@mai.ngo.pan.mai.n: ဆာ အဲလက်စ် ဖာဂူဆန်ရဲ့ နှစ် (၄၀) ပြည့် အထိမ်းအမှတ်အဖြစ် အိုးထရက်ဖို့ဒ်မှာ ပြန်လည်ဆုံစည်းခဲ့ကြတဲ့ ယူနိုက်တက် ဂန္ထဝင်များ မန်ချက်စတာ ယူနိုက်တက်အသင်းကို ကမ္ဘာ့အအောင်မြင်ဆုံး အသင်းကြီးတစ်သင်း ဖြစ်လာအောင် တည်ဆောက်ပေးခဲ့တဲ့ ဂန္ထဝင်နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန်ဟာ အသင်းကို စတင်ကိုင်တွယ်ခဲ့တာ နှစ်ပေါင်း (၄၀) တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီသမိုင်းဝင် နှစ် (၄၀) ပြည့် အထိမ်းအမှတ် အထူးညချမ်းလေးကို ဂုဏ်ပြုဖို့အတွက် ဖာဂူဆန်ရဲ့ တပည့်ဟောင်းကြီးတွေဖြစ်တဲ့ ယူနိုက်တက် ဂန္ထဝင်ကစားသမားကြီးတွေဟာ အိုးထရက်ဖို့ဒ်ကွင်းကြီးမှာ အတူတကွ ပြန်လည်ဆုံစည်းခဲ့ကြပါတယ်။ ဗန်ဒါဆား၊ ရွိုင်ကိန်း၊ ဂယ်ရီနဗီးလ်၊ ကာရစ် အစရှိတဲ့ ကစားသမားဟောင်းကြီးတွေဟာ အသင်းဖော်ဟောင်းတွေနဲ့ ရှေးဟောင်းနှောင်းဖြစ် အမှတ်တရတွေ ပြန်ပြောင်းပြောဆိုခဲ့ကြသလို၊ ယူနိုက်တက်မှာ ဖာဂီချန်ထားရစ်ခဲ့တဲ့ ခမ်းနားလှတဲ့ အောင်မြင်မှု အမွေအနှစ်တွေကို ဂုဏ်ပြုပြောကြားတဲ့ မိန့်ခွန်းတွေကို နားထောင်ရင်း ကြည်နူးဖွယ်ရာ ညချမ်းလေးကို ဖြတ်သန်းခဲ့ကြတာပါ။ ဒီဓာတ်ပုံလေးတွေကို မြင်ရတာ ယူနိုက်တက်ပရိသတ်တွေအတွက်တော့ ရွှေရောင်လွှမ်းခဲ့တဲ့ အတိတ်နေ့ရက်တွေကို တကယ်ပဲ လွမ်းဆွတ်မိစေမှာ အသေအချာပါပဲဗျာ #ballmyanmar #ferguson #manutd #manchesterunited
BLACK Boy
Region: US
Sunday 08 November 2026 14:13:18 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @mai.ngo.pan.mai.n, please go to the Tikwm
homepage.