသည့် သတ္တဝါအားလုံး ချမ်းသာကြပါစေ။ ၅။ ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ၊ ယေ ဝ ဒူရေ ဝသန္တိ အဝိဒူရေ။ ဘူတာ ဝ သမ္ဘဝေသီ ဝါ၊ သဗ္ဗေ သတ္တာ ဘဝန္တု သုခိတတ္တာ။ အနီးမှာရှိသူ၊ အဝေးမှာရှိသူ၊ မွေးဖွားပြီးသူ၊ မွေးဖွားရန်ရှိသူ စသည့် သတ္တဝါအားလုံး ချမ်းသာကြပါစေ။ ၆။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ နံ ကဉ္စိ။ ဗျာရောသနာ ပဋိဃသညာ၊ နာညမညဿ ဒုက္ခမိစ္ဆေယျ။ တစ်ယောက်နှင့်တစ်ယောက် မလှည့်ဖြားရ၊ မထီမဲ့မြင် မပြုရ၊ ဒေါသကြောင့် သူတစ်ပါးကို ဒုက္ခရောက်စေလိုသော စိတ် မထားရ။ ၇။ မာတာ ယထာ နိယံ ပုတ္တံ၊ အာယုသာ ဧကပုတ္တမနုရက္ခေ။ ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။ မိခင်တစ်ဦးသည် မိမိ၏ တစ်ဦးတည်းသော သားကို အသက်နှင့်ရင်းကာ  ကာကွယ်သကဲ့သို့ သတ္တဝါအားလုံးအပေါ် အကန့်အသတ်မရှိသော မေတ္တာစိတ်ကို မွေးမြူရမည်။ ၈။ မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရံ အသပတ္တံ။ လောကတစ်ခွင်လုံးရှိ သတ္တဝါအားလုံးအပေါ် အရပ်‌လေးမျက်နှာအားလုံးသို့ ရန်ငြိုးမရှိ၊ အမုန်းမရှိသော မေတ္တာစိတ်ကို ဖြန့်ဝေရမည်။ ၉။ တိဋ္ဌံ စရံ နိသိန္နော ဝါ၊ သယာနော ဝါ ယာဝတဿ ဝိဂတမိဒ္ဓေါ။ ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မမေတံ ဝိဟာရံ ဣဓမာဟု။ ရပ်နေစဉ်၊ သွားနေစဉ်၊ ထိုင်နေစဉ်၊ အိပ်နေစဉ် အိပ်မပျော်သေးသမျှ အချိန်တိုင်း မေတ္တာစိတ်ကို အမြဲထားရှိရမည်။ ထိုသို့ နေထိုင်ခြင်းကို မြင့်မြတ်သော နေထိုင်မှုပုံစံဟု ခေါ်သည်။ ၁၀။ ဋ္ဌိဉ္စ အနုပဂမ္မ သီလဝါ၊ ဒဿနေန သမ္ပန္နော။ ကာမေသု ဝိနေယျ ဂေဓံ၊ န ဟိ ဇာတု ဂဗ္ဘသေယျံ ပုနရေတီတိ။ � မှားယွင်းသော အယူအဆများကို မစွဲလမ်းဘဲ၊ သီလရှိ၍ တရားကို မှန်ကန်စွာ သိမြင်ပြီး၊ ကာမဂုဏ်တပ်မက်မှုကို ပယ်ရှားနိုင်သူသည် ဒုက္ခဖြစ်စေသော မွေးဖွားခြင်းသံသရာသို့ ထပ်မံ မရောက်တော့ပါ။ လွတ်လပ်စွာ ရှယ်နိုင်ပါတယ်။ပြန်ယူသုံးနိုင်ပါတယ်။ မြတ်ဗုဒ္ဓ၏ တရား လူအများ ပိုင်ဆိုင်ပါတယ်။ သိလွယ် တက်လွယ် လေ့ကျင့်လွယ် ကောင်းသောအတွေးတွေ ပိုင်ဆိုင်ကြပါစေခဗျ။

About